ထက်ဝေး
***************************
မြို့ကလက်မခံလို့ နိုင်ငံရပ်ခြား
အဝေးကြီးကိုနှလုံးသားနဲ့ရင်းပြီ
ကိုယ့်မြေကိုယ်ရေကို သိပ်ချစ်ခဲ့တဲ့ မြန်မာပြည်ဖွား နိုင်ငံသားစစ်စစ်တယောက်ပါ
လူ့အခွင့်ရေးဆိုတဲ့ စာမျက်နှာကို ကျော် ဖတ်နေတဲ့ လူတွေကြားမှာ အသက်ရှုကြပ်မိ
အခု ဟို့ဝေးဝေးက မြို့ကလေးကို လွမ်းမိတယ် သူငယ်ချင်းတွေလည်း စိတ်တွေနွမ်းကြေနေရော့မယ် လေ
ငှက်ကလေးတွေအနိမ့်ပျံတဲ့ညနေညိုဆ
တစ်ချို့က အမျိုးသားရေးဆိုတာ ကိုဘာသာပြန်လွဲနေကြတယ်
နိုင်ငံတော် ကိုချစ်ပြီး ကိုယ့် ရပ်ရွာနဲ့ လူ့အဖွဲ့ အစည်း ဖံ့ထွားဖို့ပါဆိုတာ အပ်ကြောင်းထပ်နေတဲ့ ဓါတ်ပြားဟောင်းလိုဖွင့်ပြရ
လောကကိုအလှဆင်ချင်ခဲ့တာပါ
အမှောင်ထုကိုဖြိုခွင်းချင်သူရဲ့မာန်နဲ့ အရဲစွန့်မိသူပါ
ကိုယ့် အမျိုးသားတွေ ကို အလင်းရောင်ပေးပြီ တရားမျှတမှုကို ထုဆစ်ရှာဖွေရင်း အလွမ်းကို သိမ်းထုပ်ထားရတယ်
လောကကြီးမှာ အသိအမှောင်ဖုံးနေတာကိုထွန်းညှီရ
ရင်ချင်းဆက်ဖို့ တယ်လီဖုန်းလိုင်းကလေးကို အားကိုးနေရ
အဖြစ် အပျက်တွေကို ရင်နာနာ နဲ့ပဲ နားစွင့် နေခဲ့ရ
အခုတော့ အမျိုးသားရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ရေခြားမြေခြားမှာပဲ နွံ့နစ်ခဲ့ပြီ
ကိုယ်တိုင်အရည်ပျော်ခံပြီး ဖယောင်းတိုင်လို အလင်းဆောင်ခဲ့ပါတယ် ရွာကလေးရယ်
အိမ်လွမ်းစိတ်ကိုတော့ပီနန်မြစ်ြ
ပြီးတော့ ....ချစ်သူကိုကိုလွမ်းတဲ့ အသည်းကိုလည်းမြစ်ကြီးထဲမျောလို့
( ချစ်ရသော ညီငယ် အောင်ကျော် မိုး သို့)
No comments:
Post a Comment