Friday, 29 November 2013

မလေးရှားနိုင်ငံမှ မလေးလူမျိုးများ ဆန္ဒပြပွဲကို ယနေ့ ၂၉.၁၁.၂၀၁၃ရက်နေ့ (ဂျွန်မာအ်ဆွလာသ်)အပြီးတွင် ပြုလုပ်ခဲ့ပါသည်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ၊ (၁၅)ရက်နေ့က မြန်မာနိုင်ငံမှာ သံဃာတော်တစ်ချို့မှ အိုအိုင်စီကို ဆန္ဒထုတ်ဖော်ရာတွင် မြန်မာနိုင်ငံ ဥပဒေကို ချိုးဖောက်၍ ကမ္ဘာ့အစ္စလာမ်ဘာသာ ၀င်များအား "သားဖောက်နှုန်းမြန် အစ္စလာမ် တိရိစ္ဆာန်ဝါဒ ဆန့်ကျင်ကြဆိုတဲ့ ဘာသာတရားကို ရုံချစော်ကားခဲ့ခြင်းအပေါ် ယနေ့ မလေးရှားနိုင်ငံ Mapim ဥက္ကဌကြီး Muhammad Azmi Abdul Hamid မှ ဦးဆောင်၍ မလေးရှားနိုင်ငံရှိ အဖွဲ့အစည်းများမှ The Coalition Against Religious Extremism In Myanmar အမည်ဖြင့် စည်းလုံးညီညွှတ်စွာ၊ ပူးပေါင်းပါဝင် ရှုံချခဲ့ကြောင်း ယနေ့ ၂၉.၁၁.၂၀၁၃(ဂျွန်မာအ်ဆွလာသ်)ပြီးချိန် မှစတင်ကျင်းပပြီး နယ်စုံမှ လူအင်အား(၂၅၀၀)ကျော် ဆန္ဒပြပွဲသို့ တက်ရောက် ပါဝင်ခဲ့ပါသည်။ ညနေ(၃း၀၀)ကျော်အချိန်မှာ ဥက္ကဌကြီး Cikgu Azmi နှင့်အတူ ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သော အင်အားတရပ်နှင့်အတူ မြန်မာသံရုံးသို့ ချီတက်၍ သမ္မတကြီး ကိုအိပ်ဖွင့်ပေးစာ သွားရောက်ပေးအပ်ခဲ့ပြီး မြန်မာသံရုံးအရှေ့မှာ သတင်းစာရှင်းလင်ပွဲ တစ်ရပ်ပြုလုပ်ခဲ့ပါသည်။၎င်းနောက် အဆိုပါဆန္ဒပြပွဲကို အောင်မြင်စွာအဆုံး သတ်ခဲ့ပါသည်။

Aung Kyaw Moe

Monday, 25 November 2013

သတင်းစာရှင်းလင်းပွဲ

နိုဝင်ဘာလ၊ ၁၅ရက်နေ့က မြန်မာနိုင်ငံမှာ သံဃာတော်များမှ ” သားဖောက်နှုန်းမြန် အစ္စလာမ် တိရိစ္ဆာန်ဝါဒ ဆန့်ကျင်ကြ” ဆိုတဲ့ အစ္စလာမ်ကို စော်ကားတဲ့ အသုံးမနှုံး အပေါ် ၂၉ရက်၊ နိုဝင်ဘာလ၊ ၂၀၁၃ခုနှစ် သောကြာနေ့မှာ The Coalition Against Religious Extremism In Myanmar.(မြန်မာနိုင်ငံက ဘာသာရေးအစွန်းရောက်မှုကို ဆန့်ကျင်သော ညွှန့်ပေါင်းအဖွဲ့မှ ဦးဆောင်၍ မလေးရှားနိုင်ငံ Tabung Haji ရှေ့တွင် ကန့်ကွက်၊ ဆန္ဒဖော်ကြမည်ဖြစ်ကြောင်း ယနေ့ ၂၅.၁၁.၂၀၁၃ခုနှစ် ညနေ (၃း၀၀)နာရီမှ စတင်၍ Mapim ရုံးချုပ်၌ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါသတင်းစာရှင်းလင်းပွဲသို့ အောက်ဖော်ပြပါ အဖွဲ့အစည်းအသီးသီးမှ တက်ရောက်ခဲ့ပါသည်။

Sunday, 24 November 2013

Requesting to Boycott the 27th SEA Game in Myanmar

Date: 24 November 2013
Ref: 6/2013

PRESS STATEMENT
BURMA MUSLIM YOUTH NETWORK-MALAYSIA

Subject Matter: Requesting to Boycott the 27th SEA Game in Myanmar

Assalamu’alaikum wrt. wbt.

Dear Muslim Athletes,

The 27th SEA Game will be held in Myanmar very soon. The government of Myanmar is suppressing and terrorizing Muslims in Myanmar. The government nurtures a huge amount of Buddhist monks and followers across the nation in order to systematically kill Muslims, burn Muslims alive and their houses, loot Muslim properties, confiscate lands belong to Muslims, destroy and burn Mosques, religious schools as well as the Holy Qur’ans. Numerous evidences are also available to the world, such as photos and videos, in which we can clearly see that police and security forces were even guarding Buddhist monks and terrorists while they are killing Muslims, burning Muslims alive, mosques, houses and properties. Muslims have been subjected to various human right violations throughout the successive governments since the independence of Myanmar in 1948. It reaches to the peak and extreme situation during the current President Thein Sein tenure (2010-2015). As a result, hundred thousands of Muslims lost their lives, lands and properties. Hundreds of mosques and thousands of religious schools were torched down. Religious lands (wakaf) were confiscated across the country. Hundred thousands of Muslims are forced to live as refugees in some concentration camps without enough shelters, foods and medical cares. Hundred thousands of Muslims are also forced to flee from the country as refugees. Although the international community (including OIC, Malaysia as well as Indonesia) extended humanitarian aids to the victims of terrorism, most of them were abused by the government. Recently, the government invited OIC to Myanmar and, on the other hand, the government itself systematically planned various type of demonstrations lead by Buddhist monks against OIC as well as Islam as a whole across the country. Demonstrators even claimed Islam as animalism and waged war against Muslim world.

ဆီးဂိမ်းအတွက် အသိပေးချက် မြန်မာလို

လေးစားအပ်ပါသော…အစ္စလာမ်ဘာသာဝင်…အားကစားသမားများခင်ဗျား…… 

မကြာမှီကျင်းပတော့မဲ့…ဆီးဂိမ်းကြီးဟာ…ပြည်ထောင်စုမြန်မာနိုင်ငံမှာ… ကျင်းပပြုလုပ် မှာဖြစ်ပါတယ်….. ဆီးဂိမ်းရဲ့…အိမ်ရှင်နိုင်ငံဖြစ်တဲ့…မြန်မာနိုင်ငံကိုအုပ်ချုပ်နေသူ…အစိုးရဟာ.. လူမဆန်တဲ့အစိုးရဖြစ်ပြီး…အစ္စလာမ်ဘာသာကို…အပြင်းအထန်…ဖိနှိပ်ချုပ် ချယ်နေသော…အစိုးရလဲဖြစ်ပါတယ်….။ မြန်မာနိုင်ငံအတွင်း…နေရာအနှံ့အပြားမှာဆ…အစွန်းရောက်…ဗုဒ္ဓဘာသာဝင် များကိုလက်သပ်မွေးထားပြီး အစ္စလာမ် ဘာသာဝင်များကို…အကြမ်းဖက် တိုက်ခိုက်ခြင်း…သတ်ဖြတ်ခြင်း…အရှင်လတ်လတ်မီးရှို့ခြင်း…အစ္စလာမ်ဘာသာဝင်များပိုင်ဆိုင်သောပစ္စည်းများကို…လုယက်ခြင်း၊ဖျက်ဆီးခြင်း…နေအိမ် များကို…မီးရှို့ခြင်း…အစ္စလာမ်ဘာသာဝင်များပိုင်ဆိုင်သောမြေများကို သိမ်း ယူခြင်း…ဗလီဝတ်ကျောင်းတော်များနှင့် ကုရ်အာန်ကျမ်းစာအုပ်များကို…. မီးရှို့ခြင်း…အစရှိသော…လုပ်ရပ်များကို…စီမံချက်ချ…လုပ်ဆောင်နေသော… အစိုးရတရပ်လည်းဖြစ်ပါသည်…။ 

Saturday, 23 November 2013

အစ္စလာမ်အာဇာနည်များ လေ့ကျင့်ရာ

Friday, 22 November 2013

“ထွန်းလင်းပါတော့ လင်းရောင်ခြည်”

တကယ်တော့ “မြန်မာပြည်” ဟာ တစ်ချိန်က စစ်အစိုးရဆိုတဲ့ မွေးစားဖခင်ကြီးအောက်မှာ ဗိုင်းကောင်းကျောက်ဖိ နေလာရတဲ့ မိန်းမပျိုလေး တစ်ဦးပါ ...။ 

ဒီလိုနဲ့ ... နှစ်တွေ ကြာညောင်း၊ အချိန်တွေ ရွေ့ပြောင်းလာကာ အချိန်တန် အရွယ်ရောက်လာချိန်မှာတော့ အိမ်နီးချင်း အဆွေသူငယ်ချင်းတွေလို ဒီမိုကရေစီ အမျိုးကောင်းသားလေး တစ်ဦးရဲ့ ရင်ခွင်ကို ခိုလှုံဖို့ရာ တောင့်တမိပါတော့တယ် ...။

မိမိရဲ့ အုပ်ထိန်းသူထံ အခါခါ ခွင့်ပန်ခဲ့သော်လည်း ... မွေးစားဖခင်ကြီးရဲ့ ခါးသီး၊ ပါးနပ်စွာ ငြင်းပယ်မှုအောက်မှာ အကြိမ်ကြိမ်နှုတ်ဆိတ်ခဲ့ရတယ်လေ ...။ လသာသော်လည်း ဗိုင်းငင်ခွင့် မရခဲ့တဲ့ ညချမ်းတွေပဲပေါ့ ...။

ဒီလိုနဲ့ ... ပြက္ခဒိန်တွေ အလီလီ ပြောင်းလဲခဲ့ပြီးနောက်မှာတော့ ... မွေးစားဖခင်ကြီးဟာလည်း အိမ်နီးချင်းတို့ရဲ့ ဖိအားပေးလာမှုပေါ် ခေါင်းကိုက်လာရပါတော့တယ် ...။ သမီးပျို အရွယ်လင့်နေပြီလေ ...။

သို့သော် ... စဉ်းစားရပြန်တယ် ...။ အကယ်၍ ဒီမိန်းမပျိုလေးကို တခြားတစ်ယောက်ယောက်နဲ့သာ လက်ဆက်ပေးလိုက်ရမယ်ဆိုရင် ... ဒီမိန်းမပျိုလေးပိုင်တဲ့ အမွေ၊ အနှစ်၊ သယံဇာတတွေကို လက်ဝါးကြီး အုပ်နေခွင့်ကနေ လက်လွတ်ဆုံးရှုံးရတော့မယ်လေ ...။ ဒီတော့ တစ်နည်း ကြံရပြန်တာပေါ့ ...။ 

လောကဖတ်စာ ( မောင်လှမျိုး - ချင်းချောင်းခြံ )

ဘာမှန်းတောင် မသိသေးဘူး
လောကကြီးက
မျက်စိတစ်ဖက် မှိတ်ပြနေပြီ။

အသားထဲမှာ လောက်တက်နေသလို
လောက်ကောင်ရဲ့ အသားထဲမှာလည်း
နောက်ထပ်…
လောက်တက်နေပြန်ရင်. . . . ဒုက္ခ။

က, ကြီး . . . .လို့
အော်ဖတ်ဖို့ ပြင်ရုံရှိသေး၊
က, ကြီးက ပက်လက်လှန်ပြ
ငါ ဘယ်လို ဖတ်ရမှာတဲ့လဲ. . . .။

ဝလုံးကို ကြည့်ရင်း . . .
သုညက အယောင်ဆောင်ထားသလား. . .လို့
သံသယ ၀င်တတ်ပြီ။
သုညက ဝလုံးယောင်ဆောင်တာ ကိစ္စမရှိ၊
မသိတသိ လူတွေက. . .
ဝလုံးရဲ့ ၀ိုင်းဝိုင်းစက်စက် တန်ဖိုးကို
သုည. . .လို့ သတ်မှတ်လိုက်မှ. . . ဒုက္ခ။

ဘယ်မှတောင် မသွားရသေးဘူး
လောက, ကို ပြတင်းပေါက် ဖွင့်လိုက်တာ
ဒုက္ခကို ခလုတ်တိုက်မိပြီ. . . ။ ။

မောင်လှမျိုး ( ချင်းချောင်းခြံ )

မိုးတိမ်ကဗျာ

မွတ်စလင်မ်တွေအတွက် ငါတစ်ခုခုလုပ်ပေးရမယ် . . . ။

ဘာလုပ်ပေးရမလဲ??

ဘာလုပ်ပေးသင့်လဲ??

ဘာလုပ်ပေးနိုင်လဲ??

သေချာတာတော့ ဖယောင်းတိုင်လို 

လေတိုက်တိုင်းငြိမ်း၊ ဖယောင်းကုန်ရင် မှိတ်မယ့်

အလင်းရောင်မျိုးတော့ မပေးချင်ဘူး။

ငါသေရင်တောင် လင်းနေစေမယ့်

အကျိုးတစ်ခုခုတော့ ချန်ခဲ့ချင်တယ်။

ကေယာမသ်နေ့မှာ အလ္လာဟ့်မေးခွန်းတွေအတွက် အဖြေတစ်ခုခုတော့

မသေခင်လေး ငါကြိုရှာထားသင့်တယ်။

မိတ်ဆွေ . . .

သင်ရော ဘာအဖြေပေးမှာလဲ . . . ။

(မိုးတိမ်ကဗျာ)

Thursday, 21 November 2013

ကျောက်ဖြူမြို့မှ ဗလီဖျက်ဆီးမှုနှင့် ဒုက္ခသည် စခန်းမှ မွတ်စလင်မ်များအား ခြိမ်းခြောက်မှု အမေရိကန် ပြင်းထန်စွာရှုံချ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် နောက်ဆုံးဖြစ်ပွားခဲ့သော ဗလီဝတ်ကျောင်း တစ်ခုအား ဖျက်ဆီးခဲ့ခြင်းနှင့် ဒုက္ခသည် စခန်းသို့ပြောင်းရွှေပြီးနေထိုင်နေရသော မွတ်စလင်မ်များကို ခြိမ်းခြောက်မှုများပြုနေခြင်းကို အမေရိကန်ပြည်ထောင်စု အနေဖြင့် လွန်စွာ စိုးရိမ်ရပါကြောင်းနှင့် အနီးကပ် စောင့်ကြည့်လျက်ရှိကြောင်း ရန်ကုန်မြို့မှ အမေရိကန်သံရုံးက သတင်းထုတ်ပြန်လိုက်ပါသည်။
အမေရိကန်ပြည်ထောင်စု အနေဖြင့် ယခုကဲ့သို့ ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်းများကို ပြင်းထန်စွာရှုံ့ချကြောင်း နှင့် အစိုးရ အာဏာပိုင်များနှင့် လူမျိုးစုခေါင်းဆောင်များ အနေဖြင့် အကြမ်းဖက်လုပ်ရပ်များကို အရေးယူရန်နှင့် အမုန်းတရား လှုံဆော်မှုများကို ထိထိရောက်ရောက် အရေးယူရန် တိုက်တွန်းလိုက်ပါသည်။

ရိုဟင်ဂျာဟာ မြန်မာနိုင်ငံမှာ မရှိဘူးလို့ မြန်မာအစိုးရက သမိုင်းကိုပြောင်လိမ်ငြင်းနေ ပေမဲ့ မြန်မာတပ်မတော်ထဲမှာ ရိုဟင်ဂျာတွေဟာ နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေ ကို နိုင်ငံသားတစ်ယောက်အနေနဲ့ ထမ်းဆောင်ခဲ့ကြတယ်ဆိုတာ အထောက်အထားနဲ့ တင်ပြလိုက်တယ်။


မြန်မာမွတ်စလင်မ် လွတ်မြောက်ရေးအဖွဲ့မှ နိုင်ငံတော်သမ္မတထံပေးစာ

President Thein Sein

ရခိုင်မှတ်တမ်းကပြောတဲ့ ရိုဟင်ဂျာတိုင်းရင်းသား

Rohingya_In_Rakhine_Record.pdf

အိုအိုင်စီ အာရကန်မြေပေါ်ရောက်တဲ့အချိန်က ငိုကြွေးသံများကိုကြားရ။

ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာ မရှိဘူးလို့ ဦးဥာဏ်ဝင်းမှ ပြောဆိုကြောင်း Eleven Media မှပြောကြား။

မြန်မာနိုင်ငံအတွင်းမှာ ၂၀၁၂ ခုနှစ်ကနေစပြီး ဖြစ်ပွားခဲ့သော အစ္စလာမ်ဘာသာကို ပစ်မှတ်ထား ဆောင်ရွက်နေသော လူမျိုးတုန်းသတ်ဖြတ်မှုများအပေါ် သုံးသပ်ချက်နှင့် ဗုဒ္ဓဘာသာအစိုးရအတွက်အကြံပြုချက်

၁။ သီတာထွေး ဟူသော ရခိုင်အမျိုးသမီးတစ်ယောက်ကို ရခိုင်-ဗုဒ္ဓ တစ်ဦးက သတ်ဖြတ်လိုက်သော်လည်း နွားကျောင်းသား ချာတိတ် ၃ ယောက်ကို ဖမ်းဆီးကာ တစ်ဦး စစ်ဆေးရင်း သေ၍ နှစ်ဦးကို သေဒဏ်ပေးလိုက်သည်။ ပြစ်မှုထင်ရှားခြင်းမရှိပေ။ ရဲက သိမ်းထားသည်ဆိုသော MP4 ကိုလုံးဝ ပြသခြင်းမရှိပေ။ ထိုပြဿနာကို အကျယ်ကျယ်ဖြစ်အောင် ညီပုနှင့်အဖွဲ့က လှုပ်ရှားသွားပြီး တောင်ကုတ်မှာ အပြစ်မဲ့ နိုင်ငံသားမွတ်စလင်မ် 10 ယောက်ကို ရက်စက်စွာ ရိုက်သတ်လိုက်သည်။ ထိုအမှုမှာ တရားခံမပေါ်ခဲ့ပေ။

၂။ ရခိုင်ပြည်နယ်တွင် ဘိုးဘွားအဆက်ဆက် နေထိုင်လာသော ရိုဟင်ဂျာလူမျိုးများကို ခိုးဝင်ဘင်္ဂလီများဟု စွပ်စွဲထားသည်။ ပထဝီနားလည်လျှင် သမိုင်းနားလည်လျှင် မြေပုံကြည့်တတ်လျှင် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ရိုဟင်ဂျာအများစုရှိသည်ကို ရိုးသားစွာ လက်ခံနိုင်သည်။ ရှမ်းပြည်နယ်အတွင်းတွင် ဝ တရုတ်များရှိခြင်းကို နားလည်လက်ခံပြီး ဘူးသီးတောင်နှင့်မောင်တောတွင် ရိုဟင်ဂျာများရှိခြင်းကို လက်မခံနိုင်သောသူများတွင် လူ့အရည်အသွေးမပြည့်မီ၊ တစ်နည်း လူစဉ်မမှီဟု ဆိုနိုင်သည်။ ရှမ်းလူမျိုးသည် ထိုင်းလူမျိုးပင်ဖြစ်ကြောင်းနှင့် ကိုးကန့်နှင့်ဝ များသည် တရုတ်များပင်ဖြစ်ကြောင်း၊ ချင်းလူများများသည်လည်း အိန္ဒိယနိုင်ငံရှိ လူမျိုးတစ်မျိုးပင်ဖြစ်ကြောင်း၊ သို့သော် သူတို့ကို မြန်မာ့တိုင်းရင်းသားဟု နားလည်လက်ခံသူများသည် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများကို တိုင်းရင်းသားဟု နားမလည်ပေးပါက ထိုနားမလည်သူများသာလျှင် အစွန်းရောက်၊ အကြမ်းဖက်များ ဖြစ်နေပေလိမ့်မည်။

ကုလသမဂ္ဂမှ ရိုဟင်ဂျာများအား နိုင်ငံသားပေးရန် မြန်မာအစိုးရအပေါ် တိုက်တွန်း ဆုံးဖြတ်ချက်ကို မြန်မာ နိုင်ငံတော် အစိုးရ၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် (ကုလသမဂ္ဂ သံအမတ်ကြီး) ဦးကျော်တင်မှ ကန့်ကွက်ခဲ့သည်ဟုဆို။

၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေနှင့်မကိုက်ညီသူမှန်သမျှအား မည်သည့်အဖွဲ့အစည်းမှ ဖိအားပေးပြောဆိုနေစေကာမှု နိုင်ငံသားဖြစ်ခွင့်ပေးသွားမည်မဟုတ်ဟု သမ္မတပြောရေးဆိုခွင့်ရှိသူနှင့် ပြန်ကြားရေးဝန်ကြီးဋ္ဌာန ဒုတိယ၀န်ကြီးဦးရဲထွဋ်က ဆိုသည်။
နိုဝင်ဘာလ ၁၉ ရက်နေ့က မြန်မာနိုင်ငံမှနိုင်ငံမဲ့ (Stateless) ရိုဟင်ဂျာ (မူလအသုံးအနှုံးကို ဖော်ပြခြင်းသာ) များကို နိုင်ငံသား ဖြစ်ခွင့်ပေးရန် မြန်မာအစိုးရအပေါ် တိုက်တွန်းနိုင်ရေး ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ တတိယကော်မတီက ဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်အပေါ်တွင် ဦးရဲထွဋ်က လူမှုကွန်ယက်စာမျက်နှာမှတဆင့် မီဒီယာများသို့ နိုဝင်ဘာလ(၂၁)ရက်နေ့ နံနက်ပိုင်းက တုံ့ပြန်ပြောကြားလိုက်ခြင်းဖြစ်သည်။
 “အမေရိကန်၊ ဗြိတိန်အပါအ၀င် အနောက်ဒီမိုကရေစီနိုင်ငံများမှာလည်း နိုင်ငံသားပြုခွင့်နဲ့ပတ်သက်ပြီး သီးခြား ပြဋ္ဌာန်းထားတဲ့ ဥပဒေများ၊ စည်းကမ်းချက်များ ရှိပါတယ်။ အဲဒီဥပဒေများနဲ့ မကိုက်ညီတဲ့သူတွေကို ဘယ်နိုင်ငံတကာအဖွဲ့အစည်းပြောပြော သက်ဆိုင်ရာနိုင်ငံက နိုင်ငံသားပြုပေးမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့လည်း အဲဒီ သဘောပဲဖြစ်ပါတယ် ဟု ပြန်ကြားရေး ၀န်ကြီးဋ္ဌာန ဒု-၀န်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့ခြင်းဖြစ်သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီအနေနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စာရင်း စစ်တမ်း ကောက်ယူရာ၌ ဘင်္ဂလီလူမျိုးများ ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်နေသည့် လုပ်ဆောင်ချက်များကို ထောက်ပြပြောဆိုသင့် သည်ဟု ဦးရဲထွဋ်က ဆိုသည်။
ဆက်လက်၍ ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေမှာ ဆိုရှယ်လစ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၇၄)နှင့် မညီကြောင်းနှင့် တည်ဆဲဥပဒေနှင့်အညီစီစစ်သွားမည့်အပေါ် လက်ခံကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အတိုင်ပင်ခံ ဥပဒေပညာရှင် တစ်ဦးဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ဆိုသည်။
 ၁၉၈၂ဥပဒေအတည်မဖြစ်ခင်က ဆိုရှယ်လစ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၇၄)မှာ နိုင်ငံသားဖြစ်ခွင့်နှစ်မျိုးပဲရှိတယ်၊ တစ်မျိုးက တိုင်းရင်းသားမိဘနှစ်ပါးက မွေးတဲ့သူနဲ့ ဥပဒေအရနိုင်ငံသားဖြစ်ခွင့်ရှိသူဆိုပြီး နှစ်မျိုးပဲရှိတယ်၊ ဒါပေမယ့် ၁၉၈၂ ဥပဒေမှာ လေးမျိုးဖြစ်သွားတယ်၊ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူ နှစ်မျိုးထပ်တိုးသွားတော့ ရှေ့နဲ့နောက်မညီဘူး ဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောသည်။
၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေနှင့်ပတ်သတ်၍ အမျိုးသားရေးလှုပ်ရှားသည့်သံဃာတော်များနှင့် အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ ပြီးဖြစ်ကြောင်းနှင့် ပြည်တွင်းမှဘိုးစဉ်ဘောင်ဆက်နေထိုင်လာသည့် မွတ်ဆလင်ဘာသာကိုးကွယ်သူများအနေနှင့် ၁၉၈၂ ဥပဒေ ကို လုံးဝလက်မခံနိုင်ဟု မြန်မာ-မွတ်စလင်အရေးဆောင်ရွက်သူ ဒိုင်းမွန်းရွှေကြည်က ပြောသည်။
၁၉၈၂ ဥပဒေက ဘင်္ဂလီအတွက် ထုတ်တာလား ပြည်တွင်းက မွတ်ဆလင်တွေအတွက် ထုတ်တာလား။ မွတ်ဆလင်တိုင်း အတွက်ဆိုရင် ကျွန်တော်တို့ လက်မခံဘူး။ ၈၂ အက်ဥပဒေဆိုတာ မရှိတော့ပါဘူး။ အဲ့ဒီအကြောင်းကို ရှင်းချင်တယ်ဆိုရင် ဦးရဲထွဋ်နဲ့ စကားချင်းယှဉ်ပြောဖို့ ကျွန်တော် စိန်ခေါ်တယ်။ ဟု ဒိုင်းမွန်းရွှေကြည်က ပြောသည်။

ဧရာဝတီစေတနာ့ဝန်ထမ်းအဖွဲ့-မလေးရှား (လူမှုကွန်ယက်)၏ အသင်ဖွင့်ပွဲဖိတ်ကြားလွှာ

မလေးရှားနိုင်ငံတွင်အခြေပြုဖွဲ့စည်းထားတဲ့ Ayeyarwaddy Volunteer Association-Malaysia (Network)
ဟုခေါ်တွင်သော ဧရာဝတီစေတနာ့ဝန်ထမ်းအဖွဲ့-မလေးရှား (လူမှုကွန်ယက်)ကို
လာမည့် တနင်္ဂနွေနေ့မှာ အသင်းမိတ်ဆက်ပွဲတစ်ရပ်ပြုလုပ်မည်
ဖြစ်ကြောင်းသတင်းရရှိပါတယ်။

အဆိုပါအသင်းမိတ်ဆက်ပွဲကို မလေးရှားနိုင်ငံမှ လူမှုရေးအသင်းအဖွဲ့များအားဖိတ်ကြားထားရှိပြီး
မြန်မာနိုင်ငံမှ ဧည့်သည်တော်များလည်း မိတ်ဆက်ပွဲသို့ တက်ရောက်မှာဖြစ်
တယ်လို့ တာဝန်ရှိသူ ဦးအောင်နေလှိုင်းထံမှ 
သတင်းရရှိပါတယ်။
ထို့ကြောင့် ဧရာဝတီစေတနာ့ဝန်ထမ်းအဖွဲ့-မလေးရှား (လူမှုကွန်ယက်)၏ မိတ်ဆက်ပွဲ
သို့
တက်ရောက်လိုသူ ပရဟိတချစ်ခင်သူများအနေဖြင့် တက်ရောက်နိုင်ရန်
ဖော်ပြပါရှိသော ဖိတ်စာအတွင်းမှ လိပ်စာအတိုင်း
လာရောက်အားပေးကြပါရန်
ကျွန်တော်များ ဗမာမွတ်စလင်မ် လူငယ်များကွန်ယက်မလေးရှားမှ ထပ်လောင်းအသိပေးဖိတ်ကြား
အပ်ပါတယ်။


Wednesday, 20 November 2013

ကျွန်တော်တို့ တရားဝင်ထုတ်ပြန်ထားတဲ့ လူမျိုးစု(၁၃၅)မျိုးထဲမှာ ရိုဟင်ဂျာဆိုတာ မပါဘူးလို့ ဦးခင်ရီပြောကြား။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီနှင့်တွေ့ဆုံခြင်း

ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြုရေး တောင်းဆိုနေသည့် ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်ဒုက္ခသည်စခန်းမှ ဒုက္ခသည် နိုင်ငံသားဖြစ်ရေးအစီအစဉ်နှင့်
ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီနှင့် 7Day News တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ်တင်ပြလိုက်ပါသည်။

မေး- ဘင်္ဂါလီတွေ လက်ရှိတောင်းဆိုနေတဲ့ နိုင်ငံသားဖြစ်ခွင့်နဲ့ပတ်သက်ပြီး ၀န်ကြီးဌာနက ဘယ်လိုဆောင်ရွက်ပေးထားပါသလဲ။

ဖြေ- လုပ်မယ့်စနစ်ကတော့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့အညီပဲ လုပ်မှာပါ။ ဒီဥပဒေက တည်ဆဲဥပဒေဖြစ်ပါတယ်။ တည်ဆဲဥပဒေနဲ့အညီပဲ သတ်မှတ်တဲ့ သတ်မှတ်ချက်နဲ့ ပြည့်စုံတဲ့သူတွေ၊ နိုင်ငံသားအဖြစ်လျှောက်ထားတဲ့သူတွေ အရည်အချင်းကိုက်ညီတယ်ဆိုရင် ဥပဒေရဲ့ခွင့်ပြုချက်အတိုင်းပဲ ဖြစ်သွားမှာပါ။

မေး- သူတို့ဘက်က စစ်တမ်းကောက်ယူမှုတွေကို လက်မခံတဲ့အပေါ် ဘာများပြောချင်ပါသလဲ။

တရားမျှတမှုကို ရှာဖွေနေသော အာရကန်မှ မွတ်စလင်မ်များ။



ကျွန်တော်တို့ဟာ လူသတ်သမား မဟုတ်ပါ


ထက်ဝေး 



ကျွန်တာ် တို့ဟာ လူသတ်သမား မဟုတ်ပါ ကြားနေရမယ့် လူတွေ ဘက်မလိုက်တဲ့ အမြင်နဲ့အမှန်တရားကိုဖေါ်ထုတ် နှစ်ဖက် အသံကိုရေးပြရတဲ့ လူတွေဖြစ်တယ်။ ပြည်သူအကျိုးစီးပွားရှိစေဖို့ အမှားတွေကို သွယ် ၀ိုက်တဲ့ နည်းနဲ့ ထောက်ပြ ဖို့ သတင်းတွေရေးနေကြတယ် ကျွန်တာ် တို့ဟာ လူသတ်သမား မဟုတ်ပါ။ “၀ုန်းကနဲဆို”ကျွန်တော် တို့ရောက်သွားတယ် မိကျောင်းသားလို့ပြောခံရလောက်အောင် မေးတယ် နှစ်ဖက် အသံကို နားထောင်တယ် အာရုံထဲကျင့်ဝတ်ကို သတိကပ်လို့ ကျွန်တာ် တို့ဟာ လူသတ်သမား မဟုတ်ပါ။ စကားလုံး အသုံးအနုန်းတွေရွေးချယ် ပဋိပက္ခကြားထဲ ထပ်ပြီး ပဋိပက္ခမဖြစ်စေဖို့ ဒီနေ့ရေးလိုက်တဲ့ ကျွန်တော့် သတင်း နက်ဖြန်မှာ လူတွေဆီ ငြိမ်းအေးတဲ့ စိတ်တွေဖြစ်ဖို့ ကျွန်တာ် တို့ဟာ လူသတ်သမား မဟုတ်ပါ။ ဆရာဝန် ရဲ့ မှားယွင်းသုံးသပ်ချက်က လူတစ်ယောက်ပဲသေစေမယ် မီဒီယာသမားရဲ့ စကားလုံး အားလုံး အုံကြွ လို့ သေစေနိုင်တယ် ကျွန်တာ် တို့ဟာ လူသတ်သမား မဟုတ်ပါ/ သတိလက်လွတ်အမှား တခါတရံ ဘက်လိုက် မှုတွေ အတ္တနဲ့ ကြား မနေ ခဲ့မှုတွေ စကားလုံး အသုံး အနုန်းစွပ်စွဲ ချက် တွေ သတင်းရဲ့နောက်ကွယ် ပြဿနာတွေပိုကြီးထွားစေခဲ့တယ် ကျွန်တာ် တို့ဟာ လူသတ်သမား မဟုတ်ပါ။

ဘယ်ကလာပြီး ဘာတွေလုပ်လို့ ဘယ်သွားမှာလဲ ဒီဗွီဘီ

ကိုညို( အော်စလို)
November 20, 2013 at 11:39am

အခုရက်ပိုင်းအတွင်း အော်စလိုမှာDVB အသံလွှင့်ဌာန ပိတ်ပွဲအခမ်းအနားကို ခမ်းခမ်းနားနားလုပ်ဖို့ တာစူနေကြတယ်။ ပြည်တွင်းနဲ့ချင်းမိုင်၊ မဲဆောက် အခြေစိုက် DVB ၀န်ထမ်းတချို့ရော ဟိုးအစောပိုင်း DVB တည်ထောင်စ ပါဝင်ခဲ့တဲ့ လူဟောင်းတွေကိုရောသတိတရ ဖိတ်ကြားပြီး မနက် ကိုးခွဲကနေ ညနေ လေးနာရီထိ ရှေ့ကြောင်းနောက်ကြောင်းတွေ ပြန်သုံးသပ်တင်ပြကြမယ်လို့ ကြားတယ်။ နော်ဝေးနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း စကားနည်းနည်းပြောမယ်ကြားတယ်။ ဒီပိတ်ပွဲကို မြန်မာပြည်က စာရေးဆရာ ဂျာနယ်လစ်တချို့ကိုလည်း ဖိတ်တယ်..။ သတင်းထောက်တွေရောဆိုလူ ၂၀ကျော်မယ်ထင်တယ်။ ပြည်တွင်း ဂျာနယ်လစ်စ်တွေကတော့ နော်ဝေးအပြင် ဆွီဒင်၊ပြင်သစ် စတဲ့ ဥရောပနိုင်ငံတချို့ ခရီးဆက်မယ်သိရတယ်။ ဒီပွဲကြီးတခုလုံးအတွက် နော်ဝေးနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့၊ OpenSociety Foundation ရယ် နော်ဝေးအခြေစိုက် Fritt Ord Foundation အဖွဲ့တွေက ငွေကုန်ကြေးကျခံတယ်လို့စုံစမ်းသိရတယ်။ တကယ်တော့ DVB ဟာ လာခြင်း ကောင်းခဲ့ပေမဲ့ ပြန်ခြင်းမလှရှာဘူး။ ပေါ်ပေါက်စကပြည်သူ့ သြဘာသံတညံညံရခဲ့ပေမဲ့ အခု နောက်ပိုင်းမှာတော့ ပြည်သူရဲ့ ထွီ.ထွမ်..အခြေစိုက်ဖို့ဖြစ်သွားပြီလို့ဘဲ မထောက်မညှာ ပြောရတော့မယ်။

၁၉၉၂ ဇူလိုင် ၁၉ရက်မှာDVB ရေဒီယိုကို စတင်လွှင့်ခဲ့တယ်။ ကျနော်တို့နယ်စပ်နဲ့ ပြည်ပနိုင်ငံတွေမှာ ဒီမိုကရေစီ တော်လှန်ရေးလှုပ်ရှားသူတွေနှစ်ထောင်းအားရဖြစ်ကြတယ်။ ဒါဟာ ငါတို့အသံ လို့ခံယူပြီး တတ်နိုင်သလောက် ၀န်းဝိုင်းပံ့ပိုးခဲ့ကြတယ်။ကျနော်ဟာ အဲဒီကာလက သတင်းထောက်တယောက်မဟုတ်ပေမဲ့ အိန္ဒိယနိုင်ငံကနေ ကိုယ့်ဖာသာ အိပ်စိုက်ပြီး ဖက်စ်ဘိုး၊ တယ်လီဖုံး ဖိုး အကုန်ကျခံ သတင်းတွေ ပုံမှန်ပေးပို့ခဲ့တယ်။ ငါတို့ ရေဒီယို.. ငါတို့ ၀န်းရံရမယ်ဆိုတဲ့ မူမျိုးရှိခဲ့ကြတယ်။ ကိုယ်မှ မဟုတ်ဘူး၊ တခြား အရပ်မျက်နှာ အစုံက တော်လှန်ရေးရဲဘော်တွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေကလည်း DVB ကို ၀ိုင်းဝန်းပံ့ပိုးခဲ့တယ်။ 

မြန်မာအစိုးရကို အရေးယူရန် အမေရီကန် အောက်လွှတ်တော်မှ ဥပဒေမူကြမ်းထွက်ရှိ။

 ဦးသိန်းစိန်အစိုးရအပေါ် ရခိုင်ပြည်ကမူဆလင်တွေအရေး | တနေ့တခြားဆိုးရွားလာနေသော လူအခွင့်အရေး ချိုးဖောက်ခံနေရမှု တွေကိုအမေရိကန်အောက်လွှတ်တော်က အရေးယူဒဏ်ခတ်တော့မည်ဟု  ဥပဒေမူကြမ်းထုတ်လိုက်ပြီ။


ပူးတွဲပါ စာမျက်နှာများကို အောက်တွင် ဆက်လေ့လာပါရန်။

Tuesday, 19 November 2013

Genocide လူမျိုးတုံးသတ်ဖြတ်မှုဆိုတာဘာလဲ နားလည်စေဖို့ ...

ဖတ်ပါ။ နားထောင်ပါ။
ငါတို့ ကျူးလွန်ခံရရင်ကော... ပျော်နိုင်ပါဦးမလားဆိုတဲ့ စာနာစိတ်လေးနဲ့ခံစားကြည့်ပါ။
မှန်တယ်လို့ ယူဆမှ ရှယ်ပေးပါ။

Genocide လူမျိုးတုံးသတ်ဖြတ်မှုဆိုတာဘာလဲ နားလည်စေဖို့ ...

၁၉၄၈ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့CPPCG အပိုဒ် ၂ မှာ နိုင်ငံသားတစ်မျိုးကိုသော်လည်းကောင်း၊ လူမျိုးစုတစ်ခုကိုသော်လည်းကောင်း၊ လူမျိုးတစ်မျိုးကိုသော်လည်းကောင်း၊ ဘာသာရေး အဖွဲ့အစည်းတစ်ခုကိုသော်လည်းကောင်း ကြိုတင်ကြံရွယ်ချက်ဖြင့် အဆိုပါ အစုအဖွဲ့ တစ်ခုလုံး (သို့) ယင်း၏ အစိတ်အပိုင်းအပေါ်

(က) သတ်ဖြတ်ခြင်း

(ခ) အပြင်းအထန် နာကျင်စေခြင်း (သို့) စိတ်ပိုင်းဆိုင်ရာ အနာတရဖြစ်စေခြင်း

(ဂ) တမင်ကြံရွယ်၍ ၄င်းတို့၏ ဘ၀အခြေအနေများကို ဖျက်ဆီးပြီး တွက်ချက်ထားသည့်အတိုင်း တစ်စိတ်တစ်ပိုင်း (သို့) အလုံးစုံ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုများ သက်ရောက်စေခြင်း၊

(ဃ) ကလေးမွေးဖွားမှုကို ကာကွယ်ကန့်သတ်သည့် စည်းမျဉ်းများသတ်မှတ်ခြင်း၊

(င) အင်အားသုံးပြီး ဖိနှိပ်ခံအုပ်စုမှ ကလေးသူငယ်များကို အခြားအဖွဲ့များသို့ ပြောင်းရွှေ့လွှဲအပ်ခြင်း

တို့မှ မည်သည့်အချက်ကိုမဆို ကျူးလွန်ဖောက်ဖျက်ခြင်းကို Genocide (သို့) လူမျိုးတုန်းသတ်ဖြတ်မှုလို့ ဖွင့်ဆို အတည်ပြုခဲ့ပါတယ်။

အွန်လိုင်းပေါ်မှ လူ့အခွင့်အရေးချိုးဖေါက် အကြမ်းဖက်မှုများ


ထက်ဝေး

အင်တာနက်သုံးစွဲမှု ခေတ်စားလာသည့်အခါဖုန်းဖြင့်ချိတ်ဆက်သုံးစွဲသူများ၊နက်ဆိုင်မှာသုံးစွဲသူများဖြင့်
ကလေးကစ၍လူကြီးများပါမကျန်သုံးစွဲလာခဲ့ကြသည်။  အင်တာနက် ကိုသုံးစွဲသူများအများအပြား ရှိကြရာ တစ်ချို့က ဖေ့ဘုတ်သုံးကြရာတွင် စီးပွားရေး ၊ လူမှုရေး၊နိုင်ငံရေး သတင်းအချက်အလက်များသိလို၍ဇြစ်ပြီး ရိုးသားစွာဝါသနာအရင်းခံဖြင့် သုံးစွဲ ကြပါသည်။ တစ်ချို့ကချက်တင် ထိုင်လို၍ဖြစ်ပြီးအနည်းငယ်သော တစ်ချို့က မိမိ ၏ အတ္တပေါ်တွင်သူတပါးကို အတင်းချ ရေးသားတိုက်ခိုက်လို၍သုံးစွဲ ခြင်းမျိုးဖြစ်ကြောင်းတွေ့ ရှိရပါသည်။မြန်မာနိုင်ငံ၌ ချက်တင် အသုံး ပြု သူ ၈၂% ရှိသည်ဟုလေ့လာသူများရေးသောစာစောင်များ ၌ မှတ်သားဖူးသည်။ဖေ့ဘုတ်ထဲ၌ အကောင့်တစ်ခုဖွင့်ပြီးမိမိလုပ်ငန်းများ ၊ သတင်းအချက် အလက်များ ကိုတစ်ဦးနှင့် တစ်ဦးဖလှယ်၍ရသည်။ ကိုယ်ပြောချင်သောအကြောင်း အရာများမိတ်ဆွေများနှင့် ဖလှယ်၍
ရသော  ဆွေးနွေးနိုင်သော၊ လူမှုကွန်ယက် ၀က်(ဘ်)ဆိုက်ဖြစ်ပါသည်။

ဝမ်းအိုဝမ်း ကြီး သူရဲကောင်းကြီး ကျန်းမာပါစေ

ထက်ဝေး


မြန်မာပြည်ရဲ့ အနောက်မှာ ရိုဟင်ဂျာ ပြဿနာ က ကြီးထွားလာတော့
အစွန်းရောက်တွေကလည်း အကြမ်း ဖက် ဖို့ ခြိမ်းခြောက်လာကြတယ်။ တာလီဘန်ကနောက်
အင်ဒိုက အဘူဘာကာဆိုလားပဲ။ ပြည်တွင်းနေ မြန်မာမွတ်စလင် တွေကတော့
ငြိမ်းချမ်းမူကိုပဲ လိုလားတယ်။အဲ့ဒီ အကြမ်း ဖက်မူတွေဟာ
မြန်မာမွတ်စလင်တွေနဲ့ လုံးဝမသက်ဆိုင်တဲ့ အပြင်
ဆန့်ကျင်ပါကြောင်းး၊ရှုံ့ချပါေ
ကြာင်း လည်း မြန်မာ မွတ်စလင်
အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေက ပြောဆိုနေကြတယ်။ဒါနဲ့ ပတ်သက်ပြီး
ကဗျာဆရာအောင်ဝေးက လျှပ်တစ်ပြက်ဂျာနယ်မှာ ကဗျာ တစ်ပုဒ်ရေးပါတယ်။ကဗျာအမည်က
“ တစ်အချက်ဆန့်ကျင်တယ်၊နှစ်အချက်မကြောက်ဘူး”  တဲ  မြန်မာပြည်ကို
ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်လို့  လေသေနတ်ပစ်နေတဲ့  ခြိမ်းခြောက်မှုတွေကို
မကြောက်ဘူးလို့ ဆရာက ဆိုလို ချင်ဟန်တူပါတယ်။

“ကျနော် ငိုခဲ့မိတယ်” ဟု OIC အထွေထွေ အတွင်းရေးမှူး ဆို


ကမ္ဘာ့ အစ္စလမ်နိုင်ငံများ ပေါင်းစည်းထားသည့် အဖွဲ့အစည်း OIC ၏ အထွေထွေအတွင်းရေးမှူးက ကာလရှည်ကြာစွာ ဖိနှိပ်ချုပ်ချယ်ခြင်းခံခဲ့ရသည့် မြန်မာနိုင်ငံမှ ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင် အသိုင်းအ၀ိုင်းနှင့် သွားရောက်တွေ့ဆုံ ခဲ့ရသည့် စိတ်လှုပ်ရှားဖွယ်ရာ ခရီးစဉ်က သူ့ကို မျက်ရည်ကျစေခဲ့ကြောင်း ပြောဆိုလိုက်သည်။

“ဒီလို ခံစားမှုမျိုး ဘယ်တုန်းကမှ ကျနော် မခံစားခဲ့ရပါဘူး” ဟု Ekmeleddin Ihsanoglu က စနေနေ့တွင် ပြောကြား ခဲ့ကြောင်း AP သတင်းတပုဒ်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ အပြင်ဖက်မှာ ပြန့်ကျဲနေသည့် အမှိုက်ပုံလို ဒုက္ခသည်စခန်းတွေမှာ ဆင်းရဲပင်ပန်းစွာနေ ထိုင်နေရသည့် အရေအတွက် များပြားလှသည့် ဒုက္ခသည်တွေကို မြင်တွေ့ရသည့် အဖြစ်က စိတ်ကို အထိခိုက်စေဆုံး ဖြစ် သည်ဟု သူက ဆိုသည်။ “ကျနော် ငိုခဲ့မိတယ်” ဟု Ihsanoglu က ပြောသည်။

သူနှင့် OIC မှ ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံသို့ ၃ ရက်ကြာ ခရီးစဉ် သွားရောက်ခဲ့ပြီး သမ္မတ၊ ဒုတိယသမ္မတ၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ဘာသာရေး အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အဖွဲ့များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။

ဗုဒ္ဓဘာသာဝင် အများဆုံးဖြစ်သော မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၆၀ခ န့် ရှိပြီး ရာစုနှစ်ဝက်မျှ ကြာမြင့်ခဲ့သည့် စစ်အုပ်ချုပ်ရေးလက်အောက်မှ ၂၀၁၁ ခုနှစ်တွင် လွတ်မြောက်လာခဲ့သော်လည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးသည် လူ ၂၄၀ ကျော် သေဆုံးခဲ့ရပြီး လူပေါင်း ၂၄၀၀၀၀ ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် လူမျိုးရေး ဘာသာရေး ခွဲခြားမှု အဓိကရုဏ်းများကြောင့် ထိခိုက်နစ်နာမှုများ ဖြစ်ခဲ့ရသည်။

Monday, 18 November 2013

Malaysia BMY Member Form

ဗမာမွတ်စလင်မ်လူငယ်များကွန်ယက် မလေးရှားနိုင်ငံအတွင်းရှိ BMY အဖွဲ့ဝင်များ ဖြည့်စွပ်ရမည့် ဖောင် ပုံစံ၊ ဖြည့်စွပ်ပြီးပါက Scan ဖက်၍ bmynetworkmalaysia@gmail.com သို့ ပေးပို့ကြပါရန် လေးစားစွာအသိပေး အပ်ပါသည်။ အခြားနိုင်ငံ(သို့)နေရာဒေသ မတူသူများအနေဖြင့်လည်း ဖြည့်စွပ်ပြီး ပို့ပေးနိုင်ပါသည်။ သက်ဆိုင်ရာ BMY အဖွဲ့များသို့ ပြန်လည်ပေးပို့သွားမည်ဖြစ်ပါသည်။

Sunday, 17 November 2013

မြန်မာအကြမ်းဖက်သမားများအပေါ်- (MAPIM) မှ ထုတ်ပြန်ချက်

အစ္စလာမ့်အဖွဲ့အစည်းဆိုင်ရာ အတိုင်ပင်ခံကောင်စီ (မလေးရှား) – Malaysian Consultative Council for Islamic Organization (MAPIM) မှ ထုတ်ပြန်စာ

၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်

အိုအိုင်စီအဖွဲ့ဝင်နိုင်ငံများမှ မြန်မာသံရုံးအားလုံးထံ အကြောင်းကြား အသိပေးရန် ထုတ်ပြန်ချက်
*************************************************************************



ဤရက်ပိုင်းအတွင်း အိုအိုင်စီအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများ မြန်မာနိုင်ငံသို့လာရောက်မှုအပေါ် မနှစ်မြို့ခြင်းကို အကြောင်းပြုပြီး မြန်မာနိုင်ငံမြို့ကြီးများတွင် ရဟန်းသံဃာများမှ အစ္စလာမ်သာသနာအား စော်ကားပြုမူချက်နှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့သည် ထိခိုက်ခံစားရပါသောကြောင့် ပြင်းထန်စွာ ရှုံ့ချလိုက်ပါသည်။

ရသေ့တောင်ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေ၏ တိုက်တွန်း အဆိုပြုချက် များသည် အမျိုးသား အကျိုးစီးပွားအတွက်မဟုတ်ဘဲ နိုင်ငံတော် အတွက်လည်း အကျိုးမရှိသဖြင့် ဦးရွှေမောင်မှ ကန့်ကွပ်။


Friday, 15 November 2013

ဗမာမွတ်စလင်မ်လူငယ်များ ကွန်ယက်၏ ထုတ်ပြန်ကြေငြာချက်။


တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့၏ ထုတ်ပြန်ကြေငြာချက်


 ထုတ်ပြန် ကြေငြာချက် ၁၁/၂၀၁၃ ၂၀၁၃ ခု နိုဝင်ဘာလ ၁၅ ရက်
**********************************************************************************
အစ္စလာမ် သာသနာဝင်များအား တိရစ္ဆာန်များဟု သုံးစွဲပြောဆိုသူ များအား
ပြင်းထန်စွာ ချက်ချင်း အရေးယူပေးရန် တောင်းဆိုချက် ။ ..။

မြန်မာအစိုးရ ဖိတ်ကြားမှုအရ ၂၀၁၃ နိုဝင်ဘာလ ၁၃ ရက်မှ စ၍ မြန်မာပြည်
တွင်းသို့ ရောက်ရှိနေသော အိုအိုင်စီခေါ် အစ္စလာမစ်ပူးပေါင်း ဆောင်ရွက်ရေး
အဖွဲ့အား မြန်မာအစိုးရ၏ ခွင့်ပြုချက်ဖြင့် ရှုံချဆန္ဒပြပွဲများကို ကျွန်ုပ်တို့သိမြင်ရသည်။
အစိုးရကိုယ်တိုင်ဖိတ်၍ UN Mandate ဖြင့် မြန်မာ နိုင်ငံသို့ သွားရောက်သော
OIC အား မီးစတစ်ဖက် ရေမှုတ်တစ်ဘက် ၀ါဒဖြင့် ကြေးစား ဆန္ဒပြသူများအား
အစိုးရမှ စေခိုင်းခဲ့သည်ကိုလည်း ကျွန်ုပ်တို့ လေ့လာ တွေ့ရှိရသည်။

ဦးကိုကိုလတ်၏ ပသီလူမျိုးစုအရေး မေးခွန်းများကို ဆွေးနွေးခြင်း

ဦးကိုကိုလတ်၏ မေးခွန်းများကို ဆွေးနွေးခြင်း

မေး။   ။ ပထမအဆင့်အားဖြင့်။ ။ မြန်မာမွတ်စလင်လူမျိုးစု (သို့မဟုတ်) ပသီလူမျိုးစု (သို့မဟုတ်) အခြားအမည် တစ်ခုခုဖြင့် ခေါ်တွင်သော လူမျိုးစုအဖြစ် သတ်မှတ်သည် ဆိုကြပါစို့၊ အစ္စလာမ်ဘာသာ ကိုးကွယ်သူများကိုသာ ထိုလူမျိုးစုတွင် ပါဝင်စေရပေလိမ့်မည်။ သို့ဖြစ်ရာ မြန်မာမွတ်စလင် တစ်ဦး(သို့မဟုတ်) ပသီလူမျိုးတစ်ဦးသည် အခြားဘာသာတစ်ခုခုသို့ ပြောင်းသွားလျှင် မည်သည့်လူမျိုး ဖြစ်မည်နည်း။ - - တစ်နည်းအားဖြင့်ဆိုလျှင် ဘာသာရေးကို လူမျိုးရေးဖြစ်အောင် ဖန်တီးလိုသည့် ဘာသာရေး အယူသည်း စိတ်ကူးယဉ် အယူအဆသာ ဖြစ်ပေသည်။

ဖြေ။   ။ မြန်မာမွတ်စလင်(ခေါ်) ပသီသည် လူမျိုးအသစ်မဟုတ်ဘဲ၊ ဥပဒေမဲ့ ထင်ရာစိုင်းတတ်တဲ့ လူမျိုးရေး ဘာသာရေး အစွန်းရောက် စစ်အစိုးရတွေရဲ့ မတော်မတရား ဖျောက်ဖျက်ခံထားရတဲ့ တရားဝင် တိုင်းရင်းသား လူမျိုးတစ်မျိုးဆိုတာကို ဦးကိုကိုလတ် သိစေချင်ပါတယ်။ လူမျိုးအသစ်တစ်ခု ဖန်တီးနေတာ မဟုတ်ပါဘူး။

မြန်မာမွတ်စလင်တွေကို သန်းခေါင်စာရင်းမှာ စာရင်းဖျောက်ခြင်း (STATISTICAL GENOCIDE)

တခါတခါ စဉ်းစားမိတယ်။

မြန်မာ့ဒီမိုခေါင်းဆောင် ဆိုသူတွေနဲ့ အစိုးရလုပ်သူတွေဟာ အိပ်ပျော်နေရင်း လမ်းလျှောက်နေကြသူတွေလား။ အိပ်ပျော်ချင်ယောင်ဆောင်ပြီး လမ်းလျှောက်ပြနေသူတွေလား။
 အခြားနေရာတွေမှာသာ ဒီမိုခေါင်းဆောင်တွေနဲ့ အစိုးရတို့ သဘောထား မတူတာ ရှိချင် ရှိနေမယ်။ မြန်မာပြည်က မွတ်စလင်တွေနဲ့ ပတ်သက်ရင် အများစုကြီးက အိပ်လျှက်ဖြစ်ဖြစ်၊ အိပ်ချင်ယောင်ဆောင်လို့ဖြစ်ဖြစ် လမ်းလျှောက်ပြနေကြတာကတော့ တူကြတယ်။ Truth is Bitter. အမှန်တရားဆိုတာ ခါးသီးတယ်လို့ ဆိုပါတယ်။
 တစ်ချိန်က မြန်မာမွတ်စလင်(ပသီ)၊ ရိုဟင်ဂျာစတဲ့ တိုင်းရင်းသား အမည်စာရင်းဝင်သူတွေ အကုန်လုံးကို ၁၉၈၂နိုင်ငံသား ဥပဒေအရဆိုပြီး အရှင်လတ်လတ် ဘင်္ဂါလီနဲ့ စပ်ပစ်လိုက်တာ တချို့ဆိုရင် လူမျိုးရှစ်မျိုးလောက်စပ်ပြီး (ဥပမာ - ဘင်္ဂါလီ+ရှမ်း+မွန်+ကရင်+မြန်မာ+ပလောင်+ချင်း+ကချင် လူမျိုးလို့) မှတ်ပုံတင်မှာ တရားဝင် စာရင်းပေါက်နေကြပါပြီ။ ကိုယ့်ကိုကိုယ် ဘာလူမျိုးဖြစ်ကြောင်း ပြောချင်ရင် ရေသောက်ပြီး၊ နားပြီးမှ ပြောလို့ ရတော့မဲ့ကိန်းဘဲ။ တပ်မတော်က မဟာဦးနှောက်နဲ့ တီထွင်ထားသော ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှ မကြားဖူးတဲ့ အံ့ဘွယ် လူမျိုးအမည်တွေ ဖြစ်ပါတယ်။ ဒါက လက်တွေ့ဖြစ်ရပ်တွေပါ။ စိတ်ကူးယဉ် မဟုတ်ဘူး။ ဒီလူတွေကို သန်းခေါင်စာရင်းမှာ ဘယ်လို အမည်စာရင်းသွင်းကြမလဲ။

ဦးကိုနီ ကုလားလူမျိုး မဟုတ်ပါ။

တိုင်းရင်းသား ၁၄၄မျိုး စာရင်းဝင် (စစ်အစိုးရက နောက်ပိုင်းမှာ အစ္စလာမ်သာသနာဝင်တွေဖြစ်တဲ့ တိုင်းရင်းသားတွေ ကို ဖြုတ်ချခဲ့ပါတယ်။) မြန်မာမွတ်စလင် တိုင်းရင်းသား လူမျိုးဖြစ်ပါတယ်။ ကံဆိုးချင်တော့ မြန်မာမွတ်စလင်ဆိုတာက သမိုင်းဝင်တိုင်းရင်းသားလူမျိုးဖြစ်သော်လည်း ဘာသာနဲ့ လူမျိုးတွဲစပ်ထားတာဖြစ်နေလို့ အငြင်းပွါးစရာ ဖြစ်ရတယ်။ ဒါကြောင့် မြန်မာမွတ်စလင်တွေဟာ အားလုံးလက်ခံနိုင်မဲ့ သင့်လျော်တဲ့ လူမျိုးအမည်တစ်ခုကို စဉ်းစားနေကြပါတယ်။ကိုပုဂံကွဲရှအပါအဝင်အများပြည်သူတွေ ကို မြန်မာ့သမိုင်းကို မြန်မာမွတ်စလင်ကို ချန်ထားပြီး ရေးကြည့်စေချင်ပါတယ်။ ပြည်ထောင်စု သမိုင်းကို မြန်မာမွတ်စလင်တွေ မပါဘဲ ရေးကြည့်စေချင်ပါတယ်။ ကျောင်းသားသမိုင်း၊ ခွပ်ဒေါင်းသမိုင်းကို မြန်မာမွတ်စလင်တွေ မပါဘဲ ရေးကြည့်စေချင်ပါတယ်။ လွတ်လပ်ရေးတိုက်ပွဲဝင် သမိုင်းကို မြန်မာမွတ်စလင်တွေ မပါဘဲ ရေးကြည့်စေချင်ပါတယ်။ တိုင်းပြည်ထူထောင်ရေး၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ဂီတ၊ ပါဠိ၊ အားကစား သမိုင်းကို မြန်မာမွတ်စလင်တွေ မပါဘဲ ရေးကြည့်စေချင်ပါတယ်။ ပုဂံခေတ်က စတင်သော မြန်မာ့ရာဇဝင် သမိုင်းအဆက်ဆက်မှသည်၊ ကိုလိုနီဆန့်ကျင်ရေး လွတ်လပ်ရေးတိုက်ပွဲဝင်သည်အထိ မြန်မာမွတ်စလင်တွေရဲ့ သွေးတွေ၊ ချွေးတွေ မျက်ရည်တွေနဲ့ မော်ကွန်းထိုးခဲ့တာကို အထင်အရှားတွေ့ရပေမယ်။

ပသီဟုဘာကြောင့်ခေါ်သင့်သလဲ

၂၀၁၄ သန်းခေါင်စာရင်းတွင် မြန်မာမွတ်စလင်မ်များ အနေဖြင့် ပသီခေါ် မြန်မာမွတ်စလင်မ် ပာု မည်သည့်အတွက်ကြောင့် ဖြည့်သွင်း ရေးသား အပ်ကြောင်း ရှင်းလင်းပွဲတစ်ရပ်ကို ယနေ့နေ့လည် ၂း၀၀ နာရီအချိန်က ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက် တွင် ကျင်းပသည်။
“ပသီဆိုတာ ဘာသာရေးကို အကြောင်းပြုပြီး ဖွဲ့တာမပာုတ်ဘူး။ ဘာသာရေးကို အခြေခံပြီး ကျွန်တော်တို့ လူမျိုးစု ထူထောင်တာ မပာုတ်ဘူး။ ဒီလူမျိုးတွေက အစ္စလမ်ကိုးကွယ်တာ။ ပသီပြည်နယ်ထူထောင်ဖို့လည်း မပာုတ်ဘူး။ ဆိုပါစို့ ပသီထဲမှာ ဘာသာခြား မရှိနိုင်ဘူးလား။

ငြိမ်းချမ်းပါစေ မြန်မာပြည်

ကမ္ဘာကြီး နာဖျားလာလို့ ၀ိုင်းဝန်းကုသဖို့ ကြိုးစားနေတုန်းမှာ

ငါတို့ ရှင်သန်ရာ မြန်မာနိုင်ငံက
ကင်ဆာ ဖြစ်သွားတယ် ......

အရင်ထဲက ဖြစ်နေတဲ့ ဆီးချိုရောဂါကြောင့်
ငါတို့ မြန်မာပြည်လဲ..

ခြေတွေ လက်တွေ ပုတ်ပြီး
ပျက်ကျကုန်တာ တတိ တတိနဲ့ ....

အဆောင်ယောင်တွေ အတွက်
အယောင်ဆောင်ကြပြီလား ..................

စစ်မှန်ခြင်းနဲ့ ငြိမ်းချမ်းခြင်းက
ဒီနေ့ခေတ်ရဲ့ ရှားပါးကုန်စည်..

ငြိမ်းချမ်းပါစေ မြန်မာပြည်...
ငါ မသေခင် တစ်ကြိမ်လောက်တော့ တွေ့ခဲ့ပါရစေ...........

Jue Jue (15 Nov, 2013)

Thursday, 14 November 2013

ထက်ဝေး......

   နာကျင်ကြေကွဲ ရင်ထဲမှာ ထာဝရ သိမ်းထားလိုက်မယ်........   


ဆရာကြီး ၀မ်းအိုဝမ်းကျော်ဝင်းမောင် အကြောင်း လျှပ်တစ်ပြက်ဂျာ နယ်မှာဆရာအောင်ဝေးက ဆရာကြီး နာမကျန်း ဖြစ်နေတာကို
စိုးရိမ်ကြောင်းကဗျာတစ်ပုဒ်နဲ့ ဖေါ်ကြူးတယ်။တကယ်တော့ ဆရာအောင်ဝေးပြောသလိုပြည်တွင်းကမွတ်စလင်စစ်ကြီး အဘ ၀မ်းအိုဝမ်းကျော်ဝင်းမောင် ကို ကျွန်တော်ကအလွန်သဘောကျခဲ့ တယ်။ လူချင်းလည်း ရင်းနှီး တယ်။သူ့ရဲ့ စွန့်စားခန်းတွေကိုသဘောကျတယ်။တကယ်တော့ နိုင်ငံဂုဏ်ရည်ဘွဲ့ရဖို့ ဆိုတာ လွယ်လွယ်တော့ မဟုတ်ပေ ဘူး။တော်လှန်ရေးကာလက အမေရိကန် ၀မ်းအိုဝမ်းတပ်တွေ ကိုရိန်းဂျားတပ်( Ranger)လို့ ခေါ်ကြတယ်။ အဲ့ဒီတပ်ထဲ ဗမာ၊ရှမ်း၊ဗမာမွတ်စလင်တွေပါတယ်။“အမေရီကန် ၀မ်းအိုဝမ်းအဖွဲ့နဲ့ ဗြိတိသျှ ဖို့ဒ် ၁၃၆
တပ်ဖွဲ့တွေ ဟာစစ်အောင်နိုင်ရေး အတွက် အရေးကြီးတဲ့နိုင်ငံရေးပြဿနာများ၊ထောက်လှန်းရေးပြဿနာ များကို အဓိက ထားတဲ့ဆောင်ရွက်ကြတဲ့ အဖွဲ့ ဖြစ်တယ်။

အဝေးတစ်နေရာက..... ချစ်ရသောအစ်ကို တစ်ယောက် ပေးပို့လာသောကဗျာ....

အမျိုးသားရေး အကျိုးဆောင်လူငယ်
ထက်ဝေး
***************************


မြို့ကလက်မခံလို့ နိုင်ငံရပ်ခြားကို ထွက်ခွာလာတာ မဟုတ်ဘူး
အဝေးကြီးကိုနှလုံးသားနဲ့ရင်းပြီး လာခဲ့ရတဲ့ကန္တာရလမ်းထိပ်မှာ ရင်ထဲတစ်ဆစ်ဆစ်နာကျင်ခဲ့ရ......

ကိုယ့်မြေကိုယ်ရေကို သိပ်ချစ်ခဲ့တဲ့ မြန်မာပြည်ဖွား နိုင်ငံသားစစ်စစ်တယောက်ပါ
လူ့အခွင့်ရေးဆိုတဲ့ စာမျက်နှာကို ကျော် ဖတ်နေတဲ့ လူတွေကြားမှာ အသက်ရှုကြပ်မိ
အခု ဟို့ဝေးဝေးက မြို့ကလေးကို လွမ်းမိတယ် သူငယ်ချင်းတွေလည်း စိတ်တွေနွမ်းကြေနေရော့မယ် လေ

ငှက်ကလေးတွေအနိမ့်ပျံတဲ့ညနေညိုဆို ဆည်းဆာကိုကြည့်ပြီးအမေ့ကိုသတိရလို့ မျက်ရည် ရစ်ဝိုင်းမိ
တစ်ချို့က အမျိုးသားရေးဆိုတာ ကိုဘာသာပြန်လွဲနေကြတယ်
နိုင်ငံတော် ကိုချစ်ပြီး ကိုယ့် ရပ်ရွာနဲ့ လူ့အဖွဲ့ အစည်း ဖံ့ထွားဖို့ပါဆိုတာ အပ်ကြောင်းထပ်နေတဲ့ ဓါတ်ပြားဟောင်းလိုဖွင့်ပြရ

လောကကိုအလှဆင်ချင်ခဲ့တာပါ
အမှောင်ထုကိုဖြိုခွင်းချင်သူရဲ့မာန်နဲ့ အရဲစွန့်မိသူပါ
ကိုယ့် အမျိုးသားတွေ ကို အလင်းရောင်ပေးပြီ တရားမျှတမှုကို ထုဆစ်ရှာဖွေရင်း အလွမ်းကို သိမ်းထုပ်ထားရတယ်

လောကကြီးမှာ အသိအမှောင်ဖုံးနေတာကိုထွန်းညှီရတာလောက် ခက်ခဲတာ မရှိဘူး
ရင်ချင်းဆက်ဖို့ တယ်လီဖုန်းလိုင်းကလေးကို အားကိုးနေရ
အဖြစ် အပျက်တွေကို ရင်နာနာ နဲ့ပဲ နားစွင့် နေခဲ့ရ
အခုတော့ အမျိုးသားရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ရေခြားမြေခြားမှာပဲ နွံ့နစ်ခဲ့ပြီ

ကိုယ်တိုင်အရည်ပျော်ခံပြီး ဖယောင်းတိုင်လို အလင်းဆောင်ခဲ့ပါတယ် ရွာကလေးရယ်
အိမ်လွမ်းစိတ်ကိုတော့ပီနန်မြစ်ကြီးအောက် မြုပ်နှံလိုက်ပြီ
ပြီးတော့ ....ချစ်သူကိုကိုလွမ်းတဲ့ အသည်းကိုလည်းမြစ်ကြီးထဲမျောလို့ လမ်းခွဲလိုက်မိတယ် လေ။ ။


( ချစ်ရသော ညီငယ် အောင်ကျော် မိုး သို့)

သတိပေးချက်



ရိုဟင်ဂျာ ကြောင့် ငါတို့လည်း ရောပါခဲ့ရတယ် ဆိုတဲ့ လူတွေ။ ပသီ အုပ်စုပေါ်လာရင် ငါတို့လည်း ရောခံရဦးမယ် ဆိုတဲ့ လူတွေ။ ကင်တာနား မလာမှီ- မိတ္ထိလာကို မလာဘဲ ရခိုင်ကိုပဲ သွားရင် ကန့်ကွက်မယ် ဆိုတဲ့လူတွေ။ OIC က မြန်မာမွတ်ဆလင်တွေ ကိစ္စ ၀င်ပါဘို့ မလိုဘူး ဆိုတဲ့လူတွေ- အားလုံး ဒီနေ့ကစ မိမိအမှားကို မိမိမြင်ပါ။ ကျွန်တော်တို့က တော်လှန်ရေးပိုးထ နေလို့ တော်လှန်ရေး လုပ်နေရခြင်း မဟုတ်ပါ။ တော်လှန်ရေး ဆိုတာ ပွဲလန့်တုံး ဖျာခင်းလို့ ရတဲ့ ကိစ္စလည်း မဟုတ်ပါ။ တော်လှန်ရေးသမား တစ်ယောက်မှာ ကြီးမားတဲ့ တာဝန်ရှိတယ်။

မြန်မာမွတ်စလင်တွေ အပြောလျှော့ပြီး အလုပ်လုပ်ပြကြဖို့ အချိန်တန်ပြီ။

အမုန်းမီးတောက်တွေ

အမုန်းတွေတောက်လောင်
လောင်စာရန်ညှိုးမီးဆက်၍ပျိုးသူတွေကလည်းများပါဘိသနဲ့
ကိုယ်က လူမျိုးစွဲဘာသာစွဲမရှိဘူး
တကယ်စွဲလန်းမိတဲ့ ညီမလေး ရိုစီတာကလွဲလို့
အတတ်နိုင်ဆုံးအစွဲကင်းပြီး ငြိမ်းချမ်းရေးကိုလိုလားတယ်
ကမ္ဘာကြီးက အချိန်မှန်လည်ပတ်နေတယ်
မြစ်တွေကလည်းစီးနေတုန်းပဲ
ရေစီးကသန်တယ် .
မကြားဘူးတာတွေကြားနေရတဲ့ နားကို အားနာတယ်
ဒါဏ်ရာရနေတဲ့ နှလုံးသားနဲ့ ကဗျာဖန်တည်းရတာလည်း အားနာတယ်
မြို့ကလေးမှာ နှလုံးသားကျကျန်ရစ်တယ် ဆိုတဲ့ ငယ်ချစ်ဦးကိုလည်း အားနာတယ်
အုံ့မှိုင်းညှို့ဆိုင်းနေတဲ့ မိုးကောင်ကင်ကြီးက မျက်ရည်တွေနဲ့ ပဲကြေကွဲလိုက်ပါတယ်
လရောင်ဝေးခဲ့တဲ့ နှစ်တွေ
ပန်းရနံ့မသင်းနိုင်တဲ့ လေညှင့် သွဲ့သွဲ့
မီးခိုးရနံ့တွေလည်း နာကြည်းစွာရှိုက်မိခဲ့တယ်
တခါက လရောင်လမ်းမှာ လက်ချင်းချိတ်ခဲ့ဖူးတာတွေ
ကဗျာချိုအေးနဲ့ တေးသီခဲ့တဲ့ တနင်္ဂနွေ ရက်တွေ
နဂိုကမှ ခံနိုင်ရည် နည်းရတဲ့ ကြားထဲ အလွမ်းမုန်တိုင်းက တိုက်လာပြန်တယ်
ပန်းမ၀တီမြစ် က ဗေဒါတွေကို သယ်သွားတယ်
ငါ့အလွမ်းကို တိုက်စား သယ် မသွားနိုင်ဘူး
ညီမလေးရေ
ရိုစီတာရေ
ငါမုန်းနေတာ ကျင့်ဝတ်မရှိတဲ့ မီဒီယာသမားယောင်ခြောက်ဆယ်
ဖြိုခွဲရေးသမားတွေ ပါပဲကွယ်။
ထက်ဝေး

ငြိမ်းချမ်းရေးသီချင်း

အမုန်းတွေ တောက်လောင် အလျှံတငြီးငြီး
ချိုးဖြူငှက်လေးလည်း သွေးစွန်းလျှက် အားယူပျံသန်း
လရောင်ဆမ်းထားတဲ့ တလင်းပြင်းမှာတေင် သွေးရောင်သမ်းလို့
မာယာတွေ၊ ဗျူဟာတွေ ၊လှည့်ကွက်တွေ ၊ယုတ်မာမှုတွေ ၊
ရက်စက်စွာ အညွန့်တလူလူတောထအောင်ပေါက်လို့
ကမ္ဘာကြီးနာမကျန်းနေတာလား
ဝါဒမှိုင်းနံ့တွေကညှော်တယ်
တခါကတို့ပြည်ြကီးမှာ တယောကြီးခိုင်းခဲ့ဖူးတယ် လို့ အဘိုးကပြောပြတယ်
ကျည် ဆံတွေကြားမှာပြေးကြလွှားကြ ဗုံးခိုကျင်းလေးမှာ မျက်ရည် ကျကြ
စစ်ဆိုမုန်းတယ်
အကြမ်းဖက်မှုတွေကိုရွံ့တယ်
မေတ္တာတရား ပန်းရနံ့တွေ ကမ္ဘာမြေမှာလေညှင်းနဲ့ သင်းပါစေ
ငြိမ်းချမ်းခြင်းလရောင်တွေ ချစ်သူတို့ ပခုံးသားပေါ်လင်းပါစေ
ဝန်တိုမှုတွေကင်းတဲ့ နားလည်ခြင်းအနုပညာနဲ့ သင့်မြတ်သူတွေ တိုးပါစေ
ငါ့နှမ
ငါချစ်သောတိုင်းပြည်
ငါ့ကောင်းကင် မှာ ချိုးဖြူငှက်တွေ အုပ်ဖွဲ့ ပျံသန်းပါစေ...။ ။
ထက်ဝေး

အာဇာနည်ခေါင်းဆောင်ကြီး ဆရာကြီး ဦးရာဇာတ်၏ မိန့်ခွန်း

ဗမာမွတ်စလင် နိုးကြားရေးညီလာခံကို ၁၉၄၁ခု၊ မေလ(၁)ရက်နေ့မှ စတင်၍ကျင်းပခဲ့ပါသည်။ အဆိုပါညီ လာခံကို မေလ(၄) ရက်နေ့တွင် အာဇာနည် ဆရာကြီး ဦးရာဇတ်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ ပါသည်။ ထိုညီလာခံတွင်ပင် ၁၉၄၁-၄၂ ခုနှစ်အတွက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ရွေးချယ် တင်မြှောက် ခဲ့ရာတွင် ဥက္ကဌအဖြစ် မန္တလေးမြို့ ဗဟိုအမျိုးသားအထက်တန်းကျောင်းအုပ် အာဇာနည်ဆရာကြီး ဦးရာ ဇတ်အား ရွေးချယ်ခဲ့ပါသည်။၁၉၄၁ခု၊ မေလ(၄)ရက်နေ့တွင် အဆိုပါညီလာခံ၌ အာဇာနည် ဆရာကြီး ဦးရာဇတ်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ သဘာပတိအဖြစ် ဆောင်ရွက်စဉ် ဆရာကြီး ဦးရာဇတ်က သဘာပတိမိန့်ခွန်း မြွက်ကြားခဲ့ပါသည်။ အဆိုပါ မိန့်ခွန်းအပြည့် အစုံမှာ အောက်ပါ အတိုင်းဖြစ် ပါသည်။

ကိုဖြိုဝေအောင်ရဲ့ အမှုမှန် မှုခင်းမှတ်တမ်း

Press Conference X2O-Case Explanation

မြန်မာ့မြေမှ မွတ်စလင်မ်များ ဆရာဝါးခယ်မ မောင်မင်းနိုင်ဘာသာပြန်ဆိုသည်။

Muslim From Myanmar Land

ရမ္မာဝတီမြို့ဝန်၊ ရွှေတောင် သာဂသူဘွဲ့ရ ဂန္ထ၀င်မြောက် စာဆိုတော် ဆရာကြီး ဦးနု AD 1762-1822

ရွှေရိုးအကကို တီထွင်ခဲ့သူက မြန်မာမွတ်စလင် ကာတွန်းပညာရှင် ဦးဘကလေး

ဦးဘကလေးဆိုတဲ့ ရွှေတလေး အကြောင်းကို သိရှိဖတ်ရှုခဲ့ရပြီးနောက် အခြား လူငယ်တွေကိုလည်း သူ့ အကြောင်းတွေ သိစေချင်ခဲ့ပါတယ်။ အခုနောက်ပိုင်း စာစောင်တွေ မဂ္ဂဇင်းတွေမှာ ဦးဘကလေးအကြောင်းကို ရေးသားတာ မတွေ့ ရ တော့ တတ်နိုင်သလောက် လေ့လာဖတ်ရှု မေးမြန်းပြီး ဦးဘကေလေး အကြောင်းအနည်းငယ်ကိုရေးသားလိုက်ခြင်းပါ။ကာတွန်းဆရာကြီး ရွှေတလေး၊ ရုပ်ရှင်လူရွှင်တော်ကြီး ဦးရွှေရိုးဆိုတာ ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်း(၈၀)ကျော် (၁၀၀) အတွင်းက မြန်မာစာနယ်ဇင်းတွေနဲ့ မြန်မာရုပ်ရှင်လောကမှာ လှုပ်ရှားခဲ့ တဲ့ မြန်မာ(တိုင်းရင်းသားအစ္စလာမ်သာသနာဝင်)အနုပညာသည်ကြီးဖြစ်ပါတယ်။

Wednesday, 13 November 2013

အရှင်ဣဿရိယ ရေးသားခဲ့တဲ့ ကဗျာလေးပါ။

သောက်ကျင့်ရုတ်တဲ့အစိုးရရဲ့
ကျားကွက်ထဲကရှေ့ထွက်နယ်ရုပ်ဖြစ်ဘို့
ဘာအရည်အချင်းမှမလိုဘူး။

အကြွေးခံရတဲ့အကွက်မှာ
ဘယ်ကောင်လာစားစား
အပြုံးမပျက်ခေါင်းငုံ့ခံတတ်ဘို့ဘဲလိုတယ်။

သမိုင်းမှာဘယ့်လောက်နာမည်ပျက်ပျက်
ထည့်တွက်စရာမလိုဘူး၊
ကိုယ့်မိသားစုဆွေမျိုးတစ်သက်
စားရပြီးရောဆိုတဲ့စိတ်မွေးဘို့ဘဲလိုတယ်။

ဂျူးဂျူးရေးတဲ့ မြေကဗျာ


မြေ.....

ပြည်တွင်းစစ် မကြာခဏ ဆင်နွှဲလေ့ရှိတဲ့
မြေ...

တသက်လုံး တူတူနေသူ အချင်းချင်း
သံသယမီးတွေ ဆင့်ပွားစေတဲ့
မြေ....

မိဘမဲ့ကလေးတွေရဲ့ ငိုသံတွေ
ဒုက္ခသည်တွေနဲ့ မျှော်လင့်ချက်မဲ့မှုတွေနဲ့
တန်ဆာဆင်ထားတဲ့
မြေ.....

အလွန်နည်းတဲ့ လူတစ်စုအတွက်
အရာရာ လက်ညှိုးညွှန် ရွှေဖြစ်ချိန်မှာ
တစ်နိုင်ငံလုံးနီးပါး
ထမင်းငတ်တော့မယ့်
မြေ....

OIC မလာဖို့ ဆန္ဒပြကန့်ကွပ်တာဟာ လူ့အခွင့်အရေးနဲ့ ကိုက်ညီပါသလား?

(၁)-OIC မြန်မာနိုင်ငံကိုလာခြင်း ကိစ္စအပေါ် သံဃာတစ်ချို့နဲ့ အကြမ်းဖက်သမား တစ်ချို့ ဆန္ဒပြခဲ့ကြတာကို လူ့အခွင့်အရေးနဲ့ ကိုက်ညီတယ်လို့ ပြောဆိုခဲ့သူတွေရှိနေ ကြ ပါတယ်။ ဒီမိုကရေစီ နည်းအရ လွပ်လပ်စွာ ဆန္ဒပြခွင့်ရှိတယ် ဆိုတာကို လက်ခံပါ တယ်၊ ထောက်ခံပါတယ်။သို့ပေမဲ့လည်း လူအခွင့်အရေးနဲ့ ကိုက်ညီမဲ့ အရေးကိစ္စတွေ အတွက်သာလျှင်ဖြစ်ပြီး လူ့အခွင့်အခွင့်အရေး အပေါ်ချိုးဖောက်တဲ့ကိစ္စတွေဟာ ဒီမို ကရေ စီစံညွှန်းနဲ့ မကိုက်ညီပါဘူး။အိုအိုင်စီမြန်မာနိုင်ငံကို လာရောက် တာဟာ အဖက် ဖက်ကကြည်ရင် ကောင်း တယ်လို့မှတ်ယူရမဲ့ကိစ္စပါ။ အိုအိုင်စီဟာ မြန်မာနိုင်ငံ အတွက် အကြိုးယုတ်မဲ့ ကိစ္စတွေအတွက် လာရောက်တာမဟုတ်ပါဘူး။

အိုအိုင်စီ မြန်မာနိုင်ငံသို့ လာရောက်ခြင်းအပေါ် ဗမာမွတ်စလင်မ်လူငယ်များ ကွန်ယက်မလေးရှားနိုင်ငံမှ ကြိုဆိုခြင်း။


Tuesday, 12 November 2013

PCN ရဲ့ဆွေးနွေးပွဲတစ်ခုမှ ဒေါက်တာဦးမြင့်သိန်းရဲ့ ဗီဒီယိုမှတ်တမ်း

” မြန်မာမွတ်စလင်မ် လူ့အဖွဲ့အစည်း အမည်မှန် ဖော်ထုတ်ရေး၊ လူမျိုးစုဝင်စာရင်းတွေ ဖော်ထုတ်ရေး၊ မန်မာမွတ်စလင်မ် ဆိုင်ရာ အမျိုးသားညီလာခံ ကျင်းပပြီး အမျိုးသားရေး ခေါင်းဆောင်မှု ကဏ္ဍ ပြန် လည်ဖော်ထုတ်ရေး အတွက် ဘာသာရေးနှင့် လူမျိုးရေး ရှုပ်ထွေးမှု ဖြစ်နိုင်တာကြောင့် ‘ပသီ (ခ) မြန်မာ မွတ်စလင်မ်’ ဆိုတာကို ရွေးချယ်ခြင်းဖြစ်တယ် သီးခြား မြန်မာကနေ ခွဲထွက်ခြင်းလဲ မဟုတ်ဘူး ပသီ ပြည်နယ်ထူထောင်တာဘို့လဲ မဟုတ်ဘူး” ဟု ဒေါက်တာမြင့်သိန်း ပြောကြားချက် ကို မြန်မာမွတ် စလင်မ် မီဒီယာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံနှင့်ပတ်သက်တဲ့ ဦးကိုနီရဲ့ ဟောပြောချက်



မြန်မာမွတ်စလင် ကြေညာစာတမ်း

ငါတို့သည် ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းက တိုင်းကျိုး ပြည်ကျိုးကို ဦးဆွေးဆံမြည့် ထမ်းဆောင် ခဲ့သူများဖြစ်၏။
ငါတို့သည် မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ အဆင့်ဆင့်များတွင်သာမက ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ပွဲသိမ်းလွတ်လပ်ရေး တိုက်ပွဲကြီး တွင်လည်း မဆုတ်မနစ် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သူများဖြစ်၏။
ငါတို့သည် ခေတ်အဆက်ဆက်မှ ယနေ့ခေတ်ကာလအထိ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်ထောင်စုသစ် တည်ဆောက်ရေး ကြိုးပမ်းမှုများတွင်လည်း ဆက်လက်ပေးဆပ် ရုန်း ကန်နေသူများဖြစ်၏။
ငါတို့သည် မြန်မာ့လူ့ဘောင်၏ လူမှုရေး၊ စီးပွါးရေး၊ ပညာရေး၊ စာပေ၊ ဂီတ၊ ယဉ်ကျေးမှု၊ အနုပညာ၊ အားကစားစသော နယ်ပယ်အသီးသီးတွင် သမိုင်းမှတ်တိုင် စိုက်ထူခဲ့၊ စိုက်ထူဆဲသူများဖြစ်၏။
  ငါတို့သည် ဒို့ဗမာအစည်းအရုံးကြီး၏ ပထမဆုံး ထုတ်ပြန်သော ၁၉၃၀ခု၊ မေလ(၃၀)ရက်နေ့ ကြေညာစာတမ်းပါ “အို - - - ငါတို့နှင့် တမြေတည်းနေ၊ တရေတည်းသောက် တနိုင်ငံဘွားဖြစ်သော ဗမာကပြားအပေါင်းတို့၊ အသင်တို့သည် ဗမာပြေဘွားများဖြစ်ကြသဖြင့် စင်စစ်မှာ ဗမာများပင် ဖြစ်ကြသည် မဟုတ်ပါလော” ဟူသည့် ဗမာ့လွတ်လပ်ရေး တိုက်ပွဲခေါ်သံကို မတွန့်မဆုတ် ရဲရဲတောက် အလျှင်အမြန် တုန့်ပြန်ခဲ့သူများဖြစ်၏။

KIO/KIA နှင့်မြန်မာအစိုးရအကြား ကျင်းပသော ငြိမ်းချမ်းရေးဆွေးနွေးပွဲအပေါ် ဗမာမွတ်စလင်မ် လူငယ်များ ကွန်ယက်၏ သဘောထားကြေငြာချက်။


သတိပေးချက်

ရိုဟင်ဂျာ ကြောင့် ငါတို့လည်း ရောပါခဲ့ရတယ် ဆိုတဲ့ လူတွေ။ ပသီ အုပ်စုပေါ်လာရင် ငါတို့လည်း ရောခံရဦးမယ် ဆိုတဲ့ လူတွေ။ ကင်တာနား မလာမှီ- မိတ္ထိလာကို မလာဘဲ ရခိုင်ကိုပဲ သွားရင် ကန့်ကွက်မယ် ဆိုတဲ့လူတွေ။ OIC က မြန်မာမွတ်ဆလင်တွေ ကိစ္စ ၀င်ပါဘို့ မလိုဘူး ဆိုတဲ့လူတွေ- အားလုံး ဒီနေ့ကစ မိမိအမှားကို မိမိမြင်ပါ။ ကျွန်တော်တို့က တော်လှန်ရေးပိုးထ နေလို့ တော်လှန်ရေး လုပ်နေရခြင်း မဟုတ်ပါ။ တော်လှန်ရေး ဆိုတာ ပွဲလန့်တုံး ဖျာခင်းလို့ ရတဲ့ ကိစ္စလည်း မဟုတ်ပါ။ တော်လှန်ရေးသမား တစ်ယောက်မှာ ကြီးမားတဲ့ တာဝန်ရှိတယ်။

မငိုနဲ့ ညီမလေး.........

မင်းအိမ်ကိုဖျက်ဆီးခံလိုက်ရလို့
လုံခြုံမှုမ၇ှိတော့လို့ ထွက်ပြေးလာရတဲ့
ကမန်သူလေးရေ
သွေးထိုးနေတာ ဘယ်သူလဲ
ငါတို့တွေ အတွက် လွတ်လပ်မှုတွေကို
တိုက်စားခံလိုက်ရပြီတဲ့လား
မင်းဇာတိနယ်က သူငယ်ချင်းရခိုင်သားတွေကို
မင်းသတိရနေမယ်ဆိုတာယုံတယ်
တို့သိပါတယ် ကွယ် မင်းရဲ့ကြေကွဲမှုတွေ က
ငပလီထိပြန့်နေမယ်ဆိုတာ
ရာဆာအာရာဖတ်ကတော့
သူ့မြေကို သူနမ်းရှုံ့ခဲ့တယ်
မင်းရော မင်းအဘိုးအဘွားတွေ
မွေးတဲ့မြေကို နမ်းခဲ့ရဲ့လား
တချိန်က နန်းတွင်းမှာ
လေးသည်တော် တွေဖြစ်တဲ့
မင်းဘိုးဘေးတွေလည်း
ကြေကွဲနေလိမ့်မယ် ဘုရင့်ရဲ့
ကျေးကျွန်ကောင်းတွေ အခုတော့
မင်းကိုဝါဒတခုက လွှမ်းခြုံသွားပြီ
အရင်းစစ်တော့ စနစ်ပဲ ညီမလေး
တိုင်းရင်းသားတွေကိုလည်း
မမုန်းနဲ့ စနစ်နဲ့ ၀ါဒကိုပဲ မုန်းပါ ကဲ..
မငိုနဲ့တော့ ကမန် သူလေးရေ..။

ဒါလီ........

သတိ အောင်-(နီလှိုင်း)


Government and people of Malaysia, Indonesia, and Brunei:

The Rohingya and Myanmar Muslim community worldwide vehemently demand the Governments of Malaysia, Indonesia, and Brunei to boycott the SEA Games of 2013 in Myanmar to show solidarity with the victims of violence against Muslims by Buddhist Rakhine and the armed forces of Myanmar in 2012 and 2013. The Government of Myanmar has deprived Rohingya Muslims the freedom of worship, and it has shut down Muslim places of worship, schools, and places of burial. The Government of Myanmar has also prohibited repairing or rebuilding of over 60 mosques that were burnt down or destroyed by the radical Buddhist Rakhine extremists in Arakan/Rakhine state.

Organization of Islamic Cooperation-(OIC)အား ကြိုဆိုပါတယ်။

Organization of Islamic Cooperation-(OIC)ရဲ့ အထွေထွေအ တွင်းရေးမှူးချုပ်ဖြစ် တဲ့ Ekmeleddin Ihsauoglu ဦးဆောင်တဲ့ အဖွဲ့ ဟာ ဆော်ဒီအာရေဗျ၊ အီဂျစ်၊ တူရကီ၊ ဘင်္ဂလားဒက်ရှ်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဂျီဘူတီ (Djibouti) နိုင်ငံ ၇ နိုင်ငံက နိုင် ငံခြားရေး ၀န်ကြီး(၇) ဦးနှင့်အတူ မြန်မာနိုင်ငံသို့ရောက် ရှိ၍ မြန်မာ အစိုးရနဲ့တွေ့ ဆုံဆွေးနွေး ကာ လိုအပ်သည်များကို ကူညီဆောင်ရွက် မှာဖြစ်ပြီး အဆိုပါအဖွဲ့ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံ မှာဖြစ်ပါတယ်။

Monday, 11 November 2013

ပြောပြချင်ပါတယ်....... ဦမောင်မောင်-(ရွှေကရ၀ိတ်)

မြန်မာနိုင်ငံတွင်းမှာ သတိပြုစရာလေးတွေပါ…..
ကျွန်တော့်အဖေဟာ…AE… ခေတ်တုန်းက…အမျိုးသားမှတ်ပုံတင်ကို တိုင်းရင်းသားလို့ရေးပြီး…လူမျိုး …ဗမာမွတ်စလင်…နဲ့ ကိုင်ခဲ့တာပါ….
နောက်ပိုင်း…ကျွန်တော်မှတ်မိသလောက်…၁၉၇၀ခု ကျော်ကျော်လေး မှာ…ကျွန်တော်တို့ညီအစ်ကိုမောင်နှမတွေနဲ့အတူတူ…သုံးခေါက်ချိုး..အစိမ်း ရောင်ကဒ်ပြန်လုပ်ရပါတယ်…အဲ့ဒီအထဲမှာတမိသားစုလုံး…လူမျိုး…မြန်မာ…ကိုးကွယ်သည့်ဘာသာ…အစ္စလာမ်…ဖြစ်သွားပါတယ်။
၁၉၉၀ခု…ရွေးကောက်ပွဲမတိုင်ခင်လေး…နိုင်ငံသားစီစစ်ရေးကဒ်ပြား… ပန်းရောင်တွေလဲပေးတော့…ကျွန်တော်တို့ တမိသားစုလုံး…လူမျိုး… ဗမာ… ကိုးကွယ်သည့်ဘာသာ…အစ္စလာမ်…ဖြစ်သွားပါတယ်…။လဝက…က သူတို့အထက်ကချမှတ်ပေး တဲ့…နှုတ်မိန့်နဲ့…လုပ်ချင်ရာ… လုပ်နေကြတာပါ…။

ဗမာမွတ်စလင်မ်လူငယ်များကွန်ယက် မလေးရှားနိုင်ငံမှ (၆)ရက်၊နိုဝင်ဘာလ၊(၂၀၁၃)ခုနှစ် ရက်စွဲပါ ကြေငြာချက် အမှတ်စဉ်-(၄)


ဦးမောင်မောင်-(ရွှေကရ၀ိတ်) ရေးခဲ့သော Status

လူကြီးမင်းများခင်ဗျား………

ကျွန်တော်ဟာ…ဘာအဆင့်မှမရှိတဲ့သာမာန်လူတယောက်ဆိုတာကို သိပါ တယ်…ဒါပေမဲ့…ရေနစ်နေတဲ့သူတယောက်လို…ခံစားရလို့…ဆွဲမိဆွဲရာ…… ကောက်ရိုးမျှင်လေးလိုသဘောထားပြီး…ဒီ Status ကို ရေးလိုက်မိတာပါ။

ပထမရက်က…ကျွန်တော့်အနေနဲ့…ပြည်ထောင်စုမြန်မာနိုင်ငံသားအစ္စလာမ် ဘာသာဝင်များကို…သန်းခေါင်စာရင်းကောက်ယူတဲ့နေရာမှာ…လူမျိုးအမည်ကို… “ပသီ” လူမျိုးအဖြစ်…ထည့်သွင်းစေလိုပါသည်ဟူသောအဆိုကို…အမျိုး သားစည်းလုံးညီညွတ်ရေး ရလာလိမ့်မည်ဟူသော …ယုံကြည်ချက်ကြောင့်… ထောက်ခံပါကြောင်း…ရေးသားတင်ပြခဲ့ပြီးဖြစ်ပါသည်။

ယခု…ထပ်မံတင်ပြလိုသည်မှာ…ယနေ့…ပြည်ထောင်စုမြန်မာနိုင်ငံတွင်… လူနဲစုတိုင်းရင်းသား များကိုပင်လျှင်…”ဗမာ” လူမျိုးစာရင်းတွင်…ထည့်သွင်း ရေးသား၍ “ဗမာ”လူမျိုးတိုးတက်များပြားလာရေးကို လုပ်ဆောင်နေသော ကြောင့်…ဒေသခံတိုင်းရင်းသားများကိုယ်တိုင်က…”မွန်”သည်”မွန်”ဖြစ်ရေး၊ “ကရင်”သည် “ကရင်”ဖြစ်ရေး၊”ရှမ်း”သည်”ရှမ်း”ဖြစ်ရေး မူများတင်ပြ ချမှတ် နေသည်များကို ကျယ်လောင်စွာကြားသိနေရသဖြင့်…နောင်လာမည့်အနာ ဂတ် လူဦးရေစာရင်းတွင်…မြန်မာနိုင်ငံသားအစ္စလာမ်များကို “ဗမာ”စာရင်း တွင်ထည့်သွင်းပြီး…လူနဲစုတိုင်းရင်းသားများအပေါ်…မရိုးမသားလုပ်လာမည့် အခြေအနေကို စိုးရိမ်မိသဖြင့်…”ပသီ”အမည်ကို…လက်ခံခဲ့ခြင်းလည်း…ဖြစ် ပါ သည်။

သတ္တိထားလိုက်ပါ

မြန်မာပြည်က မွတ်ဆလင်တွေ- လူမျိုးအမည်မှာ မွတ်ဆလင် ဆိုတဲ့ စကားလုံးကို သုံးလို့ မဖြစ်ဘူး၊ ဒါဟာ ဘာသာရေး အသွင်ဆောင် နာမည် ဖြစ်နေတယ်။ ဒီနာမည်ကို ကိုင်ပြီး ကမ္ဘာမှာ ကျွန်တော်တို့ လုပ်ရကိုင်ရ ခက်ပါတယ်။ ဘာသာရေး ကိုယ်စားပြုအမည်နာမ ကို ရှောင်ပြီး နာမည်တစ်ခုခု ရွေးချယ်လိုက်ပါ။ ရွေးချယ်ဘို့ အခက်အခဲ ဖြစ်နေရင် ကုလား လို့ပဲ သတ္တိရှိရှိ လက်ခံလိုက်ပါ။ သန်းခေါင်စာရင်းမှာ ဘယ်သူ အသိအမှတ်ပြုပြု မပြုပြု ကုလားလို့ ပဲ ရေးသားလိုက်ပါ။ ကုလား ဆိုတဲ့ စကားလုံးဟာ မြန်မာနိုင်ငံမှာပဲ ရှိတဲ့ စကးလုံး ဖြစ်ပြီး ကမ္ဘာမှာ ကုလား ဆိုတဲ့ အမည်နဲ့ နိုင်ငံမရှိဘူး။ ဒီတော့ ကုလား ဆိုတာကို နိုင်ငံခြားသားလို့ စွပ်စွဲလို့ မရဘူး။ အကယ်၍ ကုလား ဆိုတဲ့ လူမျိုး အဖြစ် မိမိက ရပ်တည်လို့ သူတို့ဘက်က ခွဲခြားမယ် ဆိုရင် မြန်မာတစ်ပြည်လုံး ဆင်းရဲမွဲတေ စုတ်ပြတ်သွားအောင် ကျွန်တော်တို့ လုပ်နိုင်ပါတယ်။ ကျွန်တော်တို့ကို တန်းတူညီမျှ အခွင့်အရေး မပေးရင် သူတို့ပဲ ဒုက္ခရောက်သွားပါမယ်။ အခု အချိန်မှာ-

Mohammed Bilarl Rangooni တင်ပြသည်။

2014 သန်းခေါင်စာရင်း မှာ မြန်မာ မွတ်စလင်မ်တွေ နိုင်ငံခြားသားအဖြစ် အရေတွက် မခံမိစေဖို့ ဖတ်ကြည့်ပေးပါ။ ရိုဟင်ဂျာက ကမ္ဘာသိပါ။ ကမန်က 135 မှာပါပြီးသားပါ။ ပန်းသေးက လူမျိုးသီးသန့် ရှိပြီးသားပါ။ ပသျှူးက ဘိတ်၊ ကော့သောင်းက လူမျိုးဖြစ်ပါတယ်။ နောက်ပြီး ကရင်ထဲက မွတ်စလင်မ်တွေက ကရင်လူမျိုးလို့ ရွေးချယ်ရမှာပါ။ မွန်ထဲကတော့ မွန်ပဲပေါ့။ ကချင်ထဲကလည်း ကချင်ပါပဲ။ အဲဒီလိုပဲ တိုင်းရင်းသား ၇ မျိုးထဲက မွတ်စလင်မ်တွေက ကိုယ့်တိုင်းရင်းသားလူမျိုးအမည်ရေးဖို့ဖြစ်ပါတယ်။ နိုင်ကတ် မှာ ဗမာ+အိန္ဒိယ၊ ဗမာ+ဘင်္ဂါလီ၊ ဗမာ+ပါကစ္စတာန် ဗမာ+စူရ်တီ လို့ ရေးထားခံရတဲ့သူတွေ ရှိနေပါတယ်။ အဲသည်လိုလူတွေအနေနဲ့ ဗမာလို့ခံယူလို့မရဘူး။ ဘာကြောင့်လဲဆိုရင် ကျနော်ကိုယ်တွေ့ ဗမာခံယူမယ် ဆိုတော့ လဝက က ဗမာဆိုတာ ဗုဒ္ဓဘာသာကိုပဲ ကိုးကွယ်တယ်။ ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဆိုမှ ဗမာ ခံယူလို့ရမယ်။ ကိုးကွယ်သည့်ဘာသာ ပြင်မလား မေးပါတယ်။ ကိုးကွယ်သည့်ဘာသာ မပြင်နိုင်ရင်တော့ ဗမာ+ တစ်ခုခု ပေးကိုပေးရပါတယ်။ ကျနော်တို့ ဗမာတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။

Peace Cultivation Network-(PCN) မှ ကြေငြာချက်။

၂၀၁၄ သန်းခေါင်စာရင်းတွင် မြန်မာမွတ်စလင်မ် လူ့အဖွဲ့အစည်းအနေဖြင့် ကိုးကွယ်သည့်ဘာသာနှင့် လူမျိုးအမည်ဖြည့်စွက်ခြင်းနှင့်ပတ်သက်၍ ကြေညာချက်
====================================
ရန်ကုန်မြို့ ၁၂. ၁၀. ၂၀၁၃

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် ၂၀၁၄ခုနှစ် မတ်လ (၃၀) ရက်နေ့မှ ဧပြီလ (၁၀)ရက်နေ့ထိ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း ကောက်ယူတော့မည်ဖြစ်ပါသည်၊

ယခုအကြိမ်ကောက်ယူမည့် သန်းခေါင်စာရင်းသည် ကုလသမဂ္ဂအဖွဲ့ကြီးနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားခြင်းကြောင့် ပွင့်လင်းမြင်သာမှု၊ နိုင်ငံတကာ ပူပေါင်းဆောင်ရွက်မှု အပါအဝင် နိုင်ငံတကာစံနှုန်းများနှင့်အညီ လိုက်နာရမည့်အချက်များ ရှိလာပါသည်။ ခန့်မှန်းကုန်ကျငွေ အမေရိကန် ဒေါ်လာ ၅၈.၅ သန်းဖြစ်ပါသည်။ မိသားစုတစ်ခုအတွင်း အချက်(၄၁)ချက်ပါ မေးခွန်းများပါဝင်ပြီး ဆောင်ပုဒ်မှာ "ပြည်သူအားလုံး ပါဝင်လို့၊ သန်းခေါင်စာရင်း ကောက်ကြစို့" ဟူ၍ဖြစ်ပါသည်။

ထို့ကြောင့် မြန်မာမွတ်စလင်မ် လူ့အဖွဲ့အစည်းအနေဖြင့် မြို့နယ်၊ ရပ်ကွက်အလိုက် သန်းခေါင်းစာရင်း အထောက်အကူပြုကော်မတီများဖွဲ့စည်း၍ ပြည်သူများကို အသိပညာပေးခြင်း၊ လာရောက်ကောက်ယူမည့် ကော်မတီများကို ကူညီပံ့ပိုးခြင်းများ ဆောင်ရွက်ပေးကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

ကိုးကွယ်သည့်ဘာသာ "အစ္စလာမ်" ဟုသာဖြည့်စွက်ရန်
ကိုးကွယ်သည့်ဘာသာတွင် (၁) ဗုဒ္ဓဘာသာ၊ (၂) ခရစ်ယာန်၊ (၃) အစ္စလာမ်၊ (၄) ဟိန္ဒူ၊ (၅) နတ်ကိုးကွယ်မှု၊ (၆) အခြား ဟူ၍ရှိရာ အစ္စလာမ်ဘာသာဝင်များအနေဖြင့် "အစ္စလာမ်"ဟုသာ ဖြည့်စွက်ကြရမည်ဖြစ်ပါသည်။ စွန်နီ၊ ရှီအဟ်၊ ဟနဖီ၊ ရှာဖိအီ၊ မွတ်စလင်မ် စသည့် မည်သည့်ဝေါဟာရကိုမျှ ပြောဆိုဖြည့်စွက်ခြင်းမပြုရပါ။

ယင်းသို့ပြုခဲ့သော် “အခြား”ဟူသော စာရင်း၌ ထည့်သွင်းခံရမည်ဖြစ်၍ "အစ္စလာမ်"ဟူသော စာရင်းတွင် လျော့နည်းသွားမည်ဖြစ်ပါသည်။

အန်ကလ် ဦးအောင်တင်ရဲ့ ဖေစ်ဘွခ်စာမျက်နှာမှ-၂၀၁၄သန်းခေါင်စာရင်းကိစ္စရှင်းလင်းချက်။

လိုအပ်မယ်ထင်တဲ့ သမိုင်းလောက်ဘဲ ဖြတ်ကိုးကား ပါရစေ။ သိပ်အသေးစိပ် မသွားတော့ဘဲ၊ လက်ရှိအခြေအနေနဲ့ ငုံမိအောင်ဘဲ ဆွေးနွေးချင်ပါတယ်။ ပြည်မက မွတ်စလင်နဲ့ ပတ်သက်တာကိုဘဲ အဓိကထား ပြောပါမယ်။

မြန်မာပြည်ကို အစ္စလာမ်သာသနာ မပေါ်ခင် လွန်ခဲ့တဲ့နှစ် (၁၅၀၀) မတိုင်ခင်ကတည်းက မွတ်စလင်မဖြစ်သေးတဲ့ အာရဗ်၊ ပါရှင်း၊ အိန္ဒိယသား၊ တရုပ် စသည်တို့ ကုန်ကူး၊ စစ်ဝန်ထမ်း၊ အခြေစိုက်တဲ့ သမိုင်းအထောက်အထားတွေ အခိုင်အမာရှိတယ်။ အစ္စလာမ်သာသနာ ပေါ်ပြီးတော့လည်း အစ္စလာမ်သာသနာကို လက်ခံပြီး ဆက်လက်အခြေစိုက်ကြတယ်။ သူတို့ကို ကုလား၊ ပန်းသေး(ပန်းသီ)၊ ပသီကုလား၊ ပသီ၊ ဇေတဘာဒီ၊ မြန်မာ(ဗမာ)မွတ်စလင် စသဖြင့်ခေါ်ကြတယ်။ ပသီဆိုတဲ့အသုံးအနှုံးကို ပုဂံခေတ်ကျောက်စာတွေမှာ ရှိတယ်။

၁၉၄၆ခု ဇန္နဝါရီလမှာ ကျင်းပတဲ့ ရွှေတိဂုံအလယ်ပစ္စယံညီလာခံမှာ ဆုံးဖြတ်ချက် အမှတ်(၆)အရ ဗမာမွတ်စလင်ကို တိုင်းရင်းသားအဖြစ် ထပ်ဆင့်အတည်ပြုထားတယ်။

သို့သော် ဗမာလုပ်မလား။ ဗမာမွတ်စလင်(ပသီ) သီးခြားလုပ်မလားဆိုပြီး ၁၉၄၆ခု ဒီဇင်္ဘာမှာ ကျင်းပတဲ့ ဗမာမွတ်စလင်ကွန်ဂရက်မှာ ဆွေးနွေးပြီး မဲခွဲကြတယ်။ မဲတူနေတဲ့အတွက် သဘာပတိ ဦးရာဇတ်ရဲ့ သဘာပတိမဲအရ ဗမာလူမျိုးအဖြစ် ခံယူမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ကန့်ကွက်မဲ တစ်ဝက်အင်အားရှိတဲ့ အုပ်စုက ဗမာလူမျိုးကို လက်မခံဘဲ ပသီအဖြစ်ခံယူမယ်လို့ ကြေငြာခဲ့တယ်။

ဒိနောက် ပသီလှုပ်ရှားမှု ဖြစ်ပေါ်ခဲ့သလို မြန်မာ(ဗမာ)ကို မြန်မာ(ဗမာ)က သိရေးဆိုပြီး မြန်မာမွတ်စလင်တွေက ငါတို့က မြန်မာဖြစ်တယ်။ ငါတို့ကို အခြားမြန်မာတွေ သိကြပါစေ၊ လက်ခံကြပါစေဆိုပြီး မြန်မာဖြစ်ရေး လှုပ်ရှားမှုကြီးတစ်ခု ပေါ်ပေါက်ခဲ့တယ်။ အဲဒီလှုပ်ရှားမှုရဲ့ ထင်ရှားတက်ကြွတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးညီညီက မသေခင်မှာ စိတ်ပျက်လက်ပျက် ပြောသွားတဲ့စကားတစ်ခွန်းက “ဦးလေးက နောက်ဆုံးတော့ ကုလားကြီးပါကွာ”တဲ့။ ဒီစကားမျိုးကိုဘဲ ထပ်တူအတိအကျ ကွယ်လွန်သူ သံအမတ်ကြီးဟောင်းနှင့် ပင်လုံပိသုကာတစ်ဦးဖြစ်သူ ဦးဖေခင်ကလည်း ရင်နာနာနဲ့ ပြောသွားခဲ့တယ်။

၁၉၅၄မှာ ဦးနုက မြန်မာမွတ်စလင်ဆိုတာ ဘာသာရေးနဲ့ လူမျိုးအမည်တွဲနေလို့ မသင့်တော်ဘူး။ ခင်ဗျားတို့ဟာ တိုင်းရင်းသား မြန်မာတွေဖြစ်တယ်။ မြန်မာမွတ်စလင်လူမျိုးကို မသုံးကြပါနဲ့။ မြန်မာမွတ်စလင်ဆိုပြီး အဖွဲ့အစည်းတွေလည်း မလုပ်ကြပါနဲ့ဆိုပြီး တားမြစ်ပါတယ်။ ဦးနုပြောတာ မှန်ပါတယ်။

အဲဒီအခါမှာ မြန်မာကို မြန်မာကသိရေးဆိုပြီး ကိုယ့်ကိုကိုယ် မြန်မာကြေငြာနေသူတွေလည်း ကုလားဘဲ အခေါ်ခံနေရလို့ စိတ်ပျက်လက်ပျက် ဖြစ်နေကြပြီ။ သမိုင်းအထောက်အထားတွေလည်း ရှိနေတဲ့ ပသီအမည်ကိုဘဲ လွတ်လွတ်ကျွတ်ကျွတ် သီးသီးသန့်သန့် ခံယူမှဖြစ်မယ်ဆိုပြီး ပသီလှုပ်ရှားမှုကလည်း အတော်လည်း အရှိန်ရနေပြီဖြစ်တယ်။

သို့သော် ၁၉၆၂ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အဖွဲ့အစည်းတွေ၊ လှုပ်ရှားမှုတွေအားလုံး ရပ်တန့်ကုန်တော့ ပသီနိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေလည်း အခြားအဖွဲ့အစည်းတွေလို တစ်ခဏန်းရပ်ခဲ့ရတယ်။

ကံဆိုးချင်တော့ ဖအေ၊ မအေ၊ အဖိုး၊ အဖွား၊ အဘီ၊ အဘင်ကအစ ရာခိုင်နှုံးပြည့် တရုပ်စစ်စစ်ကြီး ဗိုလ်နေဝင်းက သူ့ကိုယ်သူ ကနောင်မင်းသားက ဆင်းသက်လာတာပါဆိုပြီး မွတ်စလင်တွေကို စကတည်းက နှိမ်ခဲ့တာ ၁၉၈၂ နိုင်ငံသားဥပဒေ ပြဌာန်းပြီးနောက်ပိုင်းမှာတော့ မြန်မာပြည်မှာ မွတ်စလင်ဖိနှိပ်မှု အထွဋ်အထိပ်ရောက်ခဲ့တယ်။

အခုအခြေအနေကိုတော့ အထူးရေးမနေတော့ဘူး။ အားလုံးသိနေကြတယ်။ ဦးခင်ရီကလည်း ကျနော်တို့ကို တိုင်းရင်းသား လူမျိုး (၁၃၅)မျိုးမှာ မပါဘူးဆိုတဲ့အတွက် ပသီလည်း မဟုတ်တော့ဘူး။ မြန်မာမွတ်စလင်လည်း မဟုတ်တော့ဘူး။ ကျိုလီယာ၊ ပထန်၊ မေမန်၊ ပန်းသေး၊ မြေဒူး၊ ပသျှူး၊ စူရတီလည်း မဟုတ်တော့ဘူး။ ကုလားနဲ့ ဗမာနဲ့ပေါင်းတဲ့ ကုဗလူမျိုးလည်း မဟုတ်၊ လားမားလူမျိုးလည်း မဟုတ်တော့ဘူး။ လူမျိုးနာမည်က “အခြား” လူမျိုးဖြစ်သွားပြီ။

ကိုင်း၊ ၂၀၁၄ သန်းခေါင်စာရင်းမှာ ဘယ်လိုဖြည့်မလဲ။

အိန္ဒိယ+မြန်မာ+ဘင်္ဂါလီ+ ရှမ်း+ မွန်+ကရင်+ ဆိုပြီး မှတ်ပုံတင်ထဲမှာ ရှိတဲ့အတိုင်း ရေးထဲ့ရင်လည်း အခြားလူမျိုးဘဲ။ ကျိုလီယာ၊ စူရတီဆိုရင်လည်း အခြားလူမျိုးဘဲ။ ပသီ၊ မြန်မာမွတ်စလင် ဆိုရင်လည်း အခြားလူမျိုးဘဲ။

ရွှေမန်းတင်မောင်ရဲ့ ဘုရားအလောင်း လေးတော်တင်ခဏ်းဇာတ်ထဲက အမတ်ကြီးပြောသလို ဒေဝဒဟသွားရင်လည်း ဟိုကျ အသတ်ခံရမှာဘဲ။ မသွားဘူး ငြင်းရင်လည်း ဒီမှာ အသတ်ခံရမှာဘဲ။ အသတ်ခံရတာချင်း အတူတူ ခြေညောင်း မခံတော့ဘူးဟေ့။ မသွားဘူး။ ဒီမှာဘဲ အသတ်ခံတော့မယ်ဆိုတဲ့ ကိန်းဆိုက်နေပြီ။

အကြောင်းကြောင်းကြောင့် မိမိဖြည့်ချင်ရာ လူမျိုးအမည်ကို ဖြည့်ချင်သူများ ဖြည့်နိုင်ကြပါတယ်။ ကျနော်တို့မှာ တိုက်တွန်းခွင့်များ ရှိတယ်ဆိုရင်ဖြင့် ပသီဆိုတဲ့ အမည်ကို ဖြည့်ကြပါ။

သန်းခေါင်းစာရင်းကိစ္စအပေါ် ဆန္ဒမစေားစေချင်ပါ။

၂၀၁၄ခုနှစ် သန်းခေါင်စာရင်း ကိစ္စနဲ့ပါတ်သတ်ပြီး ညီနောင်မွတ်စလင်မ်တွေ ဆန္ဒမစောကြဖို့တိုက် တွန်းချင်ပါတယ်။ လက်ရှိအချိန်မှာ ကျွန်တော်တို့ရဲ့ ရေးသာတင်ပြချက်တွေဟာ ညီနောင်တို့အတွက် စိတ်ဓါတ်တည်ဆောက်ရေး အပိုင်းကိုသာ နှိုးဆွပေးနေခြင်းသာဖြစ် ပါတယ်။ မိမိတို့အနေဖြင့် ဆန္ဒစေားနေခြင်းမဟုတ်ပါ။ ၂၀၁၄ခုနှစ် သန်းခေါင်းစာရင်းကိစ္စမှာ ပြည်တွင်းမှာကော၊ ပြည်ပမှာပါ လုပ်ရှားမှု တွေ ဖြစ်နေပါတယ်။ပြည်တွင်းမှာက သိုသိုသိပ်သိပ်လှုပ်ရှားနေကြသလို ပြည်ပမှာတော့ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားနေကြပါတယ်။ ပြည်တွင်းပြည်ပလှုပ်ရှားမှုတွေရှိနေကြတယ် ဆိုတာ သေချာကြည့်တက်ရင် မြင်နိုင်ပါတယ်။အားလုံးဟာ ကျွန်တော်တို့ထက်ပင် သောက ရှိစွာ အလုပ်လုပ်နေကြပါတယ်။

အသံတူညီဖို့ရာ ၂၀၁၄မှာ ပသီဟုသာခေါ်သင့်တာ အကြံပြုတာပါ။



(၁)-၂၀၁၄ခုနှစ် မတ်လ(၃၁)မှ ဧပြည်လ (၁၀)ရက်နေ့အထိ ကောက်ယူမဲ့ သန်းခေါင် စာရင်းအတွက် ယခုအချိန်အထိ ကျွန်တော်တို့ ငြင်ငုံနေမှုမှ အခြား ဘားမှဖြစ် မလာသေးပါဘူး။နောက်ထပ် (၅)လလောက်ပဲ အချိန်ရှိတော့တဲ့ သန်းခေါင်စာရင်းကိစ္စ အတွက် အမှန်တကယ်ရင် လေးမိတယ်။ ယနေ့တွေ့ကြုံနေရတဲ့ အခတ်အခဲတစ်ခုက ကျွန်တော်တို့ အချင်းချင်းအကြား မှာ အမြင်မတူမှုတွေရှိနေကြတယ်။ သဘော ထားတိုက်ဆိုင်မှုတွေ မရှိ တာကြောင့် သန်းခေါင်စာရင်းကိစ္စဟာ ယနေ့အချိန်အထိ စကားရည်လုနေ တာကလွဲလို့ ဘားမှ ထူးထူး ခြားခြား ဖြစ်မလာသေးပါဘူး။ ဒါဟာ ကျွန်တော် အပါအ၀င် ညီနောင်တွေရဲ့ အားနည်းချက်တစ်ခုကို သတိမူစေချင်တဲ့ သဘော နဲ့ တင်ပြဆွေးနွေး တာပါ။