Thursday, 5 December 2013

ကျနော်သူ့ကို တော်တော်လေးစားမိတယ်။

Nelson Mandela ကို ကျနော်တိတ်တိတ်ခလေး လေးစားနေတဲ့ အကြောင်းကို ယနေ့တော့ ကျနော်ပြောပြချင်ပါတယ်။အရင်ဆုံးပြောပြ ချင်တာကတော့ Mandelaကို ကျနော်လေးစားတယ်။သူ့ရဲ့ အသားအေ ရာင် ခွဲခြားမှုဆန့်ကျင့်ရေး လှုပ်ရှားမှုကို ကျနော်အားကျတယ်။လက်တွေ့ ကျကျ အလုပ်လုပ်တက်ပြီး ပြတ်ပြတ်သားသား ပြောဆိုတတ်တဲ့ အကျင့်သူ့မှာရှိတယ်။ခေါင်းဆောင်တစ်ယောက်ပီသအောင် နေထိုင် တက်တယ်။ကျနော်မှတ်မိသလောက် ပြောရရင် ၂၀၁၁ခုနှစ် ကျနော်မြန်မာပြည်မှာ ရှိနေတဲ့အချိန်က ကျနော့်သူငယ်ချင်း ကိုမော်စီက ကျနော့်ကို Mandela နိုင်ငံရေးကျော်ဖြတ်ပုံ စာအုပ်လေးကို ပေးခဲ့ဖူးတယ်။ အဲဒီအချိန်က နေစပြီ ကျနော်သူ့ကို တော်တော်အားကျမိသွားတယ်။ ကျနော်ကိုယ်တိုင် မြန်မာပြည်မှာ သူ့လိုအသားအရောင် လူမျိုးရေး စတဲ့ခွဲခြားမှုတွေကို တော်လှန်မယ်လို့ ဆုံးဖြတ်ခဲ့ဖူးတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် မြန်မာပြည်က မေ့မရနိုင်တဲ့ ကျတော်တို့ ရဲ့အမျိုးသားခေါင်းဆောင် ကြီးတွေနဲ့ အတူ Mandela ကိုသဘောကျမိလို့ ယနေ့ကျွန်တော်တို့ နိုင်ငံရေး အ၀န်းဝိုင်းထဲမှာ ရှိနေခြင်းဖြစ်တယ်။Mandela ရဲ့ဖြတ်သန်းခဲ့တဲ့ဘ၀တစ်လျှောက်ကို လေ့လာတဲ့အခါမှာ တော်တော်စိတ်ဝင် စားစရာကောင်းပါတယ်။ ကျနော်သဘောတွေခဲ့တဲ့နေရာလေးကို ညီနောင်တွေကို လည်းမှတ်မိ စေချင်တဲ့အတွင် နည်းနည်းတော့ ရေးပါအုန်းမယ်။
တစ်ရက်မှာ လေယဉ်ပျက်ကြမလိုလိုဖြစ်ပြီး လေယျာဉ်ပျံရဲ့ တုန်ခါမှု နိမ့်ဆင်းမှု မြင့်တက်မှု တွေကြောင့် လေယျာဉ်ပေါ်မှာပါလာတဲ့ Mandela နဲ့အတူ သူရဲ့တပည့်သား နောက်လိုက်တွေဟာ အကုန်လုံးစောင့်တည်ရာမရဖြစ်နေကြပါတယ်။အော်တဲ့သူက အော် ဟိုပြေး ဒီကိုင်လုပ်တဲ့ သူတွေကလုပ်နဲ့ စိတ်ပျက် သွေးပျက်နေကြတဲ့အချိန်မှာ အဲဒီလူတွေ သတိထားမိလိုက်တာက Nelson Mandela ဟာအေးဆေး တည်ငြိမ်စွာနဲ့ သတင်းစာကို ပုံမပျက်ဖက်နေခဲ့ပါတယ်။နောက်ဆုံးတော့ လေယျာဉ်ပျံကြီးက နီးစပ်ရာလေဆိပ်တစ်ခုမှာ အောင်မြင်စွာ ဆင်းသက်နိုင်လို့ လေယျာဉ်ကွင်းမှာ Mandela ဦးဆောင်တဲ့ သတင်းစာရှင်း လင်းပွဲတစ်ရပ်လုပ်ကြပါတယ်။ အဲဒီအင်တာဗျူးမှာ သူဖြေခဲ့တာကတော့

"အဲဒီအချိန်မှာ သူတို့လိုပဲ ကျနော်လည်း ကြောက်နေပါတယ်။ ဒါပေမဲ့ ကျနော်ကြောက်နေလို့ ကျနောင်စောင့်တည်ရာမရဖြစ်နလို့ ဘာထူးလာမှာလဲ ကျနော်ဟာ သူတို့ရဲ့ခေါင်းဆောင် တစ်ဦးဖြစ်တဲ့အတွက် အေးဆေးတည်ငြိမ်စွာနဲ့ မှင်သက်နေခဲ့တာပါလို့"

သူ့ဘက်က ရိုးသားတဲ့ စကားကို ဖွင့်ဆိုခဲ့ ပါတယ်။ယနေ့သူ့အကြောင်းကို ပြန်စဉ်းစားရင်း ၀မ်းနည်းမိပါတယ်။ သူနဲ့အနီးကပ်တစ်ကြိမ်မှ မတွေ့ခဲ့ဖူးပေမဲ့ မိသားစုဝင်တစ်ယောက်လို၊ ဆရာသမားကောင်းတစ်ယောက်လို၊ ကျနော်ခံစားရပါတယ်။မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလောကထဲမှာ ကျနော်လေ့လာမိသ လောက်ဆိုရင် Mandela လိုလူမျိုး တစ်ယောက်မှ မရှိဘူးဆိုတာပါပဲ။
ယနေ့တော့ သူအားသတိရစွာနဲ့ သူ့အကြောင်းလေးကိုရေးရင်း သူ့အားဂုဏ်ယူနေမိပါတယ်။

Aung Kyaw Moe 

No comments: