Monday, 2 December 2013

နောင်တစ်ကြိမ် ဒီလိုဒုက္ခမျိုး မကြုံရစေလို။

မွတ်စလင်မ်ညီနောင်များခင်ဗျာ ယခုအချိန်အခါမှာ ပြည်တွင်း၊ ပြည်ပရှိ ညီနောင် လူငယ်များအနေဖြင့် အနာဂတ်ခရီးပန်းတိုင်အတွက် နိုးနိုးကြားကြားရှိဖို့ အရေးကြီး ပါသည်။ ယနေ့ကျနော်တို့ လူငယ်များ၏ အားထုတ်ကြိုးပမ်းမှုကို ကမ္ဘာတစ်ဝှမ်းမှ စောင့်မျော်ကြည့်ရှူ့နေကြောင်း သိသာထင်ရှားလာပါသည်။ အမှန်တကယ်လည်း ကမ္ဘာအရပ်ရပ်ရှိ မွတ်စလင်မ်လူငယ်များ၏ ကြိုစားတက်လှန်းမှုသည် အောင်မြင်ခြင်း ဘက်သို့ နီးကပ်လာနေသည်ဖြစ်ရာ လူငယ်များအနေဖြင့် အစဉ်ဂရုစိုက်ကာ အရင်ထပ်ပို၍ ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း အကြံပြုတင်ပြလိုပါသည်။

မြန်မာနိုင်ငံ၏ အရေးကိစ္စပြဿနာတိုင်းသည် ကျုပ်တို့မွတ်စလင်မ်တွေအနေဖြင့် မည်သို့မှ ရှောင်တိန်းလို့မရပါ။ တက်နိုင်တဲ့ ဘက်ကနေ၍ ညီနောင်တစ်ဦးချင်းစီတိုင်း ကကြိုးစားအားထုတ်ရမည်ဖြစ်သည်။ ယနေ့အချိန်အခါဝယ် မွတ်စလင်မ် ညီနောင်တို့
အပြစ်ကင်းသည်ဟု ဆိုခဲ့သောလည်း။ ပြဿနာအားလုံးနှင့် တိုက်ရိုက်ပတ်သက် အစွပ်အဆွဲခံနေရသူများဖြစ်သည်။ ထို့ကြောင့် မွတ်စလင်မ်ညီနောင်များအနေဖြင့် လက်ရှိပြည်တွင်းကြိုးပမ်းမှုတစ်စမိတ်မှ ပြည်ပကြိုးပမ်းမှုအထိဖြစ်လာအောင် Facebook ကွန်ယက်မှသည် Twitter ကွန်ယက်သို့ ပြောင်းလည်း အသုံးပြုခြင်းဖြင့် မိမိတို့ နင့်နာ ခံစားခဲ့ရသမျှကို ကမ္ဘာသိအောင် တက်လှမ်းပြောဆိုကြပါရန် လေးစားစွာ တိုက်တွန်း အပ်ပါတယ်။

ကျုပ်တို့မွတ်စလင်မ်လူငယ်များသည် ပြီးခဲ့သည်များကို သံဝေဂတရားရယူကာ မွတ်စလင်မ်လူထုတစ်ရပ်လုံးအတွက် အနာဂတ်မှာ လူအချင်းချင်း ညှင်းပန်း နှိမ့်စက် ခြင်းမှ ကင်စေရန်ရည်ရွယ်၍ မိမိတို့အနေဖြင့် မည်သို့ကာကွယ်ရမည်ကို အသိတရား များဖြန့်ဝေခြင်းဖြင့် ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်သည်။ လူတိုင်းဟာ လူအခွင့်အရေးကို လေးစားသူများဖြစ်စေရပါမည်။ တစ်ဦးအပေါ်တစ်ဦး ညာတာမှု၊ စာနာမှု၊ ထောက်ထားမှု၊ သနားကြင်နာမှု စတဲ့ ဘာသာတရားများ၏ အဆုံးအမကိုပင် လေးစားတန်ဖိုးထားတတ်သူများ ဖြစ်လာစေရမည်။ ထိုကြောင့် မွတ်စလင်မ်လူငယ်များ အနေဖြင့် ဖော်ပြပါတိုက်တွန်းချက်များကို ဖြည့်စွပ်ကာ ညီနောင်အချင်းချင်းအကြားသို့ ဖြန့်ဝေပေးကြပါရန်နှင့် အနာဂတ်တွင် မွတ်စလင်မ်ထုတစ်ရပ်လုံး ဒီထက်ပိုမိုသော ဒုက္ခအခတ်အခဲနှင့် ရင်ဆိုင် ကြုံတွေ့ခြင်းမှ ကင်းဝေးစေရန်အတွက် တက်နိုင်တဲ့ဘက် က ၀ိုင်းဝန်းကူညီကြပါရန် လေးစားစွာ အသိပေးတင်ပြအပ်ပါသည်။

Aung Kyaw Moe
Burma Muslim Youth Network Malaysia

No comments: