နိုဝင်ဘာလ၊ ၁၅ရက်နေ့က မြန်မာနိုင်ငံမှာ သံဃာတော်များမှ ” သားဖောက်နှုန်းမြန် အစ္စလာမ် တိရိစ္ဆာန်ဝါဒ ဆန့်ကျင်ကြ” ဆိုတဲ့ အစ္စလာမ်ကို စော်ကားတဲ့ အသုံးမနှုံး အပေါ် ၂၉ရက်၊ နိုဝင်ဘာလ၊ ၂၀၁၃ခုနှစ် သောကြာနေ့မှာ The Coalition Against Religious Extremism In Myanmar.(မြန်မာနိုင်ငံက ဘာသာရေးအစွန်းရောက်မှုကို ဆန့်ကျင်သော ညွှန့်ပေါင်းအဖွဲ့မှ ဦးဆောင်၍ မလေးရှားနိုင်ငံ Tabung Haji ရှေ့တွင် ကန့်ကွက်၊ ဆန္ဒဖော်ကြမည်ဖြစ်ကြောင်း ယနေ့ ၂၅.၁၁.၂၀၁၃ခုနှစ် ညနေ (၃း၀၀)နာရီမှ စတင်၍ Mapim ရုံးချုပ်၌ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါသတင်းစာရှင်းလင်းပွဲသို့ အောက်ဖော်ပြပါ အဖွဲ့အစည်းအသီးသီးမှ တက်ရောက်ခဲ့ပါသည်။
Majlis Perundingan Pertubuuhan Islam Malaysia.
Sekretariat Himpunan Ulama Rantau Asia.
Persatuan Ulama Malaysia.
Teras Pengupayaan Melayu.
Persatuan Persaudaraan Muslimah Malaysia.
IKEAM Malaysia.
HALUAN Malaysia.
Angkatan Belia Islam Malaysia.
Persatun Ulama Kedah.
JAMAY’IY Perak.
Union of World Rohingya Organizations.
Citizens International Malaysia.
Regional Initiarives for Justice and Peace.
Persatuan Professional Muda Islam Kedah.
Ethnic Rohingya Community of Arkan Malaysia.
Burma Muslim Youth Network Malaysia.
Myanmar Muslim Association Malaysia.
Malaysia Relief Agency (MRA)
Collectif HAMEB.
အဖွဲ့အစည်းတို့ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် The Coalition Against Religious Extremism In Myanmar ရဲ့ Coordinator Muhammad Azmi Abdul Hamid မှ” မြန်မာနိုင်ငံမှာ ဆန္ဒပြခဲ့ကြတာဟာ OIC ကိုပဲမဟုတ်၊ ရိုဟင်ဂျာတွေကိုပဲ မဟုတ် မြန်မာမွတ်စလင်မ်တွေကိုပဲ သီးသန့် မဟုတ်ပဲ ကမ္ဘာ့မွတ်စလင်မ် လူထုတစ်ရပ်လုံးကို စိန်ခေါ်ခဲ့တာဖြစ်တယ်။ အဲဒီအတွက် ကျွန်တော်တို့ မလေးရှားတွေအနေနဲ့ ဒီဆန္ဒပြပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဆန္ဒပြပွဲမှာ မလေးရှားနိုင်ငံအတွင်း မှီးတင်းနေထိုင်သော မလေးများမှ အခြားပြည်ပ နိုင်ငံမှ ရောက်ရှိနေသော အစ္စလာမ်ဘာသာဝင် မည်သူ့ကိုမဆို ဒီဆန္ဒပြပွဲသို့ ကြွရောက်ပါရန် ဖိတ်ခေါ်ပါတယ်။ ဆန္ဒပြပွဲတွင် ကိုင်ဆောင် မည့် ဗီနိုင်း ပိုစ်စတာများကို ယူနီတီဖြစ်ရေးအတွက် အောက်ဖော်ပြပါ စာတမ်းများကိုင်ဆောင်၍ ဆန္ဒပြမည်ဖြစ်ပါတယ်။ အကယ်၍ မိမိတို့အဖွဲ့အစည်း (သို့) တစ်ချင်းစီအနေဖြင့် ဗီနိုင်းပိုစ်တာ လုပ်ချင်တယ် ဆိုရင် ဖော်ပြပါ စာတမ်းခြောက်ခုအတွင်းမှ မိမိနှစ်သက်ရာကို လုပ်ယူလာနိုင်ပါကြောင်း သတင်းရရှိပါတယ်။
STOP Insulting Islam
Respect Each Other and Every Religion
Religion Is NOT The Cause
Respect Islamic NGOs
Don't Abuse HUMAN RIGHTS
STOP Attacking ISLAM
ဆိုတဲ့ စာတမ်းများမှအပ ညစ်ညမ်းသော သဘောထားလွဲမှားနိုင်သော မည်သည့် စာတမ်းမှ ကိုင်စောင်ခြင်း မပြုကြရန် ညွှတ်ကြားထားပါသည်။ ညီနောင်မွတ်စလင်မ်များ ပူးပေါင်းပါဝင်ကြပါဟု ဖိတ်ခေါ်အပ်ပါသည်။အလ္လာဟ်ရှင်မြတ် ကျနော်တို့ ညီနောင်များကို စုပေါင်းညီညွှတ်စွာဖြင့် အောင်မြင်နိုင်ကြစေရန် ဒိုအာတောင်းပေးကြပါ။
Aung Kyaw Moe
No comments:
Post a Comment