အကယ်၍ တော်လှန်ရေးသာ မအောင်မြင်ခဲ့ရင် ကြီးမားတဲ့ တရားခံ ဖြစ်တတ်တယ်။ ဒီလို ဖြစ်ခဲ့ရသူများလည်း ကမ္ဘာမှာ ထုနဲ့ ဒေးပါ။ ကိုယ့်အွမ္မတ်ကို တိုင်းပြည် က မောင်းထုတ် ဘို့ စီမံချက် ချခဲ့လို့-၊ အစ္စလာမ် သာသနာဝင်များကို နိုင်ငံသား အဖြစ်က ရပ်စဲခဲ့လို့။ မတရားသဖြင့် အနိုင်ကျင့် သတ်ဖြတ်နေလို့-၊ မတရားမှုကြီးကို အင်အားနဲ့ ကျူးလွန်နေခိုက်- ဒီမတရားမှုကို တားမြစ်ဘို့ တော်လှန်ရေး လုပ်ခဲ့ရခြင်း ဖြစ်တယ်။ တော်လှန်ရေး ပညာကို ကျွမ်းကျင်လို့လည်း အွမ္မတ်အတွက် တာဝန်ထမ်းခဲ့ခြင်း ဖြစ်တယ်။ ကျွန်တော်တို့ တော်လှန်ရေးဟာ လက်နက်မဲ့ တော်လှန်ရေး သံတမန်နည်း တော်လှန်ရေးကို သုံးခဲ့ရတယ်။ ဒီအချိန်မှာ UN, US, EU, OIC, Arab League, ASIAN တို့အပြင် ကမ္ဘာ့ မီဒီယာများ၊ သတင်းထောက်များ လူ့အခွင့်အရေး အဖွဲ့များ- စတဲ့ အဖွဲ့အစည်းပေါင်းများစွာကို ထိုးဖေါက်ခဲ့ရတယ်။
တော်လှန်ရေးမှာ အဆိုးဆုံး မိစ္ဆာ ဆိုတာ အတွင်းရန် (မိုနာဖက်)တွေ ဖြစ်ကြောင်း ကောင်းကောင်း သိခဲ့ပါ တယ်။ တော်လှန်ရေး ခရီး- မှတ်တိုင်တစ်ခုထိ မရောက်မှီ ရေငုံနှတ်ပိတ် သည်းခံပေးထားခဲ့တယ်။ အခုအချိန်မှာ ဘယ်မိုနာဖက်ကမှ ကျွန်တော်တို့ အွမ္မတ်ကို ဒုက္ခပေးလို့ မရနိုင်တော့ပါ။ အစိုးရက ခိုင်းစေလို့ သို့မဟုတ် မျက်နှာလိုမျက်နှာရ ကိုယ့်အတ္တအတွက် အွမ္မတ်ကို မငဲ့သူတွေ၊ ကျားလည်းကြောက် ကျားချီးလည်း ကြောက်တတ်သူတွေ- အွမ္မတ်က မောင်းမထုတ်မှီ တောင်ဗါဟ် ဖတ်ပါ။ သို့မဟုတ် ကိုယ့်နေရာနဲ့ ကိုယ်နေပါ။ မြန်မာမွတ်ဆလင် အွမ္မတ်ကိစ္စမှာ ၀င်မရှုပ်မိစေပါနဲ့။
ကျွန်တော်တို့က ရန်သူထက် မိုနာဖက်ကို ပိုပြီး ရွံပါတယ်။ အွမ္မတ်ထုကြီးကလည်း အဲ့ဒီ မိုနာဖက်တွေကို အတိုင်းထက်အလွန် ရွံရှာနေပါပြီ။ ကျွန်တော်တို့မှာ အတွင်းသတင်းတွေ အကုန်ရှိနေပါတယ်။ ဒီအချိန်မှာ အလိုက်သိသိ ဘေးမှာ နေပေးဘို့ မေတ္တာရပ်ခံပါတယ်။ ဒီထက်ပို လှုပ်ရှားလာရင် ရန်သူ အားပေးမှုနဲ့ ရောပါသွားပါလိမ့်မယ်။
မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement
No comments:
Post a Comment