Tuesday, 12 November 2013

Organization of Islamic Cooperation-(OIC)အား ကြိုဆိုပါတယ်။

Organization of Islamic Cooperation-(OIC)ရဲ့ အထွေထွေအ တွင်းရေးမှူးချုပ်ဖြစ် တဲ့ Ekmeleddin Ihsauoglu ဦးဆောင်တဲ့ အဖွဲ့ ဟာ ဆော်ဒီအာရေဗျ၊ အီဂျစ်၊ တူရကီ၊ ဘင်္ဂလားဒက်ရှ်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဂျီဘူတီ (Djibouti) နိုင်ငံ ၇ နိုင်ငံက နိုင် ငံခြားရေး ၀န်ကြီး(၇) ဦးနှင့်အတူ မြန်မာနိုင်ငံသို့ရောက် ရှိ၍ မြန်မာ အစိုးရနဲ့တွေ့ ဆုံဆွေးနွေး ကာ လိုအပ်သည်များကို ကူညီဆောင်ရွက် မှာဖြစ်ပြီး အဆိုပါအဖွဲ့ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံ မှာဖြစ်ပါတယ်။
Organization of Islamic Cooperation-(OIC)ရဲ့ (၅)ရက်တာကြာမြင့်မယ့် မြန် မာနိုင်ငံခရီးစဉ်အတွင်းမှာ ရခိုင်ပြည်နယ်က လူနည်းစု မွတ်ဆလင် ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးတွေ ဘယ်လိုအကာအကွယ် ပေးနိုင်သလဲဆိုတာနဲ့ ပတ်သက် လို့ မြန်မာအစိုးရနဲ့ တွေ့ဆုံ စကားပြောမှာဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ OIC အနေနဲ့ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးမှု ကိစ္စအတွက်တင် မဟုတ်ပါဘူး။ ဒီ အကူအညီတွေကိုဘယ်လိုပေးနိုင်သလဲဆိုတာကိုလည်း ဆွေးနွေးမှာပါ။။ မြန်မာအစိုးရနဲ့လည်း ဒီလူနည်းစုအခွင့်အရေးနဲ့ပတ်သက်ပြီ ဘယ်လို အကာအကွယ်ပေးနိုင်သလဲ ဆိုတာ ညှိနှိုင်းဆွေးနွေးမှာပါ။”

Organization of Islamic Cooperation-(OIC) အနေနဲ့ မြန်မာအစိုးရကို ဘယ်လို ပဲဖြစ်ဖြစ် အကူအညီပေးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် သူတို့ ကြိုးပမ်းနေတာတွေ၊ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် ရဖို့ ဆောင်ရွက်နေတာတွေကို သူတို့မြင်တွေခဲ့မှုအပေါ် သုံးသပ်ပြီး နောင်လာမဲ့ OIC ခရီစဉ်တွေမှာ ဘယ်လိုအကူ အညီတွေပေးခွင့်ရနိုင်မလဲဆိုတဲ့ အဓိကအချက်ကို မြန်မာအစိုးရနဲ့ သဘောတူလက်ခံဆွေးနွေးမှာဖြစ်ပါတယ်။

Organization of Islamic Cooperation-(OIC) ရဲ့လူသားချင်းစာနာမှုဆိုင် ရာ မြန်မာနိုင်ငံ လူထုတစ်ရပ်လုံးကို ကူညီမှာဖြစ်တဲ့ OIC အဖွဲ့ဝင်တွေကို ဗုဓ္ဒဘာသာအများစုက လက်ခံကြိုဆိုနေပေမဲ့ (၉၆၉)အကြမ်းဖက် အဖွဲ့စည်းကို ဦးဆောင်တဲ့ ဒေါက်တာအေးမောင်နဲ့ ရခိုင်အကြမ်းဖက်တွေကတော့ဖြင့် OIC မြန်မာနိုင်ငံသို့ မလာရောက်နိုင်အောင် နည်းမျိုးစုံနဲ့ နှောက်ယှက်နေ ပါတယ်။OIC မြန်မာနိုင်ငံသို့ လာရောက်ခြင်းဟာ မြန်မာလူမှုဘ၀တွေကို မြှင့် တင် ပေးဖို့သာဖြစ်တဲ့အတွက်ကြောင့် ထောက်ခံကြိုဆိုသင့်ကြောင်းကို အကြံပြုဆွေးနွေး တင်ပြလိုက်ရပါတယ်။

ဗမာ့တိုင်းရင်းသားမွတ်စလင်မ်-အောင်ကျော်မိုး။

No comments: