2014 သန်းခေါင်စာရင်း မှာ မြန်မာ မွတ်စလင်မ်တွေ နိုင်ငံခြားသားအဖြစ် အရေတွက် မခံမိစေဖို့ ဖတ်ကြည့်ပေးပါ။ ရိုဟင်ဂျာက ကမ္ဘာသိပါ။ ကမန်က 135 မှာပါပြီးသားပါ။ ပန်းသေးက
လူမျိုးသီးသန့် ရှိပြီးသားပါ။ ပသျှူးက ဘိတ်၊ ကော့သောင်းက လူမျိုးဖြစ်ပါတယ်။
နောက်ပြီး ကရင်ထဲက မွတ်စလင်မ်တွေက ကရင်လူမျိုးလို့ ရွေးချယ်ရမှာပါ။
မွန်ထဲကတော့ မွန်ပဲပေါ့။ ကချင်ထဲကလည်း ကချင်ပါပဲ။ အဲဒီလိုပဲ တိုင်းရင်းသား ၇ မျိုးထဲက မွတ်စလင်မ်တွေက ကိုယ့်တိုင်းရင်းသားလူမျိုးအမည်ရေးဖို့ဖြစ်ပါတယ်။
နိုင်ကတ် မှာ ဗမာ+အိန္ဒိယ၊ ဗမာ+ဘင်္ဂါလီ၊ ဗမာ+ပါကစ္စတာန် ဗမာ+စူရ်တီ လို့
ရေးထားခံရတဲ့သူတွေ ရှိနေပါတယ်။ အဲသည်လိုလူတွေအနေနဲ့ ဗမာလို့ခံယူလို့မရဘူး။
ဘာကြောင့်လဲဆိုရင် ကျနော်ကိုယ်တွေ့ ဗမာခံယူမယ် ဆိုတော့ လဝက က ဗမာဆိုတာ
ဗုဒ္ဓဘာသာကိုပဲ ကိုးကွယ်တယ်။ ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဆိုမှ ဗမာ ခံယူလို့ရမယ်။
ကိုးကွယ်သည့်ဘာသာ ပြင်မလား မေးပါတယ်။ ကိုးကွယ်သည့်ဘာသာ မပြင်နိုင်ရင်တော့
ဗမာ+ တစ်ခုခု ပေးကိုပေးရပါတယ်။ ကျနော်တို့ ဗမာတော့ ဘယ်နည်းနဲ့မှ
မဖြစ်နိုင်ဘူး။
အဲသည် + နဲ့ ကတ်ရထားတဲ့လူတွေအတွက် လူမျိုးနာမည် သီးခြား
တစ်ခု ထားဖို့ ကျနော် အကြံပြုချင်ပါတယ်။ အဲသည်မှာမှ ဘယ်နာမည်ကို ရွေးမလဲ။
ဒါကို ဆွေးနွေးရပါ့မယ်။ တကယ်လို့ သီးခြား မထားလိုက်ဘူးဆိုရင်
ဘာတွေဖြစ်နိုင်လဲဆိုတာတော့ ကုတ်နံပါတ် 900 ထဲမှာထည့်လိုက်ရမယ်။
လူတွေအနေနဲ့တော့ နိုင်ငံခြားသား ဖြစ်သွားမှာမဟုတ်ဘူး၊ လက်ရှိလူတွေအတွက်
ဘာမှလည်း မထူးခြားဘူး။ ထူးခြားမှာက ဒီလို သန်းခေါင်စာရင်းကောက်မှုက
နောက်ဘယ်နှစ်နှစ်ကြာမှ လာမလဲမသိတာ။ ဒီစာရင်းကို အတည်ယူထားမှာ နှစ် ၅၀ လား
၃၀ လားမသိဘူး။ လက်ရှိ မြန်မာမွတ်စလင်မ် လူဦးရေရဲ့ အစိတ်အပိုင်းတစ်ခုခုကို
နိုင်ငံခြားသား အနေနဲ့ ထည့်သွင်းတွက်ချက်သွားမှာကိုပဲ
ကျနော်အစိုးရိမ်ဆုံးပါ။ ဒါ့ကြောင့် + သမားတွေအတွက်ရယ် 135
မှာမပါတဲ့မွတ်စလင်မ်တွေအတွက်ရယ်
ကွင်းစကွင်းပိတ်ထဲမှာ မြန်မာမွတ်စလင်မ် နာမည်နဲ့ လူမျိုးနာမည်တစ်ခု ထည့်စေချင်ပါသည်။
ကုတ်နံပါတ် 900 သည် မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသား သွေးနှောများ
ဖြစ်ပါသည်။ ခုခေတ်မှာ အဲသည်လူမျိုးဆိုတာ မရှိသလောက်ရှားသွားပြီဖြစ်ပါသည်။
ကျနော်တို့ ဘိုးဘွား လေးယောက် ဘေး ရှစ်ယောက်လုံးနီးပါး ဒီမှာမွေးသူတွေပါ။
ကျနော်ကတော့ ကုတ်နံပါတ် 900 မှာဖြည့်ဖို့ ဆိုတာကို အပြင်းအထန်
ကန့်ကွက်ပါတယ်။ 901 ကနေစတာကတော့ ပတ်စ်ပို့ကိုင်လာတဲ့ နိုင်ငံခြားမှာ
မွေးတဲ့လူတွေအတွက် ဖြစ်တယ်ဆိုတာကို အားလုံးသတိထားကြပါ။
Next generation အတွက် သိသမျှကို ရေးသားမျှဝေပါသည်။ စလာမ်ဖြင့်။
Mohammed Bilarl Rangooni
No comments:
Post a Comment