Tuesday, 19 November 2013

အွန်လိုင်းပေါ်မှ လူ့အခွင့်အရေးချိုးဖေါက် အကြမ်းဖက်မှုများ


ထက်ဝေး

အင်တာနက်သုံးစွဲမှု ခေတ်စားလာသည့်အခါဖုန်းဖြင့်ချိတ်ဆက်သုံးစွဲသူများ၊နက်ဆိုင်မှာသုံးစွဲသူများဖြင့်
ကလေးကစ၍လူကြီးများပါမကျန်သုံးစွဲလာခဲ့ကြသည်။  အင်တာနက် ကိုသုံးစွဲသူများအများအပြား ရှိကြရာ တစ်ချို့က ဖေ့ဘုတ်သုံးကြရာတွင် စီးပွားရေး ၊ လူမှုရေး၊နိုင်ငံရေး သတင်းအချက်အလက်များသိလို၍ဇြစ်ပြီး ရိုးသားစွာဝါသနာအရင်းခံဖြင့် သုံးစွဲ ကြပါသည်။ တစ်ချို့ကချက်တင် ထိုင်လို၍ဖြစ်ပြီးအနည်းငယ်သော တစ်ချို့က မိမိ ၏ အတ္တပေါ်တွင်သူတပါးကို အတင်းချ ရေးသားတိုက်ခိုက်လို၍သုံးစွဲ ခြင်းမျိုးဖြစ်ကြောင်းတွေ့ ရှိရပါသည်။မြန်မာနိုင်ငံ၌ ချက်တင် အသုံး ပြု သူ ၈၂% ရှိသည်ဟုလေ့လာသူများရေးသောစာစောင်များ ၌ မှတ်သားဖူးသည်။ဖေ့ဘုတ်ထဲ၌ အကောင့်တစ်ခုဖွင့်ပြီးမိမိလုပ်ငန်းများ ၊ သတင်းအချက် အလက်များ ကိုတစ်ဦးနှင့် တစ်ဦးဖလှယ်၍ရသည်။ ကိုယ်ပြောချင်သောအကြောင်း အရာများမိတ်ဆွေများနှင့် ဖလှယ်၍
ရသော  ဆွေးနွေးနိုင်သော၊ လူမှုကွန်ယက် ၀က်(ဘ်)ဆိုက်ဖြစ်ပါသည်။
ဖေ့ဘုတ်ထဲ၌အကောင့်တစ် ခုဖွင့်ပြီးမိမိလုပ်ငန်းများ ၊ သတင်း အချက် အလက်များကိုတစ်ဦးနှင့်တစ်ဦးဖလှယ်၍ရသည်။ ကိုယ်ပြောချင်သော အကြောင်းအရာများမိတ်ဆွေများနှင့် ဖလှယ်၍ရသော  ဆွေးနွေးနိုင်သော၊ လူမှုကွန်ယက်ဝက်(ဘ်)ဆိုက်ဖြစ်ပါသည်။ အဆိုပါဝက်(ဘ်)ဆိုက်(Website)များတွင် အမည်
အမျိုးမျိုး ဖြင့်မိမိနှင့် မလိုသူ ရန်သူဟု သဘောပိုက်ကာ လူမျိုးကို ၎င်း၊ ဘာသာကို ၎င်း၊
ဇာတိကို၎င်းထိခိုက်ရေးသားခြင်း၊ ၀ါဒဖြန့်ခြင်းမျိုး လည်း ဖတ်ရှု့ရပါသည်။
     ထိုသို့သော  မကောင်းသော ရည်ရွယ်ချက်ဖြင့် အွန်လိုင်းပေါ်သို့
ဖြန့်လိုက်သည့်အခါ အပြုသဘော မဆောင်သော ဝေဖန်မှုများ ရှိလာသောကြောင့်
ကျင့်ဝတ်စည်းကမ်းရှိသော လူ့ အဖွဲ့အစည်းတခု ဖန်တီးရန် လိုအပ်ကြောင်း
သုံးသပ်မှုများ ရှိလာသည်။
   ဆရာဝတ်တစ်ဦးကိုမကျေနပ်ရာမှစွပ်စွဲရေးသားချက်များ ၊ဓါတ်ပုံတင်၍
မဒိုန်းကျင့်သူဟု စွပ်စွဲ အကြမ်းဖက်ရေးသားချက်များ ၊စာရေးဆရာတစ်ယောက်ကို
ဓါတ်ပုံတင်၍ ထိုးနှက်တိုက်ခိုက်မှုများသည်
လူ့အခွင့်ရေးကိုချိုးဖေါက်ရုံသာမက  စွပ်စွဲချက် သည် ပင် အကြမ်းဖက်မှု
ဖြစ်နေပါသည်။တစ်ချို့က ဓါတ်ပုံခိုးရိုက်တတ်ပြီး အွန်လိုင်းတွင်
အမုန်းတရားဖြင့် ၀ါဒဖြန့်သည် ။ တစ်ချို့က လည်းယုံကြသည် တစ်ချို့ကလည်း
မယုံကြည် ကြပေ။တစ်ချို့က မိမိနပိုင်ဖေ့ဘုတ် (facebook)တွင်
သတင်းေ၇းကြသည်။သတင်းတိကျခြင်း ရှိမရှိ ထက် ဖေ့ဘုတ် ပိုင်ရှင် အမည်
ကိုကြည့်ရာ၌ပင် မသေချာမရေရာ
နေရပ်က စင်ကပူ ၊ဘွဲ့က U.Kကရသည်Profile ကိုကြည့်ရသည် နှင့်ပင်
သဘောပေါက်ပါသည်။ထိုသူရေးသည့် သတင်းများသည် မည် သို့ ယုံရမည် နည်း။
တစ်ချို့သတင်းသမားများက အမည် နေရပ် ဆက်သွယ်ရန်ဖုန်း နှင့်
၎င်း၏ဓါတ်ပုံကိုပင်ဖေါ်ပြထားသည် ။ထိုသူတို့က သူတို့၏ သတင်းကို တာဝန်ယူကြောင်း
ပြသထားပုံရသည   သတင်းသမား တစ်ယောက်ကပြောပါသည်။ ကျွန်တော်တို့သည် လူသတ်သမားမဟုတ်တဲ့ ..။မှန်ပါသည်  သတင်းသမား
ဆိုသည်မှာလူသား ကောင်းကျိုး အတွက် ဆောင်ရွက်နေကြသည့်
သူတွေ ဖြစ်ပါသည်။ သို့သော်သတင်းသမားတစ်ယောက်၏မှားယွင်းသောရေးသားချက်များမှာ
                          ပဋိပက္ခကိုဖြစ်စေနိုင်ပါသည်
အွန်လိုင်းပေါ်ရောက်သွားသည့်  သတင်းအချက်အလက်များကြောင့်
ပဋိပက္ခဖြစ်ရသည်များ၊ အွန်လိုင်းတွင် ရောက်သွားသည့်
ပုဂ္ဂိုလ်ရေးဆိုင်ရာများကြောင့် နှစ်နာသူများ၏ရင်ဖွင့်သံက အွန်လိုင်းတွင်
ပြန်လည် ပြန့်နှံနေပြန်ပါသည်။အွန်လိုင်းတွင် ဗဟုသုတရဖွယ်များ ၊ တိကျသော
၊မျှတသော အသတင်းအချက်အလက်များလည်းရှိ ပါသည်။ သို့သော် ချင့်ချိန်နှိုင်းဆ
ယုံကြည်ရန်လိုအပ်ပါသည်။ရုံးကိစ္စတစ်ခုကို အွန်လိုင်းပေါ် ပါလာသည့်အတွက်
အထက်အရာရှိက ချက်ချင်းခေါ်ယူ စစ်ဆေး အရေးယူခြင်းမျိုး ယခင်က ကြားသိရသည်။
အရင်းစစ်လိုက်သည့်အခါ သတင်းမှား ဖြစ်နေပြန်သည်။ အစစ်ခံရသည့်
ရုံးဝန်ထမ်းမှာ  အလွန်နှစ်နာ ခဲ့ရသည်။
            အရပ်ထဲ၌ လူပြောသူပြောများနေသည့် စကားတစ်ခွန်းမှာ `
အင်တာနက်တင်လိုက်မယ် ´ဟူ၏။လူငယ်များက
မိမိတို့မကြေလည်မှုများကိုဖေ့ဘုတ်၌ဖွကြသည်။သူတို့အမြင်က
ဖွဘုတ်ပင်။လူလတ်ပိုင်းတစ်ချို့က
ဘာသာရေးမုန်းတီးမှုများရေးကြတာတွေ့ရသည်။တစ်ချို့ ဘာသာရေးကိစ္စများကို
မမှန်သတင်းရေးကြသည်။အရပ်ထဲ ၌ သူတို့က ကြွေးကြော်လိုက်သေး၏ ´ မီဒီယာ ´သမား
ဟူလို။ဖေ့ဘုတ်ပေါ်တွင် မိမိ၏အမုန်းကို ဖေါ်ပြတတ်ကြသလိုဝါဒဖြန့်ကြသည်။
 လူ့အခွင့်ရေး ဆိုသည်မှာလူသားတို့ ဂုဏ်သိက္ခာအပြည့်အ၀ဖြင့်
အသက်ရှင်နေထိုင်ရန်အတွက် မရှိမဖြစ် လိုအပ်သော အခြေခံ အဆင့်အတန်းအချက်
များဖြစ်ပါသည်။ လူတိုင်းတွင် ကျင့်ဝတ်ရှိသည်။ သတင်းသမားတွင် လည်း
လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်း၇ှိပါသည်။လူသားတိုင်းကျင့်ဝတ်လိုက်နာပြီး
လူသားတို့၏ အခွင့်အရေးကို  နားလည် စောင့်ထိန်း ခြင်း ဖြင့်
ငြိမ်းချမ်းသော လူ့ဘောင် ကို တည် ဆောက်ကြပါစို့ ဟုဆိုချင်ပါသည်။

No comments: