မြန်မာပြည်က မွတ်ဆလင်တွေ- လူမျိုးအမည်မှာ
မွတ်ဆလင် ဆိုတဲ့ စကားလုံးကို သုံးလို့ မဖြစ်ဘူး၊ ဒါဟာ ဘာသာရေး အသွင်ဆောင်
နာမည် ဖြစ်နေတယ်။ ဒီနာမည်ကို ကိုင်ပြီး ကမ္ဘာမှာ ကျွန်တော်တို့ လုပ်ရကိုင်ရ
ခက်ပါတယ်။ ဘာသာရေး ကိုယ်စားပြုအမည်နာမ ကို
ရှောင်ပြီး နာမည်တစ်ခုခု ရွေးချယ်လိုက်ပါ။ ရွေးချယ်ဘို့ အခက်အခဲ ဖြစ်နေရင်
ကုလား လို့ပဲ သတ္တိရှိရှိ လက်ခံလိုက်ပါ။ သန်းခေါင်စာရင်းမှာ ဘယ်သူ
အသိအမှတ်ပြုပြု မပြုပြု ကုလားလို့ ပဲ ရေးသားလိုက်ပါ။ ကုလား ဆိုတဲ့
စကားလုံးဟာ မြန်မာနိုင်ငံမှာပဲ ရှိတဲ့ စကးလုံး ဖြစ်ပြီး ကမ္ဘာမှာ ကုလား
ဆိုတဲ့ အမည်နဲ့ နိုင်ငံမရှိဘူး။ ဒီတော့ ကုလား ဆိုတာကို နိုင်ငံခြားသားလို့
စွပ်စွဲလို့ မရဘူး။ အကယ်၍ ကုလား ဆိုတဲ့ လူမျိုး အဖြစ် မိမိက ရပ်တည်လို့
သူတို့ဘက်က ခွဲခြားမယ် ဆိုရင် မြန်မာတစ်ပြည်လုံး ဆင်းရဲမွဲတေ
စုတ်ပြတ်သွားအောင် ကျွန်တော်တို့ လုပ်နိုင်ပါတယ်။ ကျွန်တော်တို့ကို
တန်းတူညီမျှ အခွင့်အရေး မပေးရင် သူတို့ပဲ ဒုက္ခရောက်သွားပါမယ်။ အခု
အချိန်မှာ-
(၁) သူတို့အနေနဲ့ ကျွန်တော်တို့ကို မောင်းထုတ်ဘို့ သတ္တိမရှိတော့ဘူး- (မောင်းထုတ်မိရင် သူတို့ ပြသနာ အကြီးကြီး ရှိနေတယ်။)
(၂) တစ်တိုင်းပြည်လုံး တန်းတူညီမျှ အခွင့်အရေး မရရင်- မြန်မာပြည်အတွက် ကူညီမယ်ဆိုတာ စကားလုံး (လေ)ပဲရမယ်။ လက်တွေ့ လာလို့ မရဘူး။
(၃) အစိုးရက ဒီပြသနာတွေကို မျှောထားဘို့ဆိုတာ အချိန်ကန့်သတ်မှု ရှိတယ်။ သူတို့ကို ရာသက်ပန် ဘေးမဲ့ လွှတ်ပေးထားတာ မဟုတ်ဘူး။-
ဒီလောက် လုပ်ပေးထားတာတောင် ကျွန်တော်တို့ သတ္တိမရှိရင် ကျွန်တော်တို့ကို
ကျွန်တော်တို့ တစ်ခါမှ မရောက်ဘူး မနေဘူးတဲ့ ပါကစ္စတန်- အိန္ဒိယ- ဘင်္ဂလားဒေ့ရှ်
ဆိုပြီး သတ်မှတ်ခံရလိမ့်မယ်၊ ဒါဆို ကျွန်တော်တို့ကို နိုင်ငံခြားသားလို့
သတ်မှတ်သွား လိမ့်မယ်။ ကုလား ဆိုတဲ့ ဝေါဟာရကို ကိုင်လိုက်ရင် ဘယ်လိုမှ
နိုင်ငံခြားသားလို့ သတ်မှတ်လို့ မရ ဖြစ်သွားမယ်။ ဂုဏ်ရှိခြင်း မရှိခြင်းက
ကျွန်တော်တို့ရဲ့ ကြိုးစားမှုနဲ့ ဆိုင်တယ်။ မြန်မာပြည်က မွတ်ဆလင်တွေ
သတ္တိရှိပါ။ ရပ်တည်ချက် ခိုင်မာပါ။ တွေဝေ နေရင် နောက်ကျသွားပါလိမ့်မယ်။
မိုဟမ္မဒ် သွာဟေ (ခ) ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement
No comments:
Post a Comment