Sunday, 24 November 2013

ဆီးဂိမ်းအတွက် အသိပေးချက် မြန်မာလို

လေးစားအပ်ပါသော…အစ္စလာမ်ဘာသာဝင်…အားကစားသမားများခင်ဗျား…… 

မကြာမှီကျင်းပတော့မဲ့…ဆီးဂိမ်းကြီးဟာ…ပြည်ထောင်စုမြန်မာနိုင်ငံမှာ… ကျင်းပပြုလုပ် မှာဖြစ်ပါတယ်….. ဆီးဂိမ်းရဲ့…အိမ်ရှင်နိုင်ငံဖြစ်တဲ့…မြန်မာနိုင်ငံကိုအုပ်ချုပ်နေသူ…အစိုးရဟာ.. လူမဆန်တဲ့အစိုးရဖြစ်ပြီး…အစ္စလာမ်ဘာသာကို…အပြင်းအထန်…ဖိနှိပ်ချုပ် ချယ်နေသော…အစိုးရလဲဖြစ်ပါတယ်….။ မြန်မာနိုင်ငံအတွင်း…နေရာအနှံ့အပြားမှာဆ…အစွန်းရောက်…ဗုဒ္ဓဘာသာဝင် များကိုလက်သပ်မွေးထားပြီး အစ္စလာမ် ဘာသာဝင်များကို…အကြမ်းဖက် တိုက်ခိုက်ခြင်း…သတ်ဖြတ်ခြင်း…အရှင်လတ်လတ်မီးရှို့ခြင်း…အစ္စလာမ်ဘာသာဝင်များပိုင်ဆိုင်သောပစ္စည်းများကို…လုယက်ခြင်း၊ဖျက်ဆီးခြင်း…နေအိမ် များကို…မီးရှို့ခြင်း…အစ္စလာမ်ဘာသာဝင်များပိုင်ဆိုင်သောမြေများကို သိမ်း ယူခြင်း…ဗလီဝတ်ကျောင်းတော်များနှင့် ကုရ်အာန်ကျမ်းစာအုပ်များကို…. မီးရှို့ခြင်း…အစရှိသော…လုပ်ရပ်များကို…စီမံချက်ချ…လုပ်ဆောင်နေသော… အစိုးရတရပ်လည်းဖြစ်ပါသည်…။ 
အစိုးရလက်သပ်မွေးထားသော…အစွန်းရောက်…အကြမ်းဖက်သမား…ဘုန်းကြီးများနှင့် လူများက…အစ္စလာမ်ဘာသာဝင်များကို…တိုက်ခိုက်သည့် အခါတိုင်း…ရဲ…စစ်တပ်…လုံခြုံရေးဝန်ထမ်း…အစရှိတဲ့…အစိုးရတာဝန်ရှိ သူများဟာ…လက်နက်ကိုင်ဆောင်…စောင့်ကျပ်ပြီး…အကြမ်းဖက်သူများကို.. အကာအကွယ်ပေးခဲ့တဲ့…သာဓကများ…ကမ္ဘာ့မီဒီယာများက…မှတ်တမ်းတင် ထားတာတွေ…အထင်အရှားရှိပါတယ်… ၁၉၄၈ခုနှစ်…မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့အချိန်ကစတင်ပြီး….အစ္စလာမ် ဘာသာဝင်တွေဟာ…အမျိုးမျိုးသော…ခွဲခြားဆက်ဆံမှုများ…ဖိနှိပ်ချုပ်ချယ် ကန့်သတ်မှုများ…နှင်ထုတ်ခံရမှုများ…ညှဉ်းပမ်းနှိပ်စက်မှုများ…ရိုက်နှက်သတ်ဖြတ်ခံရမှုများ…အစော်ကားခံရမှုများဖြစ်ပွားခဲ့တာဟာ… လက်ရှိအရပ်သား အယောင်ဆောင်…စစ်အစိုးရသမ္မတ…ဦးသိန်းစိန်လက်ထက်မှာ…အဆုံးစွန်အထိ…ရောက်ခဲ့ပါတယ်… ဒီအတောအတွင်းအစ္စလာမ်ဘာသာဝင်ပေါင်းထောင်နဲ့ချီပြီး…အသက်ဆုံးရှုံး အသတ်ခံခဲ့ရပြီး…အစ္စလာမ်ဘာသာဝင်တို့ပိုင်အိမ်ခြေပေါင်း…သောင်းနဲ့ချီပြီး အဖျက်အစီးခံရ…အသိမ်းခံခဲ့ရပါတယ်..မဒရ်ဆာကျောင်းပေါင်းသောင်းနဲ့ချီ ပြီး…အပိတ်ခံရ…အသိမ်းခံရ…အဖျက်ခံခဲ့ရပါတယ်…ဗလီဝတ်ကျောင်းတော်..ပေါင်း…ရာနဲ့ချီပြီး…အဖျက်အစီးခံရ…မီးရှို့ခံရ…အသိမ်းခံခဲ့ရပါတယ်….သိန်းနဲ့ချီတဲ့…အစ္စလာမ်ဘာသာဝင်များဟာ…ဒုက္ခသည်များအဖြစ်…

အမိုးအကာမလုံ...စားနပ်ရိက္ခာမပြည့်စုံ…ကျန်းမာရေးစောင့်ရှောက်မှုမရှိတဲ့…ဒုက္ခသည် စခန်းများမှာ…ခိုလှုံနေရပါတယ်…သန်းနဲ့ချီတဲ့အစ္စလာမ်ဘာသာဝင်များဟာ… မိမိမွေးရပ်မြေကို…နည်းလမ်းပေါင်းစုံနဲ့…စွန့်ခွာထွက်ပြေးပြီး…နိုင်ငံခြားတိုင်း ပြည်များမှာ…ခိုလှုံနေထိုင်နေကြရပါတယ်… ယနေ့အချိန်အထိလဲ…အဆိုပါ…ဖြစ်ရပ်များဟာ…ဖြစ်ပွားနေဆဲ…ဖြစ်ပါတယ်. မလေးရှားနိုင်ငံအပါအဝင်…နိုင်ငံတကာမှ…အစိုးရများ…နိုင်ငံတကာအဖွဲ့အစည်းများ…အစ္စလာမ်ဘာသာဆိုင်ရာအဖွဲ့အစည်းများ…မှ ..ဒုက္ခသည်များကို ကူညီထောက်ပံ့မှုများ…များစွာပေးကမ်းခဲ့သော်လည်း…များစွာသော…ကူညီ ပံပိုးမှုများမှာ…အစိုးရလက်တွင်သာ…ရောက်ရှိခဲ့ပြီး…ဒုက္ခသည်များလက်ဝယ် သို့…အပြည့်အဝ…ရောက်ရှိမှုမရှိခဲ့ပါ… ယခုနောက်ဆုံး…ကမ္ဘာကိုလိမ်လည်လှည့်ဖျားရန်အကြံအစည်ဖြင့်…မြန်မာအစိုးရက…အိုအိုင်စီ…အဖွဲ့ကြီးကို…မြန်မာနိုင်ငံသို့ဖိတ်ကြားခဲ့ပြီးမှ…ပြည်တွင်း.. နေရာအနှံအပြား…အိုအိုင်စီအဖွဲ့…သွားရောက်စစ်ဆေးရာနေရာတိုင်းတွင်…အစွန်းရောက်..ဗုဒ္ဓဘာသာဝင်များ…အကြမ်းဖက်ဘုန်းကြီးများကို…အသုံးချ၍…အိုအိုင်စီအဖွဲ့ကြီးနှင့်…အစ္စလာမ်ဘာသာကို…စော်ကား…ဆန့်ကျင်…ဆန္ဒပြမှုများ…ပြုလုပ်ခဲ့ပါသည်….(သတင်းမီဒီယာများတွင်..ထင်ရှားစွာ…တွေ့ မြင်နိုင်ပါသည်..) သို့ဖြစ်သည့်အတွက်… ကျွန်တော်များ ဗမာမွတ်စလင်မ် လူငယ်များကွန်ယက်မှ ညီနောင်အစ္စလာမ်ဘာသာဝင်အားကစားသမားများသို့…. မြန်မာနိုင်ငံတွင်…ကျင်းပပြုလုပ်မည့်…ဆီးဂိမ်းအားကစားပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းမပြုပဲ…သပိတ်မှောက်ကန့်ကွက်ကြပါရန်… လေးစားစွာ…တိုက်တွန်းတောင်းဆိုအပ်ပါသည်…..

အကယ်၍…ဆီးဂိမ်းအားကစားပွဲကို…သပိတ်မှောက်ရန်မဖြစ်နိုင်ပဲ… မဖြစ်မနေ…သွားရောက်…ပါဝင်ရမည်ဆိုပါက…အောက်ပါအချက်များကို.. အထူးဂရုပြုပေးကြပါရန်…သာသနာ့သောကဖြင့်…သတိပေး…နှိုးဆော်အပ် ပါသည်……

(၁)မြန်မာနိုင်ငံရှိ…နိုင်ငံတော်သမ္မတမှစ၍…သူတောင်းစားအထိ…လူအများစုသည် အစ္စလာမ်ဘာသာဝင်များကို…မုန်းတီးကြပြီး…အမြဲရန်လိုနေသူများ.. ဖြစ် ကြပါသည်….
(၂)ဗုဒ္ဓဘာသာ…ဘုန်းကြီးကျောင်းများ…ဘုရားကျောင်းကန်များသို့…သွား ရောက်လည်ပတ်ခြင်းသည်…မိမိအသက်အန္တရာယ်ကို…ဖိတ်ခေါ်ခြင်းဖြစ် ပါသည်…. (၃)အားကစားကွင်းပြင်ပသို့…အတတ်နိုင်ဆုံး…ထွက်ခွာခြင်းမပြုပါနှင့်… (၄)မဖြစ်မနေ..ထွက်ခွာရမည်ဆိုပါက…အုပ်စုလိုက်သာသွားသင့်ပါသည်.. (၅)အုပ်စုလိုက်…သွားရောက်ရမည်ဆိုပါက…လုံလောက်သော…အကာ အကွယ်ပေးမှုကို…ရရှိအောင်တောင်းဆိုပါ…
(၆)အကာအကွယ်…လုံခြုံရေးတောင်းဆိုမှု…တဖက်တာဝန်ရှိသူနှင့်..အပြန် အလှန်ပြောဆိုမှုတိုင်းကို၎င်း…တာဝန်ရှိသူမှ…အာမခံပြောကြားချက်များကို၎င်း…ဖုန်းဖြင့်ဖြစ်စေ…ဗီဒီယို..မှတ်တမ်းတင်…သိမ်းဆည်းထားပါ… (၇)မည်သည့်နေရာတွင်မဆို…ပြသနာတစ်စုံတရာဖြစ်ပွားနေသည်ကို…တွေ့ မြင်ရပါက…စူးစမ်း…စပ်စုမှုပြုမနေပဲ……မိမိနှင့်အဖွဲ့လုံခြုံမှုအတွက်သာ… စီစဉ်ဆောင်ရွက်ပါ…
(၈)အထူးသဖြင့်…သင်္ဃန်းဝတ်(ဗုဒ္ဓဘာသာဘုန်းကြီး)များနှင့်…ဝေးကွာစွာ. နေထိုင်ပါ…၎င်းတို့နှင့်ဆက်သွယ်စကားပြောဆိုခြင်းမပြုလုပ်ပါနှင့်… (၉)ဒေသအတွင်းလည်ပတ်ရင်း…ပြသနာတစုံတရာဖြစ်ပွားသည်ကို..မြင်တွေ့ သိရှိခဲ့ပါက…မိမိအဖွဲ့တည်းခိုရာနေရာသို့…အမြန်ဆုံးပြန်ပါ…
(၁၀)ရဲတပ်ဖွဲ့…စစ်တပ်တို့မှ…လုံခြုံရေးတာဝန်ယူပါသည်..ဟူသောစကားကို..လုံးဝမယုံကြည်ပါနှင့်….. (၁၁)ရဲတပ်ဖွဲ့ဝင်များ…စစ်သားများမှာ…အစ္စလာမ်ဆန့်ကျင်ရေးစိတ်ဓာတ် ပြင်းထန်သူအများစုဖြစ်ပါသည်…မိမိအားလုံခြုံရေးပေးသူများမဟုတ်ပဲ…မိမိ အားရန်ရှာမည့်သူအဖြစ်…အချိန်မရွေးဖြစ်သွားနိုင်ပါသည်…
(၁၂)မြန်မာနိုင်ငံ၏…မည်သည့်ဒေသ…မည်သည့်အဆောက်အဦး..မည် သည့်နေရာသည်မဆို…အစ္စလာမ်ဘာသာဝင်တယောက်အတွက်..လုံခြုံမှု မရှိဆိုသည်ကို…အမြဲ…သတိရှိထားပါ…
(၁၃)အခြေအနေ…အကြောင်းတစုံတရာ…ထူးခြားမှုရှိလာပါက…မိမိအသက် အန္တရာယ်အတွက်…မိခင်နိုင်ငံသို့…အမြန်ဆုံး…ပြန်ရန်…ကြိုးစားပါ… ကျွန်ုပ်တို့၏…ညီနောင်…ဆီးဂိမ်းတွင်ပြိုင်ပွဲဝင်ကြမည့်…အစ္စလာမ်အားကစား သမားများ…ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့်….အောင်ပွဲဆင်ပြီး…ရွှေတံဆိပ်ဆုကြီးများ…ရယူပိုင်ဆိုင်နိုင်ကြပါစေကြောင်း…ဆုမွန်ကောင်းများတောင်းဆိုရင်း…… ဗမာမွတ်စလင်မ် လူငယ်များကွန်ယက်-မလေးရှား

ဒီစာကိုအင်္ဂလိပ်/မလေး နှစ်ဘာသာပြန်ပြီး မလေးရှားနိုင်ငံမှာ ဆီးဂိမ်းသို့ သွားရောက် ယှဉ်ပြိုင်မည့် အားကစားသမားမျာထံသို့ အရောက်ပေးပို့သွားမည်ဖြစ်ပါသည်။ ၎င်းတို့၏ မိသားစုဝင်များနှင့် ဌာနဆိုင်ရာအသင်းအဖွဲ့များကိုလည်း မျှဝေအသိပေး သွားမည်ဖြစ်ပါသည်။

အောင်ကျော်မိုး
ဦးဆောင်လှုပ်ရှားမှုတာဝန်ခံ
ဗမာမွတ်စလင်မ် လူငယ်များကွန်ယက်-မလေးရှားနိုင်ငံ

No comments: