၂၀၁၄ခုနှစ် သန်းခေါင်စာရင်း ကိစ္စနဲ့ပါတ်သတ်ပြီး ညီနောင်မွတ်စလင်မ်တွေ ဆန္ဒမစောကြဖို့တိုက် တွန်းချင်ပါတယ်။
လက်ရှိအချိန်မှာ ကျွန်တော်တို့ရဲ့ ရေးသာတင်ပြချက်တွေဟာ ညီနောင်တို့အတွက်
စိတ်ဓါတ်တည်ဆောက်ရေး အပိုင်းကိုသာ နှိုးဆွပေးနေခြင်းသာဖြစ် ပါတယ်။
မိမိတို့အနေဖြင့် ဆန္ဒစေားနေခြင်းမဟုတ်ပါ။ ၂၀၁၄ခုနှစ်
သန်းခေါင်းစာရင်းကိစ္စမှာ ပြည်တွင်းမှာကော၊ ပြည်ပမှာပါ လုပ်ရှားမှု တွေ ဖြစ်နေပါတယ်။ပြည်တွင်းမှာက သိုသိုသိပ်သိပ်လှုပ်ရှားနေကြသလို ပြည်ပမှာတော့ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားနေကြပါတယ်။ ပြည်တွင်းပြည်ပလှုပ်ရှားမှုတွေရှိနေကြတယ် ဆိုတာ သေချာကြည့်တက်ရင် မြင်နိုင်ပါတယ်။အားလုံးဟာ ကျွန်တော်တို့ထက်ပင် သောက ရှိစွာ အလုပ်လုပ်နေကြပါတယ်။
တစ်ခုပဲသတိပေးချင်တာက ၂၀၁၄ခုနှစ် သန်းခေါင်စာရင်း ကောက်ယူမဲ့
အချိန်နီးကပ်လာရင် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက
ကြေညာချက်ထွက်မှာပါ။အဲဒီကြေငြာချက်ကို
အလေးအနက်ထားဖို့လိုပါတယ်။ အဲဒီကြေငြာချက်ထဲမှာ မိမိတို့အတွက်
အထောက်အကူဖြစ်စေမဲ့ အကြောင်းရင်းချာတွေ၊ မှတ်သားစရာတွေ မြင်တွေ့ကြရမှာပါ။
အဲဒီအတွက် စိတ်ဓါတ်မြှင့်တင်ရေးနှင့် ညီညွှတ်ပေါင်းစည်းရေးကိုသာ
ဦးတည်ဆောင်ရွက် ဖို့သာအရေးကြီးပါတယ်။နောက်တစ်ခုက
အစိုးရဘက်က အစ္စလာမ်လူမှအကြီးအကဲ တွေကို ခေါ်ယူဆွေးနွေးခဲ့တဲ့
အခြေခံမူဝါဒရေးရာတွေနဲ့ ပါတ်သတ်ပြီး ပြန်လည်ထုတ်ဖော် ခြင်းကို
အနီးကပ်တင်ပြဆွေးနွေးကြမှာပါ။ မြန်မာအစိုးရကြီးဘဲ လုပ်နေတာမဟုတ်ပဲ
UNကျွမ်းကျင်သူများလဲ ပါဝင်ကူညီကြမှာဖြစ်တဲ့အတွက် မိမိတို့အနေဖြင့်
သန်းခေါင်စာရင်းကိစ္စအပေါ် ဆွေးနွေးတဲ့နေရာမှာ ချေတုံ ချတုံမဖြစ် ဖို့၊
မလောမိဖို့လိုပါတယ်။ အင်န်ရှာအလ္လာဟ် အလ္လာဟ်ရှင်မြတ်ဘက်တော်မှ ညီနောင် တို့၏
ပေါင်းစည်းခြင်းအင်အားစုတစ်ရပ်အပေါ် အကြောင်းခံ၍ အောင်မြင်မှုရလဒ်ကို ချီမြှင့်မည်ဟု ယုံကြည်ပါတယ်။
(မှတ်ချက်-ဆွေးနွေးစရာရှိမိဆိုပါက Comment ရေးပေထားပါ၊ တစ်နေ့ကုန်အလုပ်ပြီး တဲ့အခါ ပြန်ဆွေးနွေးပေးပါ့မယ်)
ဗမာ့တိုင်းရင်းသားမွတ်စလင်မ်-အောင်ကျော်မိုး။
No comments:
Post a Comment