သမိုင်းတစ်ပတ်လည်ပုံက လွတ်လပ်ရေးတိုက်ပွဲဝင် ၁၉၄၇ဖွဲ့စည်းပုံကို ဦးရာရှစ်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်စားလည်တစ်ဦးအဖြစ် ဦးဆောင်ပါဝင် ရေးဆွဲခဲ့တာပါ။ မြန်မာမွတ်စလင် တိုင်းပြုပြည်ပြု လွှတ်တော်အမတ်တွေ အများအပြားနဲ့ ရိုဟင်ဂျာအမတ် နှစ်ယောက်လည်း ပါဝင်ရေးဆွဲခဲ့ပါတယ်။
တကသ ဖွဲ့စည်းပုံကို မြန်မာမွတ်စလင် ကောလိပ်ကျောင်းသား ဦးကျော်ခင်နှင့် ဗကသဖွဲ့စည်းပုံကို ဦးရာရှစ်တို့က ဦးစီးဦးဆောင်ပြုပြီး ရေးဆွဲခဲ့ပြန်ပါတယ်။ ပထမဆုံး တကသဥက္ကဌနဲ့ ဗကသဥက္ကဌ နှစ်ဦးလုံးကလည်း မြန်မာမွတ်စလင်တွေ ဖြစ်ပြန်ပါတယ်။
ဆရာစံ တောင်သူလယ်သမားအရေးကိုဘဲဖြစ်ဖြစ်၊ သခင်ဖိုးလှကြီးတို့ခေတ် အလုပ်သမားရေးတွေဘဲဖြစ်ဖြစ် မြန်မာမွတ်စလင် မပေးဆပ်ခဲ့တဲ့နေရာ မြန်မာ့သမိုင်းမှာ တစ်ကွက်ကျန်ခဲ့ရင် ထောက်ပြနိုင်ကြပါတယ်။ မြန်မာဘုရင့် တပ်မတော်၊ ဗမာ့တပ်မတော် အဆက်ဆက်မှာလည်း မြန်မာမွတ်စလင်တွေ ထိုက်ထိုက်တန်တန် ပါဝင်ခဲ့ကြတယ်။ (ဖအေကော မအေကော ပြည်ကြီးတရုပ်စစ်စစ်ဖြစ်တဲ့ ဗိုလ်နေဝင်းနောက်ပိုင်းမှ ဗမာ့တပ်မတော်ဆိုတာ တရုပ်နဲ့ တရုပ်ကပြားတွေရဲ့ တပ်မတော်ဖြစ်သွားတာ ယနေ့အထိပါဘဲ။)
ဒါကြောင့် မြန်မာမွတ်စလင်ကို ချန်ထားပြီး မြန်မာ့သမိုင်းကို မော်ကွန်းထိုးလိုက်တာနဲ့ မြန်မာ့သမိုင်း လုံးဝ ပျက်ဆီးသွားမယ်ဆိုတာကို မျက်ဝါးထင်ထင် တွေ့ရမှာပါ။ မယုံရင် စမ်းပြီးသာ ကြည့်ပါဗျာ။ လူမျိုးရေးအစွန်းရောက် ကွန်မြူနစ်ယောင်ယောင် စာရေးဆရာ ဝင်းတင့်ထွန်းတစ်ယောက်တော့ တတ်နိုင်သမျှ မြန်မာမွတ်စလင်တွေ မပါဘဲ သမိုင်းရေးနေတာ ကြာပါပြီ။ အောင်မြင်သလားဆိုတာ သူ့ကို မေးမြန်းစုံစမ်းနိုင်ကြပါတယ်။
တစ်ကယ်တော့ ကျနော်တို့ရဲ့ ဘိုး၊ ဘေးတွေဟာ ခင်ဗျားတို့ရဲ့ ဘိုး ဘေးတွေပါဘဲ။ ကျနော်တို့ဟာ ခင်ဗျားတို့ရဲ့ သားချင်းတွေလည်းဖြစ်ပါတယ်။ ခင်ဗျားတို့မှာ မွေးရာပါ အခွင့်အရေး ရှိသလို ကျနော်တို့ မြန်မာမွတ်စလင်တွေမှာလည်း ရှိကြတယ်ဆိုတာကို မမေ့ကြစေချင်ဘူး။
အတိတ်ကာလကလို မြန်မာမွတ်စလင်တွေနဲ့ လက်တွဲပြီး တိုင်းကျိုး ပြည်ကျိုး ဆောင်ကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်။
ဦးကိုနီ
5 November 2013 at 07:47
No comments:
Post a Comment