မြန်မာနိုင်ငံတွင်းမှာ သတိပြုစရာလေးတွေပါ…..
ကျွန်တော့်အဖေဟာ…AE… ခေတ်တုန်းက…အမျိုးသားမှတ်ပုံတင် ကို တိုင်းရင်းသားလို့ရေးပြီး…လူမျိုး …ဗမာမွတ်စလင်…နဲ့ ကိုင်ခဲ့တာပါ….
နောက်ပိုင်း…ကျွန်တော်မှတ်မိသလောက်…၁၉၇၀ခု ကျော်ကျော်လေး မှာ…ကျွန်တော်တို့ညီအစ်ကိုမောင် နှမတွေနဲ့အတူတူ…သုံးခေါက်ချိုး. .အစိမ်း ရောင်ကဒ်ပြန်လုပ်ရပါတယ်…အဲ့ဒီအထဲမှာတမိသားစုလုံး…လူမျိုး…မြန်မာ…ကိုးကွယ်သည့်ဘာသာ…အစ္စလာမ်…ဖြစ်သွားပါတယ်။
၁၉၉၀ခု…ရွေးကောက်ပွဲမတိုင်ခင်လေး…နိုင်ငံသားစီစစ်ရေးကဒ်ပြား… ပန်းရောင်တွေလဲပေးတော့…ကျွန်တော်တို့ တမိသားစုလုံး…လူမျိုး… ဗမာ… ကိုးကွယ်သည့်ဘာသာ…အစ္စလာမ်…ဖြစ်သွားပါတယ်…။လဝက…က သူတို့အထက်ကချမှတ်ပေး တဲ့…နှုတ်မိ န့်နဲ့…လုပ်ချင်ရာ… လုပ်နေကြတာပါ…။
ကျွန်တော်တို့ရဲ့မှတ်ပုံတင်ထဲမှာ…ဗမာ…လို့ရေးသားထားတဲ့…ရည်ရွယ် ချက်ကိုကျွန်တော်တို့ သိပါတယ်…လူ မျိုးစုလွှတ်တော်လိုမျိုး-လူဦးေ ရအလိုက် ကိုယ်စားလှယ်ရွေးချယ်ရရင်…ဗမာကိုယ်စားလှယ်အရေအတွက်…ပိုရအောင် လို့ပါ…ကျွန်တော်တို့ကို…တန်းတူ အခွင့်အရေးပေးဖို့မဟုတ် ဘူးဆိုတာ …သိပါတယ်…။ဦးနေဝင်းအာဏာသိမ်းပြီးတဲ့နောက် ပိုင်း… တပ်မတော်အပါအဝင်… တိုင်းပြည်တာဝန်ထမ်းဆောင်နိုင်မှုဆိုတဲ့အခွင့်အရေးကို…အစ္စလာမ်တွေထံက…ရုတ်သိမ်းလာခဲ့ တာ…သူ့တာဝန် ကိုဆက်လက်ထမ်းဆောင်ခဲ့တဲ့…စစ်အစိုး ရလက်ထက်…အမြစ်ပြတ်သွားပါပြီ…။
ဒါပေမဲ့…အစ္စလာမ်ဘာသာဝင်တွေကတော့ …အေးအေးဆေးဆေးပါပဲ.. ကိုယ်လုပ်လို့ရတဲ့…ဘာသာရေး…လူမှု ရေးနယ်ပယ်တွေမှာပဲ…အေးအေးချမ်း ချမ်း…လုပ်ကိုင်စားသောက်လှုတ်ရှားနေပါတယ်…။
နိုင်ငံသားစီစစ်ရေးကဒ်ထဲမှာ…လူမျိုး…ဗမာ…လို့ရေးပြီး..တိုင်းရင်းသား..လူနဲစုတွေအပေါ်…အမြတ်ထုတ် …လိမ်လည်ဖို့…ကြိုးစားခဲ့တာဟာ…အ စ္စ လာမ်ဘာသာဝင်တွေကိုတင်မကပါဘူး…ကျ န်တိုင်းရင်းသားတွေကိုလဲ…လုပ် ပါတယ်…အထူးသဖြင့်တော့…မွန်လူမျိုးနဲ့…ရှမ်နီလူမျိုးတွေ…အပေါ်မှာ ပါ…။
‘၉၀ ခုနှစ် ရွေးကောက်ပွဲကို…အနုကြမ်းစီးပြီးတဲ့နောက်ပိုင်း…တိုင်းပြည် ကို…သူတို့စိတ်တိုင်းကျ ချယ်လှယ်လာနိုင်ပြီဆိုတော့…စစ်အ စိုးရရဲ့…စရိုက် တွေ…ထင်ထင်ရှားရှားပေါ်လာပါတယ်…။
အစ္စလာမ်ဘာသာဝင်တွေ…ခရီးသွားတဲ့အ ခါ…နိုင်ငံသားစီစစ်ရေးကဒ် ပြား…စစ်ဆေးတဲ့နေရာတိုင်းမှာ…ပြ သနာအရှာခံလာရပါတယ်…လူမျိုး…ဗမာ လို့ရေးထားတာကို…ပြသနာရှာတာပါ…။
ပထမဦးဆုံး…ကဒ်ပြားတောင်းကြည့်မ ယ်…ပြီးရင်…မင်းကဘာလူမျိုးလဲ…မေးမယ်…အဲ့ဒီက…စလိုက်တာ…အချို့လဲ… ငွေပေးလို့ပြီးခဲ့ရတာတွေ…ရှိသလို…အချို့ဆို…လူမျိုးပြန်လည်စီစစ်ရန်ဆိုအမှုဖွင့်ပြီး အချုပ်ထဲ…ရောက်ရ တဲ့သူတွေတောင်ရှိပါတယ်…။
အဲ့ဒီတော့…အစိုးရက…အခု သန်းခေါင်စာရင်းကောက်ပြီးရင်…နိုင်ငံ သား…ကဒ်ပြား…အသစ်ထုတ်ပေးဦးမှာပါ…အဲ့ဒီအချိန်မှာ…ကျွန်တော်တို့ … အစ္စလာမ်ဘာသာဝင်တွေ…အတွေ့အကြုံဟောင်းတွေကနေ…သင်ခန်းစာ ယူပြီး…လိမ်မာပါးနပ်ကြဖို့…လိုပါတယ်…။
မွန်လူမျိုးကလည်း…မွန်သည်…မွန်ြ ဖစ်ရေး…ရှမ်းလူမျိုးများကလည်း… ရှမ်းသည်…ရှမ်းဖြစ်ရေး..လှုတ်ရှားစည်းရုံးမှုတွေလုပ်လာပြီဆိုတော့ လိမ်ညာ စာရင်းထည့်ထားခဲ့တဲ့….ဗမာလူမျိုး…စာရင်းဟာ…အတော်လျော့ပါးသွားမှာ.. အသေအချာပါပဲ…။
ဒီတော့…ဗမာလူဦးရေ…ကိန်းဂဏာန်းအ သာစီးရရေးအတွက်…အစ္စ လာမ်ဘာသာဝင်တွေကို…အသုံးချလာနို င်ပါတယ်…။
အသုံးချဖို့လဲ…စည်းရုံးသိမ်းသွင်းနေပါပြီ….ဒီလို…စည်းရုံးသိမ်း သွင်းတဲ့ နေရာမှာ…အစိုးရနဲ့နီးစပ်တဲ့…အစ္စ လာမ်ဘာသာဝင်များ…(ငွေကြေးချမ်းသာ ကြွယ်ဝပြီး…အစ္စလာမ့်ခေါင်းဆောင် ပိုင်းနဲ့နီးစပ်သူများ…လူမှုရေးလုပ်ငန်း… လုပ်နေသူများ) ကို အသုံးချပြီး…အစ္စလာမ်ဘာသာဝင်တွေ… လူမျိုးအမည်… ခံယူဖို့ဆွေနွေးနေကြတဲ့အထဲမှာ…မ ညီညွတ်မှုတွေဖြစ်အောင်…သပ်လျှိ… ကြိုးစားနေကြတယ်လို့…သတင်းများ… ရရှိနေပါတယ်…။
ဒါကြောင့်…အစၥလာမ္ဘာသာဝင္မ်ားအေ နနှင့်…မည်သည့်လူမျိုး… အမည်ကိုရွေးချယ်ကြသည်ဖြစ်စေ…စုစ ည်း…ညီညွတ်မှု…ရှိကြရန်..လိုအပ် လှပါသည်…။
မိမိတို့အစုအဖွဲ့အလိုက်…တရားဝင် …အဆုံးအဖြတ်ပေးနိုင်သော… ခေါင်ဆောင်များရှိသင့်ပါသည်…သို့ မှသာ…အစုအဖွဲ့အလိုက်…အခွင့်အရေး တောင်းဆိုခြင်း…ညှိနှိုင်းခြင်းများပြုလုပ်နိုင်ပါလိမ့်မည်…။
အဆိုပါ..ခေါင်းဆောင်များ…ကို…ဖိ တ်ခေါ်စုစည်း၍…ကွန်ဖရင့်တစ်ရပ်.. ခေါ်ယူကျင်းပရန်…အားထုတ်မှုများ…ြ ပည်တွင်းမှာရော…ပြည်ပမှာပါ..ကြိုး ပမ်းအားထုတ်နေကြပါပြီ….ထိုအချိန်တွင်…မိမိတို့…အစုအဖွဲ့ကိုယ်စား…တာ ဝန်ယူ…တက်ရောက်နိုင်မည့်…ပုဂ္ဂို လ်များ..အဆင်သင့်ရှိနေရန်လိုအပ် ပါ သည်…။
သို့ဖြစ်သည့်အတွက်လက်ရှိမကြာမှီ ကောက်ယူတော့မည့်…သန်းခေါင် စါရင်းကိစ္စနှင့်ပတ်သက်၍ဖြစ်စေ…နိုင်ငံသားကဒ်ပြားထုတ်ပေးရေးကိစ္စ ရပ်နှင့်ဖြစ်စေ…အစ္စလာမ်အမျိုးသားရေး…နိုင်ငံရေးကိစ္စရပ်များအတွက်…ဦးဆောင် အဖွဲ့အစည်းတရပ်…ပေါ်ပေါက်လာစေရးအ တွက်…ပထမခြေလှမ်းဖြစ်သော..မိမိတို့အစုအဖွဲ့…ဂျမာအသ်အတွင်း…ဆွေေ နွးပွဲများ…ရှင်းလင်းပွဲများ…ပြု လုပ်ကြပြီး…ဦးဆောင်မှုပေးနိုင်မ ည့်သူများကို…ရွေးချယ်ထားသင့်ပါ ကြောင်း.
သတိပေး…ပြောကြားလိုပါသည်….
ကျွန်တော့်အဖေဟာ…AE… ခေတ်တုန်းက…အမျိုးသားမှတ်ပုံတင်
နောက်ပိုင်း…ကျွန်တော်မှတ်မိသလေ
၁၉၉၀ခု…ရွေးကောက်ပွဲမတိုင်ခင်လေ
ကျွန်တော်တို့ရဲ့မှတ်ပုံတင်ထဲမှ
ဒါပေမဲ့…အစ္စလာမ်ဘာသာဝင်တွေကတော့
နိုင်ငံသားစီစစ်ရေးကဒ်ထဲမှာ…လူမ
‘၉၀ ခုနှစ် ရွေးကောက်ပွဲကို…အနုကြမ်းစီးပြီ
အစ္စလာမ်ဘာသာဝင်တွေ…ခရီးသွားတဲ့အ
ပထမဦးဆုံး…ကဒ်ပြားတောင်းကြည့်မ
အဲ့ဒီတော့…အစိုးရက…အခု သန်းခေါင်စာရင်းကောက်ပြီးရင်…နိ
မွန်လူမျိုးကလည်း…မွန်သည်…မွန်ြ
ဒီတော့…ဗမာလူဦးရေ…ကိန်းဂဏာန်းအ
အသုံးချဖို့လဲ…စည်းရုံးသိမ်းသွင
ဒါကြောင့်…အစၥလာမ္ဘာသာဝင္မ်ားအေ
မိမိတို့အစုအဖွဲ့အလိုက်…တရားဝင်
အဆိုပါ..ခေါင်းဆောင်များ…ကို…ဖိ
သို့ဖြစ်သည့်အတွက်လက်ရှိမကြာမှီ
သတိပေး…ပြောကြားလိုပါသည်….
မောင်မောင် (ရွှေကရဝိက်) ၁၁-၁၁-၂၀၁၃
No comments:
Post a Comment