(၃)-မြန်မာမွတ်စလင်မ်လူမျိုးဆိုတဲ့အမည်ကို ရှေ့ဆက်ခေါ်ဖို့အတွက်
ပညာရှင်များရဲ့ အဆိုပြုချက်များကိုလည်း သဘောထားခံယူသူများလည်းရှိနေပါသည်။ မြန်မာမွတ်စလင်မ်ဆိုတာ
ဘာသာရေးနဲ့ တွန့်တွဲခေါ်ဝေါ်နေခြင်း ဖြစ်သည့်အတွက် မသင့်တော်ကြောင်း အကြံပြုဆွေးနွေးချက်များစွာ
လည်းထွက်ပေါ်လာခဲ့ပြီးနောက် လူအများ စုမှာ လူမျိုးတစ်မျိုးခံယူခြင်းအားဖြင့် ၂၀၁၄ခုနှစ်
သန်းခေါင်စာရင်းကို အသံတူညီကြစေရန်အလို့ငှာ လူမျိုးတစ် မျိုးကိုခံယူဖို့ ဆန္ဒပြင်းပြနေကြပါသည်။
(၄)-အဘယ့်ကြောင့်ဆိုသော် မြန်မာမွတ်စလင်မ်၊ ထိုင်းမွတ်စလင်မ်၊
မလေးမွတ်စလင်မ်၊ အမေရိကန်မွတ်စလင်မ် အိန္ဒိယန်မွတ်စလင်မ် စသဖြင့် ခေါ်ဝေါ်နေကြတာဟာ လူမျိုးအမည်ဟု
သတ်မှတ် ခေါ်ဝေါ်နေကြခြင်းမဟုတ်ပါ။ ဥပမာ- အိန္ဒိယန်လူမျိုးထဲမှာ လူမျိုးပေါင်း(၂၀၀)ကျော်ရှိပါတယ်။
အဲဒီလူမျိုးပေါင်း (၂၀၀)ကျော်ထဲက ဘယ်လူမျိုးကိုပြောတာလည်းဆိုတာ ရှိပါသေးတယ်။ ဒါကြောင့်
လူမျိုးနဲ့+ဘာသာ၊ နိုင်ငံ+ဘာသာ၊ ဒီလိုတွဲပြောတာတွေဟာ လက်ရှိဖြစ်နေတဲ့ ပြဿနာတွေထက်ပိုဆိုးလာနိုင်ပါတယ်။
(၅)-ထို့ကြောင့် ဒီလိုရှုပ်ထွေးမဲ့ အခေါ်အဝေါ်တွေကို အဆွဲအလန်းမထားတော့ဘဲ
ဒီနေရာမှာပဲ ထားခဲ့ကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ ဒီလိုပြောရခြင်းမှာ ကျုပ်တို့ညီနောင်အချင်းချင်းအပေါ်
သွေးကွဲစေမယ်လို့ မရည်ရွယ် ပါဘူး။ စေတနာထက်သန်စွာနဲ့ ဖြစ်သင့်မယ်ထင်လို့ အကြံပြုင်းခြင်းသာဖြစ်ပါတယ်။
ဒီအမည်ကိုမစွန်ချင်ဘူး မပယ်ချင်ဘူးဆိုရင်လည်း ယဉ်ကျေးမှုတူ၊ ဘာသာ သာသနာတူ လူအုပ်စုကြီးအဖြစ်သာ မြန်မာမွတ်စလင်မ်ဆိုတဲ့
အမည်ကို သုံးနိုင်ပါတယ်။ဒါကြောင့် မြန်မာမွတ်စလင်ဆိုတဲ့အသုံးအနှုံးက ရှေ့ဆက်မဲ့ လူမျိုးသတ်မှတ်တဲ့နေရာမှာ
မဖြစ်နိုင်တော့ပါဘူး။ နောက်ဆိုရင် မြန်မာမွတ်စလင်ဆိုတဲ့(အဓိပ္ပါယ်)ဟာ
မြန်မာပြည်က အစ္စလာမ်သာသနာဝင် ရိုဟင်ဂျာ၊ ကမန်၊ ပသျှူး၊ ပသီ၊ ကရင်၊ ရှမ်း စသဖြင့် ခေါ်ကြတောမှာ
သေချာသလောက်ရှိနေပါပြီ။
(၆)-အခုလိုအချိန်မှာ ကျုပ်တို့ ညီနောင်မွတ်စလင်မ်တွေ လမ်းချော်သွားမှာစိုးရိမ်လို့
ပွက်လောရိုက်နေကြတာကို လည်းမြင်ရပြန်ပါတယ်။အရမ်းစိုးရိမ်တတ်တာလည်း အန္တရာယ်ရှိနိုင်ပါတယ်။
ဒီအချိန်မှာ သွေးအေးအေးနဲ့ ခေါင်းအေးအေးထားပြီး စဉ်းစားဆုံးဖြတ်ဖို့လိုပါတယ်။ သဘောထားမတိုက်ဆိုင်တဲ့သူတွေ
စာပွဲဝိုင်းသို့ခေါ်ယူ ပြီး အသေးစိတ်ဆွေးနွေးကြဖို့လိုပါတယ်။အကြေအလည်ဆွေးနွေးဖို့လိုပါတယ်။
ထို့ကြောင့် မြန်မာမွတ်စလင်မ် လူမှုကွန်ယက် အသီးသီးက ဦးဆောင်ပြီး အလွှာပေါင်းစုံမှ
ညီနောင်မွတ်စလင်မ်တွေကို သေချာဖိတ်ခေါ်ယူ ဆွေးနွေးပေးမှသာလျှင် ၂၀၁၄ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်းစာရင်း
ကောက်ယူတဲ့အခါ သတ္တိရှိရိ မိမိတို့ရဲ့ လူမျိုးတစ်မျိုးရဲ့ အမည်ကို အသံတူညီစွာ ဟစ်ခေါ်နိုင်ကြမှာပဲဖြစ်ပါတယ်။
(၇)-နိဂုံးချုပ်အနေနဲ့ ပြောရရင် မကြာခင်မှာပြင်ဆင်မဲ့ ၁၉၈၂ခုနှစ်
ဥပဒေကိုပြင်ဆင်ပြီးတဲ့အခါ ကျုပ်တို့ မြန်မာနိုင်ငံ၌ မှီတင်းနေထိုင်ကြကုန်သော အစ္စလာမ်ဘာသာဝင်
မွတ်စလင်မ်တို့အား သမိုင်းဝင် တိုင်းရင်းသား ပေးရန် အကြောင်းညီညွှတ်လာပါက ၂၀၁၄ခုနှစ်
သန်းခေါင်စာရင်း၌ အသံတူညီထားပြီးဖြစ်သော လူမျိုး တစ်မျိုးရဲ့ အမည်ကိုလွယ်ကူစွာ အဆိုတင်သွင်းပြီး
အတည်ပြုပြဌာန်းနိုင်မှာဖြစ်ပါတယ်။ဒါကြောင့် မွတ်စလင်မ် ညီနောင်များ အတွေးမမှားကြပါနဲ့
ကျုပ်တို့မှာရှိတဲ့ အရည်အချင်းတွေကို စုပေါင်းပြီး အားသွန်ခွန်စိုက် ရည် မှန်းချက်
ပန်းတိုင်တစ်ခုကို အောင်မြင်စွာကျော်ဖြတ်နိုင်ဖို့အတွက် ၂၀၁၄ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို
အသံတူကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။
-အောင်ကျော်မိုး။
No comments:
Post a Comment