Wednesday, 13 November 2013

အရှင်ဣဿရိယ ရေးသားခဲ့တဲ့ ကဗျာလေးပါ။

သောက်ကျင့်ရုတ်တဲ့အစိုးရရဲ့
ကျားကွက်ထဲကရှေ့ထွက်နယ်ရုပ်ဖြစ်ဘို့
ဘာအရည်အချင်းမှမလိုဘူး။

အကြွေးခံရတဲ့အကွက်မှာ
ဘယ်ကောင်လာစားစား
အပြုံးမပျက်ခေါင်းငုံ့ခံတတ်ဘို့ဘဲလိုတယ်။

သမိုင်းမှာဘယ့်လောက်နာမည်ပျက်ပျက်
ထည့်တွက်စရာမလိုဘူး၊
ကိုယ့်မိသားစုဆွေမျိုးတစ်သက်
စားရပြီးရောဆိုတဲ့စိတ်မွေးဘို့ဘဲလိုတယ်။

ထောင်ဘယ်နှနှစ်ချချ
ထည့်ပူစရာမလိုဘူး
များများကျရင်များများရတယ်လို့
အာမခံချက်သိထားဘို့ဘဲလိုတယ်။

ပြည်သူဘယ့်လောက်မုန်းမုန်း
လုံးလုံးထည့်တွက်စရာမလိုဘူး
သင်းတို့အကြိုက်သာလိုက်ပြော
လိုအပ်ရင်
ထမင်းတစ်နပ်ဘဲစားလို့ပြောရဲရမယ်

ဘယ်ငြိမ်းချမ်းရေးပွဲတက်တက်
ပျက်သွားလည်းထည့်တွက်စရာမလိုဘူး
ပွဲလုပ်နေတုန်းဝင်စီးလည်း
အထက်ကအမိန့်အောက်ခြေမရောက်သေးလို့ပါလို့
ရှေ့မျက်နှာနောက်ထားပြောရဲရမယ်။

ငါးလောင်းပြိုင်သတ်သတ်
ဘုန်းကြီးမီးရှို့ရှို့၊ပစ်ပစ်
ရာဇ၀တ်ဘေးတွေ့စရာမလို
အလိုအလိုတိုင်းမှူးဖြစ်တယ်လို့
ဦးတီဘွားဆီတိုင်တည်ဘို့ဘဲလိုတယ်။

Ashin Issariya (အရှင်ဣဿရိယ)

No comments: