ကျွန်တော်တို့ရဲ့ပြည်ထောင်စုမြန
်မာနိုင်ငံတော်ကြီးဟာ ၁၉၄၈ခုနှစ် ဇန္နဝါ ရီလ(၄)ရက်နေ့မှာ နယ်ချဲ့အင်္ဂလိပ် လက်အောက် ကနေလွတ်လပ်ရေး ရခဲ့ပါတယ်
လွတ်လပ်ရေးရချိန်ကစပြီး နိုင်ငံတော်ကြီးဟာ ဘာသာရေး.. လူမျိုးရေးခွဲခြားတတ်သော အတွေးအခေါ်မူမမှန်သောဖောက်ပြန်သော တရားသေဝါဒ လက်ကိုင်ပြုသောခေတ်နောက်ပြန်ဆွဲသော အမြင်မကျယ်သော လူများ/ဗိုလ်ချုပ်များရဲ့ ကိုလိုနီ ကျွန်ပြုခြင်း
ကိုဆက် လက်ခံစားနေ ရတာပါဒီဒဏ်ရာဒဏ်ချက်တွေကြောင့်…မြန်မာပြည်သူတွေဟာဆင်း ရဲနွမ်း ပါးမှုအကျင့်စာရိတ္တ ပျက်ယွင်းမှု ပညာမဲ့မှု စိုးရိမ်ထိပ်လန့်မှု တဦးနဲ့တဦး မယုံသင်္ကာဖြစ်မှု အဆိုးမြင်မှု အမြင်ကျဉ်းမှု ရက်စက်စွာအုပ်စုဖွဲ့ အနိုင်ကျင့်မှုတွေ တနေ့တခြား တိုးပွားဖြစ်ပေါ်နေတာ အထင်အရှားပါ ဒီအခြေအနေတွေကြောင့် ယနေ့ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးမှာအလွန်အင်မတန် မှ စက်စုတ်ရွံရှာဖွယ် ရာကောင်းသော အနိဌာရုံအဖြစ်အပျက်များ…ဖြစ်ခဲ့တယ်ဆိုတာ…ငြင်းပယ်လို့မရပါဘူး........ယဉ်ကျေးသောလူ့အဖွဲ့အစည်းက…ဘယ်လိုမှလက်သင့်မခံနိုင်တဲ့ အကြမ်းဖက်လုယက်မှုများ ကလေး သူငယ်များကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုများဖြစ် ပေါ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာတောင်ပြစ်မှုကျူးလွန် သူများကို ဖမ်းဆီးခြင်း အရေးယူခြင်း အပြစ်ပေးခြင်းများ မပြုလုပ်ပဲ အကျူးလွန်ခံရသူများမှာပဲ အပြစ်ရှိ သယောင်ပြောဆိုနေကြတာကိုလည်း…တွေ့မြင်…ကြားသိနေရပါတယ်
ဒီဖြစ်ရပ်တွေဟာ ဒီလုပ်ရပ်တွေဟာ ကျွန်တော်တို့တိုင်းပြည် စည်ပင်ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတား အနှောက်အရှက်တွေဖြစ်နေယုံသာမက လွပ်လပ်သော ပြိုင်ဆိုင်မှုတွေနဲ့ ခန့်ငြားထည်ဝါစွာ ဖွံ့ဖြိုးတိုး တက်နေတဲ့ ကမ္ဘာနိုင်ငံအသီးသီးက ပြည်သူတွေကို စိန်ခေါ်နေတဲ့ အခြေအနေမျိုးဖြစ်နေပါ တယ်ကမ္ဘာကြီးဟာ ကမ္ဘာရွာကြီးဖြစ်နေပါပြီ…ခေတ်မှီ ဖွံ့ဖြိုးတိုးတက်လာတဲ့ ဆက်သွယ်ရေးနည်းပညာတွေ ရဲ့ ကျေးဇူးကြောင့် မြန်မာနိုင်ငံ ကျေးလက် အစွန်အဖျား ဝေးလံသီခေါင်တဲ့နေရာက အဖြစ်အပျက် တခုဟာ မိနစ်ပိုင်း နာရီပိုင်းအတွင်း ကမ္ဘာနိုင်ငံအသီးသီးက မျက်စေ့ နဲ့တတ်အပ်မြင်တွေ့ခွင့်ရနေပါပြီ
ဒီတော့ ဒီကနေ့…မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ မတရားမှုတွေကို ကမ္ဘာက အကြာကြီးခွင့်ပြုထားမှာ…မဟုတ်သလို ခွင့်လွှတ်မှာလည်း မဟုတ်ပါဘူး
မြန်မာနိုင်ငံကြီး ဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံသား အားလုံး တက်ညီ လက်ညီ…စည်းလုံးညီညွတ်စွာ ကြိုး ပမ်း ကြရမှာဖြစ်ပါတယ် မြန်မာမွတ်စလင်များနှင့်တိုင်းရင်းသားများဟာဟိုးယခင် ပထမမြန်မာနိုင်ငံတော် တည်ထောင်ရေးမှ အစ လွပ်လပ်ရေးကြိုးပမ်းမှုများတွင်ပါမကျန် ကျရာတာဝန်များကို ကြေကြေ ပွန်ပွန် ရွတ်ရွတ်ချွန်ချွန် ထမ်းဆောင်ကြရင်း…နိုင်ငံတော်တည်ဆောက်ရေး ကိစ္စရပ်များမှာ ပါဝင်ခဲ့ကြသော်လည်း
နယ်ချဲ့အင်္ဂလိပ်လက်အောက်မှ…လွတ်မြောက်ပြီးထဲကမဟာဗမာလူမျိုးကြီးလက်တွင်း သက်ဆင်းကျ ရောက်ခဲ့ရတဲ့မြန်မာနိုင်ငံတော်မှာ မြန်မာမွတ်စလင်မ်များနဲ့ တိုင်းရင်းသားများ အထူးသဖြင့် အစ္စလာမ်ဘာသာ ဝင်များဟာ…မြန်မာ့နိုင်ငံရေးအသိုင်းအဝန်းကနေ တဖြည်းဖြည်း ဖယ်ထုတ်ခံလာရပါတယ် စနစ်တကျကိုစီမံချက်နဲ့ ဖယ်ထုတ်ခြင်းခံခဲ့ရတာပါ။
စီမံခန့်ခွဲမှုတွေ တင်းတင်းကျပ်ကျပ်ကိုလုပ်ပြီး…တပ်မတော်…ရဲတပ်ဖွဲ့…အစရှိတဲ့ လက်နက်ကိုင် တပ်ဖွဲ့များမှာဝင်ရောက်တာဝန်ထမ်းဆောင်ခွင့်မရှိအောင်…သေသေချာချာလုပ်ခဲ့ကြတာပါအနည်းငယ် မျှ သောအရေ အတွက်မျှ လောက်သာ…ဌာနဆိုင်ရာ အချို့မှာ…လုပ်ကိုင်ခွင့်… ရကြ ပေမဲ့လဲ… ရာထူးတက်လမ်းမရှိပါဘူး…ခွဲခြားဆက်ဆံမှု ပိတ်ဆို့မှု…တွေကြောင့်…ရသင့်ရထိုက် တဲ့အခွင့်အရေးတွေ မရကြပါဘူး…နောက်အကြောင်းအရာတခုကတော့…ငွေကြေးဖောင်းပွမှု ပါပဲ…ငွေကြေးဖောင်း ပွမှုကြောင့်… ဝန်ထမ်းလစာဆိုတာဟာ…. မလောက်မငဖြစ်လာပါတယ်….ဒီတော့ အစိုးရလခစားဝန်ထမ်း ဆိုတာ… လူအထင်သေးစရာ… အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်လာပါတယ်။
ဒါကြောင့်…အစ္စလာမ်ဘာသာဝင်အများစုနဲ့…ရိုးသား တဲ့တိုင်းရင်းသားတွေဟာ…ဝန်ထမ်းအလုပ်ကို စိတ်မဝင် စားတော့ပဲ…စီးပွားရေးလုပ်ငန်းတွေကိုသာ…လုပ်ကိုင်လာ ကြပါတယ်…တိုက်ရိုက် အကျိုးဆက်အဖြစ်…ပညာရေးကိုပါ…အထင်သေး…အမြင်သေး…ဖြစ်လာကြပါတော့တယ်… စီပွားရေးလော ကထဲဝင်ပြီး…စောစောစီးစီး…ရောင်းတတ်ဝယ်တတ်ဖို့ကိုပဲ…အာရုံစိုက်လာကြပါတော့ တယ်…ပြည်တွင်းမှာ…ရှာဖို့ဖွေဖို့…ကြီးပွားချမ်းသာဖို့…အခွင့်အရေးမရှိဘူးလို့… ယုံကြည်တဲ့သူတွေ က ပြည်ပ ထွက်ပြီး…အလုပ်…လုပ်ကြပါတယ်…ဒီလို…ပြည်တွင်းမှာရော…ပြည်ပမှာပါ…ငွေကို…အဓိက ထားရှာကြ တဲ့သူတွေဟာ…လူ့ကျင့်ဝတ်တွေ…ဘာသာတရားရဲ့အဆုံးအမတွေကို… လစ်လျူရှု လာကြပါ တယ် ငွေကြေးချမ်းသာကြွယ်ဝတဲ့သူဟာ…မိမိနေထိုင်ရာ…လူ့အသိုင်းအဝိုင်း… ပတ်ဝန်းကျင် မှာ…သြဇာရှိသော… လူ ရာဝင်သော…အဆင့်များသာမက…ဗလီဂေါပကများ… ရပ်ကွက်လူကြီးများ… အသင်းအဖွဲ့ခေါင်းဆောင်များ အဖြစ်ပါနေရာရလာကြပါတယ်….
သူတို့ရဲ့…ငွေရေးကြေးရေးအရလွှမ်းမိုးမှုဟာ…အသိပညာရှင်…အတတ်ပညာရှင်…ဘာသာရေး ပညာရှင် များ အပေါ်မှာ…လွှမ်းမိုးလာပြီးတဲ့နောက်ပိုင်းမှာ…အသိပညာ…အတတ်ပညာရဲ့…ကြီးကျယ်တဲ့…ကဏ္ဍတွေဟာ ..မှေးမှိန်… ပျောက်ကွယ်သွားရပါတော့တယ်…. လူတွေရဲ့…စိတ်နှလုံးထဲမှာ…ဥာဏ်ပညာရဲ့…ကြီးကျယ်ခမ်းနားမှုတွေ…မှေးမှိန်သွားပြီး…ငွေကြေးချမ်းသာကြွယ်ဝခြင်း…ရဲ့…ကြီးကျယ်ခမ်းနားခြင်းတွေ…အစားထိုးနေရာယူလာကြပါတယ်…
စာအမှတ်စဉ်(၃)သို့ စောင့်မျော်ဖက်ရှူ့ကြပါရန်။
(ရွှေကရ၀ိတ်)မောင်မောင်
(၁၁.၁၂.၁၃)
No comments:
Post a Comment