Monday, 11 November 2013

အခြားလူမျိုးစာရင်းထဲရောက်သွားမှာကို လုံးဝ မကြောက်ပါနဲ့။

(၁)-ကျနော်တို့ရဲ့ အမိမြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တိုင်းရင်းသား အုပ်စုကြီး (၅) စုရှိတယ်။ အဲဒီ တိုင်းရင်းသား မျိုးနွယ်အုပ်စု (၅) စုကတော့ (၁) ပသီ၊ (၂) ရိုဟင်ဂျာ၊ (၃) ကမာန်၊ (၄) ပသျှူးနဲ့ (၅) ပန်းသေး တို့ ဖြစ်တယ်။ဒီအုပ်စု ငါးစုထဲက မိမိနှစ်သက်ရာ ရွေးနိုင်ပါတယ်။ ရိုဟင်ဂျာတွေက ရိုဟင်ဂျာလူမျိုးလို့ ခံယူမှဖြစ် တဲ့အတွက် အငြင်းပွားစရာမရှိပါဘူး။ သူတို့ရိုဟင်ဂျာလို့ပဲဖြည့်ပါလိမ့်မယ် သို့ပေမဲ့လည်း ကျန်တဲ့လေးအုပ်စုမှာ မိမိနှစ်သက်ရာကို ဖြည့်နိုင်သော်လည်း ပသီလို့ဖြည့်ဖို့ တိုက်တွန်းတယ်။ တိုက်တွ န်းခြင်းသာဖြစ်တယ်။လုပ်ကိုလုပ်ရမယ်လို့ မပြောဝံဘူး။ဒါမှ အခြားအုပ်စုတွင်း ထဲ့သွင်းခံရတဲ့ လူအုပ်စုကြီးရဲ့ အရေအတွက်မှန်ကို ရမယ်။ အခြားအုပ်စုထဲမှာ မွတ်စလင်မ်က များတာမို့ အခြားအုပ်စုရဲ့ လူဦးရေ အမှန်ကို ရခြင်းက လျှော့နဲပြီး ရရှိခြင်းထက် ပိုအကျိုးရှိမယ်။ တစ်ကယ်တော့ မှတ်ပုံတင်ထဲမှာ အကြောင်းကြောင်ကြောင့် မည်သည့်လူမျိုးပင် ဖြစ်နေသော်လည်း မွတ်စလင်ဖြစ်ခြင်းကြောင့် ခွဲခြားဖိနှိပ်မှုတွေက ရှိနေဆဲဖြစ်တာကိုလည်း ကျနော်တို့ သိထားနေကြတာပါဘဲ။
(၂)-အခြားလူမျိုးစာရင်းထဲထည့်မယ်ဆိုတာ ဘယ်လိုအခြားစာရင်းလည်းဆိုတာ သိစေချင်ပါတယ်။ တိုင်းသား(၁၃၅)မျိုးနဲ့ အခြားနိုင်ငံသားများ၏ ဂဏ္ဍာန်းသင်္ကေတစာရင်းဆိုတဲ့ စာရွက်လေးကို တွေ့ကြပါလိမ့်မယ်။ အဲဒီထဲမှာ အခြားတိုင်းရင်းသား လူမျိုးများ ကုပ်နံပါတ်- (၈၅၀)၊ မြန်မာ-နိုင်ငံခြားသား သွေးနှောသူများ ကုပ်နံပါတ်- (၉၀၀)၊ ပါကစ္စတန်ကုပ်နံပါတ် (၉၀၄)၊ အိန္ဒိယကုပ်နံပါတ် (၉၀၉)၊ ဘင်္ဂလားဒေ့ရှ်/ဘင်္ဂါလီ ကုပ်နံပါတ်-(၉၁၀)၊ အခြားနိုင်ငံခြား လူမျိုးများ ကုပ်နံပါတ်- (၉၁၂)၊ ဆိုတဲ့ပုံစံပြဇယားအတိုင်း ပါရှိပါလိမ့်မယ်။ ဖော်ပြထားတဲ့ ကုတ်တွေ ဟာ အခြားစာရင်းကိုပြောနေတာပဲဖြစ်ပါတယ်။ ကဲဒါဆိုရင် ပသီဆိုရင်ရောလို့မေးစရာရှိပါတယ်။ ပသီဆိုရင်လည်း အခြားအမည်စာ ရင်းထဲသွားမှာပဲ ဒါပေမဲ့ တစ်ညီတစ်ညွှတ်ထဲ ထွက်လာတဲ့ အမည်စာရင်းကြောင့် အစိုးရရဲ့လိမ်စဉ်တွေ အဖေါ်ခံရမှာသေချာပါတယ်။ ကျွန်တော်တို့သာ ညီမယ် ဆိုရင် အဆိုးရဘက်က တစ်မျိုးတစ်ဖုံ ပြောင်းသွားနိုင်ပါတယ်။ဒီလောက်လူဦးရေဟာ အခြားထဲဘာကြောင့်ရောက်နေတာလဲဆိုတဲ့အဖြေ သူဘယ်လိုဖြေမှာလဲ။အခြားထဲရောက်ရင်လည်းရောက်ပါစေ ကျွန်တော်တို့ဘက်က တစ်သံတည်းထွက်ဖို့လိုတယ်။

