(၁)-၂၀၁၄ခုနှစ် မတ်လ(၃၁)မှ ဧပြည်လ (၁၀)ရက်နေ့အထိ ကောက်ယူမဲ့ သန်းခေါင် စာရင်းအတွက် ယခုအချိန်အထိ ကျွန်တော်တို့ ငြင်ငုံနေမှုမှ အခြား ဘားမှဖြစ် မလာသေးပါဘူး။နောက်ထပ် (၅)လလောက်ပဲ အချိန်ရှိတော့တဲ့ သန်းခေါင်စာရင်းကိစ္စ အတွက် အမှန်တကယ်ရင် လေးမိတယ်။ ယနေ့တွေ့ကြုံနေရတဲ့ အခတ်အခဲတစ်ခုက ကျွန်တော်တို့ အချင်းချင်းအကြား မှာ အမြင်မတူမှုတွေရှိနေကြတယ်။ သဘော ထားတိုက်ဆိုင်မှုတွေ မရှိ တာကြောင့် သန်းခေါင်စာရင်းကိစ္စဟာ ယနေ့အချိန်အထိ စကားရည်လုနေ တာကလွဲလို့ ဘားမှ ထူးထူး ခြားခြား ဖြစ်မလာသေးပါဘူး။ ဒါဟာ ကျွန်တော် အပါအ၀င် ညီနောင်တွေရဲ့ အားနည်းချက်တစ်ခုကို သတိမူစေချင်တဲ့ သဘော နဲ့ တင်ပြဆွေးနွေး တာပါ။
(၂)-လူသားတိုင်းဟာ အမြင်မတူတာတွေ အကြိုက်မတူတာတွေ သဘောမနှောတာတွေဟာ လူတစ်ဦးနဲ့ တစ်ဦးကြားမှာ အမြဲတမ်းကွဲလွဲနေတက်ရင် လူ့အဖွဲ့စည်းတစ်ခုနဲ့ တစ်ခုအကြားမှာလည်း ကွဲနေနိုင်ပါတယ်။ လူတိုင်းဟာ မိမိသဘော စိတ်တိုင်းကျ လုပ်ဆောင်ခွင့် ရှိတာကို အပြစ်တစ်ခုဟု မဆိုသာ၊ ဖြစ်သင့်တယ် ဟုယူစ ပေးနိုင်ပါတယ်။သို့ပေမဲ့လည်း ၂၀၁၄ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းဟာ မြန်မာ နိုင်ငံတစ်ခုလုံးမှာ ရှိတဲ့ မွတ်စလင်မ်တိုင်းရဲ့ လက်ရှိနဲ့ အနာဂတ် နှစ်ခုလုံးမှာ အသက်တစ်မျှအရေးကြီး တယ်ဆိုတာကို နည်းနည်း လောက် သတိဝင်သင့်တယ်လို့ ယူစတယ်။ ဒါက ကျွန်တော်ရဲ့အယူစသာလျှင်ဖြစ်ပါတ
(၃)-ကျွန်တော်ကတော့ ပသီတစ်မျိုးတည်းဖက်က ရပ်တည်ပြီး အခြားသူတွေရဲ့ အမြင်ကို ကျားကန်တွန်းလှန်နေခြင်းမဟုတ်ပါ
(၄)- ပသီကို ဇေရ်ဘာဒီ လို့ အပြောခံခဲ့တာကို အလိုက်သင့် နေလိုက်လို့ ပသီ ပျောက်ခဲ့ရတယ်။ ဇေရ်ဘာဒီကို ဗမာ မွတ်ဆလင်လို့ ပြောင်းတော့လည်း အလိုက်သင့် နေလိုက် ပြန်တော့ ပသီ ဆိုတာ နှစ်ထပ် အလွာဖုံးခံလိုက်ရတဲ့ ဟိုးအဝေးက ရှေ့ ဟောင်း လူမျိုးလို ဖြစ်သွားခဲ့ရပြန်တယ်။ အခုတစ်ခါလည်း အလိုက် သင့် နေလိုက်မယ် ဆိုရင် ရှေးသရောအခါက ရှိခဲ့တဲ့ ပျူလူမျိုးလို ဖြစ်သွားနိုင်တယ်။ ဒီတော့ ပသီ ကို အပျောက်မခံစေချင်ပါ။ ဘယ်လို ဖြစ်ဖြစ် အနည်းဆုံး ပသီ အဖြစ် ရပ်တည်မယ့် လူတစ်စုတော့ ရှိရပါမယ်။ဒါကကျွန်တော်လေးစားရတ
(၅)- ပသီကိုဖြစ်စေ၊ ကမန်ကို ဖြစ်စေ၊ ရိုဟင်ဂျာကို ဖြစ်စေ၊ ပသျှူးကို ဖြစ်စေ အခြားသော ရှေးဦးနေထိုင်ခဲ့သူ အစ္စလာမ်သာသနာဝင်များကို ပပျောက်ရေး တိုက်ဖျက်သူဟာ မြန်မာ native အစ္စလာမ်သာသနာဝင် လူစုကို တိုက်ဖျက်ခြင်း မည်တယ် ဆိုတာ သတိထားစေလိုပါတယ်။
သို့သော် ပသီ ဆိုတာ လူမျိုး တစ်စုပါ။ မြန်မာတစ်ပြည်လုံးကို လွှမ်းမိုးလို့တော့ မရနိုင်ဘူး။ မြန်မာ တစ်ပြည်လုံးရှိ မွတ်ဆလင် အားလုံးအတွက် ဘုံ အမည် တစ်ခု သတ်မှတ်ဘို့ လူမျိုးစု အားလုံး ဆီက ခေါင်းဆောင်တွေ စုစည်း တိုင်ပင် သဘောတူညီမှု ယူရပါမယ်။ ထိုကြောင့် ကျွန်တော်တို့ဟာ သန်းခေါင်းစာရင်းမတိုင်မီ ဘုံအမည်တစ်ခုကို သတ်မှတ်နိုင်ဖို့ အရေးကြီးလာပါတော့တယ်။ ဒါကြောင့် လူအများစု ညီညွှတ်အောင် ဘယ်လိုနည်းလမ်း ရှိသလဲဆိုတာကို လေ့လာပြီး ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းကိစ္စမှာ တက်နိုင်သလောက် ညီညွှတ်စွာစုပေါင်း လုပ်ကိုဖို့ မျော်လင့်ပါတယ်။
(၆)-ခတ်တာက လူမျိုးတစ်စုချင်းဆီရဲ့ ခေါင်းဆောင်တွေ ဘယ်မှာသွားရှာ ရမှန်မသိတာအမှန်ပဲ။ ယနေ့ဖြစ်နေတဲ့ပြဿနာတွေဟာလည်း အဲဒီလို လူမျိုးစု တစ်စုချင်းဆီတိုင်းရဲ့ ခေါင်းဆောင်တွေ မရှိတာကြောင့်ပဲ။ဆိုတော့ ကျွန်တော်တို့ အတွင်းမှာ ခေါင်းဆောင်အရည်ချင်းရှိသူတွေ လူမှုအဖွဲ့အသီးသီးက ခေါင်းဆောင် တွေ၊ မွတ်စလင်မ်လူထုတစ်ရပ်လုံး စုပေါင်းပြီး ညီလာခံတစ်ခုလုပ်ဖို့ တိုက်တွန်းခဲ့ပေမဲ့ လည်း ယနေ့အထိမအောင်မြင့်ခဲပါဘူး။ ကျွန်တော်တို့ ဟာ အဲဒီလိုညီလာခံ တစ်ခုပြည်တွင်းမှာ လုပ်ခွင့်ရခဲ့မယ်(သို) လုပ်ခဲ့ကြမယ်ဆိုခဲ့ရင် အဲဒီညီလာခံက ဆုံးဖြတ်တဲ့အတိုင်း နာခံဖို့အသင့်ရှိပါတယ်။ သို့ပေမဲ့ လည်း အဆိုပါညီလာခံတစ်ခု လုပ်ဖို့ ကျွန်တော်တို့ မွတ်စလင်မ်ညီနောင်တွေ ညီညွတ်ရေးဆီသို့ ဦးတိုက်ရင်းနဲ့ ၂၀၁၄ဆိုတဲ့အချိန်ကတော့ဖြင့် နီးကပ်လာ ပါပြီ ယနေ့အချိန်အထိ အသက်ဝင်ခဲ့ခြင်း မရှိသေးပါဘူး။
(၇)-ထို့ကြောင့် ကျွန်တော်ရော၊ ကျွန်တော်ပါဝင်လှုပ်ရှားတဲ့ ဗမာမွတ်စလင်မ် လူငယ်များကွန်ယက် ပြည်တွင်း၊ ပြည်ပ လူ့ငယ်အဖွဲ့အစည်းအသီးသီးရော၊ အချို ပသီသမိုင်းကိုဖော်ထုတ်ပြီး ပသီပါတီတစ်ခုအဖြစ်လှုပ်ရှားမဲ့သ
ဒီစာကိုရေးတဲ့နေရာမှာ ကျွန်တော့်ရဲ့ ဥာဏ်ရည်တစ်ချို့ကို အထောက်ကူဖြစ်စေတဲ့ ကိုဌေးလွင်ဦးရဲ့ ယနေ့တင်လိုက်တဲ့ Status ကို အမှီပြုပြီးရေးထားတာဖြစ်ပါတယ်။ အဲဒီအတွက် ကျွန်တော်လေးစားရပါသေား မိုဟမ္မဒ်သွာဟေ(ခ)ကိုဌေးလွင်ဦးအ
ဒီStatus ရဲ့အမှားအယွင်းဟာ ကျွန်ုပ်၏ အမှားအယွင်သာဖြစ်ပြီး၊ ဒီStatus ကြောင့် တစ်ဦးယောက်က စိတ်ဒုက္ခခံစားခဲ့ရမယ်ဆိုရင် ကျွန်တော့်ဖက်က တောင်းပန်ပါကြောင်း အကြိုတင်အသိပေး တင်ပြအပ်ပါတယ်။
အလ္လာဟ်ရှင်မြတ် ကျွန်တော်တို့ညီနောင်များအား ၂၀၁၄ခုနှစ် မေလ၃၁ရက်နေမှ ဧပြည်လ(၁၀)ရက်နေ့အထိ ကောက်ယူမဲ့ သန်းခေါင်းစာရင်း အတွက် လွယ်ကူမှု ပေးတော်မူပါစေ။
အေ
No comments:
Post a Comment