ထုတ်ပြန် ကြေငြာချက် ၁၁/၂၀၁၃ ၂၀၁၃ ခု နိုဝင်ဘာလ ၁၅ ရက်
**********************************************************************************
အစ္စလာမ် သာသနာဝင်များအား တိရစ္ဆာန်များဟု သုံးစွဲပြောဆိုသူ များအား
ပြင်းထန်စွာ ချက်ချင်း အရေးယူပေးရန် တောင်းဆိုချက် ။ ..။
မြန်မာအစိုးရ ဖိတ်ကြားမှုအရ ၂၀၁၃ နိုဝင်ဘာလ ၁၃ ရက်မှ စ၍ မြန်မာပြည်
တွင်းသို့ ရောက်ရှိနေသော အိုအိုင်စီခေါ် အစ္စလာမစ်ပူးပေါင်း ဆောင်ရွက်ရေး
အဖွဲ့အား မြန်မာအစိုးရ၏ ခွင့်ပြုချက်ဖြင့် ရှုံချဆန္ဒပြပွဲများကို ကျွန်ုပ်တို့သိမြင်ရသည်။
အစိုးရကိုယ်တိုင်ဖိတ်၍ UN Mandate ဖြင့် မြန်မာ နိုင်ငံသို့ သွားရောက်သော
OIC အား မီးစတစ်ဖက် ရေမှုတ်တစ်ဘက် ၀ါဒဖြင့် ကြေးစား ဆန္ဒပြသူများအား
အစိုးရမှ စေခိုင်းခဲ့သည်ကိုလည်း ကျွန်ုပ်တို့ လေ့လာ တွေ့ရှိရသည်။
ဒီမိုကရေစီစနစ်အောက်တွင် အိုအိုင်စီကို သာမက မည်သည့်အဖွဲ့အစည်းကိုမဆို
လွတ်လပ်စွာ ဆန္ဒထုတ်ဖေါ် ပြသခွင့်ရှိသည်ကို ကျွန်ုပ်တို့လက်ခံသည်။ သို့သော်
ထိုဆန္ဒပြပွဲတွင် အစ္စလာမ် သာသနာအား တိရစ္ဆာန်ဝါဒဟု ဆိုင်းဘုတ်တင်လျှက် အစ္စလာမ်သာသနာတစ်ရပ်လုံးကို စော်ကားလိုက်သည့်အပြင်၊ ကမ္ဘာ့မွတ်ဆလင်
ထုတစ်ရပ်လုံးကိုလည်း ပြတ်ပြတ်သားသား စစ်ခေါ်လိုက်ခြင်း ဖြစ်သည်။
ရိုဟင်ဂျာ၊ ကမန်နှင့် မြန်မာမွတ်ဆလင်တို့အား အကြမ်းဖက်သတ်ဖြတ် လူမျိုးတုံး
သုတ်သင်မှုကြီးသည် ပြည်တွင်းရေး ကိစ္စ သီးသန့်မဟုတ်ဘဲ ကမ္ဘာ့ကုလသမဂ္ဂတွင်
မဖြစ်မနေ ဖြေရှင်းရမည့် အရေးပေါ်အရေးကိစ္စ နံပါတ်တစ်နေရာတွင် ရှိနေပြီးဖြစ်ပြီး
ထိုသို့ မဖြစ်ရ စေရန် အိုအိုင်စီမှ သွားရောက် ဖြန်ဖြေသည့် စေတနာအား အသိ
အမှတ်မပြုသည့်အပြင် အစ္စလာမ်သာသနာထုတစ်ရပ်လုံးအား တိရစ္ဆာန်နှင့်ခိုင်းနှိုင်း
ပြောဆိုခြင်းကို ဦးသိန်းစိန်အစိုးရမှ ပြောင်ပြောင်တင်းတင်းပင် ခွင့်ပြုခဲ့ခြင်းမှာ ..
ကမ္ဘာ့ မွတ်ဆလင်ထုအား ဘာသာရေးစစ်ပွဲအဖြစ် စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။
ဦးသိန်းစိန် အစိုးရ အနေဖြင့် ဘာသာတရားတစ်ခုအား ဤသို့ရိုင်းစိုင်းစွာ ပြောဆို
သည့်စကားလုံးအပေါ်တွင် တာဝန်အပြည့်ရှိနေပြီး ထိုသို့ပြောဆို ဆန္ဒပြသူများအား
ပြင်းထန် ပြတ်သားစွာ ချက်ချင်းအရေးယူ ပေးရမည်ဖြစ်သည်။ အရေးယူပေးမှု -
ပျက်ကွက်ခဲ့လျှင် ဖြစ်လာသမျှသော ဆိုးကျိုးများအတွက် ဦးသိန်းစိန် အစိုးရတွင်သာ
တာဝန်အပြည့်ရှိပေသည်။
မိုးကျော်
အထွေထွေ ညွှန်ကြားရေးမှုး
တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့

No comments:
Post a Comment