(၃)-ဒီအချက်ဟာအဓိကကျတယ် ကျွန်တော်တို့ လူမျိုးမှာ ညီဖို့နဲးနဲးပါးပါး ချွတ်ချော်ခဲ့မယ်ဆိုရင်လည်း။ ဘာသာမှာတော့ လုံးဝ မလွဲပါစေ နဲ့ အစ္စလာမ်ဘာသာ တစ်မျိုးတည်းပြောပါ။ စွန္နီတို့၊ ရှီယာတို့၊ ကာဒရန်ဒီတို့ ဒီလိုပြောလိုက်ရင် ဘာသာအခေါ်ပြောင်းမှတ် သွားပါလိမ့်မယ်။ အစ္စလာမ်ဘာသာဟု တစ်မျိုးတည်းပြောပါ။ ဒုတိယအနေနဲ့ ကိုးကွယ်သည့်ဘာသာ တူညီနေတယ်ဆိုရင် ဒီဘာသာဝင်တွေ အားလုံး အခြားစာရင်းထဲရောက်နေတာကို ကမ္ဘာကမြင့်တွေသွားတဲ့အခါ ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းနဲ့ပါတ်သတ်လို့ မွတ်စလင်မ်တွေအပေါ် အစိုးရရဲ့မတရားလုပ်တာတွေ ပေါ်ပေါက်လာစရာ အကြောင်းခံတစ်ရပ်ဖြစ်လာပါမယ်။

ထိုကြောင့် ၂၀၁၄ခုနှစ်သန်းခေါင်းစာရင်းဖြည့်တဲ့အခါ ညီညွှတ်ရေးကိုဦးတည်ပြီး လူမျိုး တစ်မျိုးကို ပိုင်ပိုင်နိုင်နိုင်ပြောကြပါ။ ဘာသာမှာတော့ အစ္စလာမ်ဘာသာဟု သတ်သတ် မှတ်မှတ် ရေးပါ၊ နိုင်ငံသားမှာတော့ မြန်မာနိုင်ငံသားဖြစ်တယ်လို့ ရဲရဲတင်းတင်းပြောပါ။ ကြိုက်တာဖြေ အားလုံးကို အခြားစာရင်ထဲပိုမှာပဲ ဒါပေမဲ့ အဲဒီ့အခြားစာရင်းထဲမှာ စုစု စည်းစည်း ညီညီညွှတ်ညွှတ် ရှိနေဖို့လို့ အရေးကြီးတယ်။ သို့မဟုတ်ပါက သူများရောင် တိုင်း သန်ရောင်လိုက်နေမယ်ဆိုရင် တစ်ဦးချင်းစီတိုင်းရဲ့ ဆုံးရှုံးမှုက အင်အားတစ်ရပ် သို့ အဆိုးသက်ရောက်လာစေပါတယ်။
မွတ်စလင်မ်ညီနောင်တို့ အလုံးစုံကို ဒီကာလမှာ မျက်စီဖွင့် နားဖွင့် ထားကြပါ။

ဗမာ့တိုင်းရင်းသားမွတ်စလင်မ်-အောင်ကျော်မိုး။

No comments: